မိုးရာသီစချိန်အတွင်း သီအိုကရက်တစ်ရေးရာဘက် အကျိုးအများဆုံးရရှိခြင်း
၁ အနာဂတ်အတွက် အသင့်ပြင်ဆင်ထားသူများ အနာဂတ်ကိုပိုင်သည်ဟု ဆိုလေ့ရှိသည်။ ကျွန်ုပ်တို့အချိန်အသုံးပြုပုံမှ ဖြစ်မြောက်အောင်မြင်သည်ဟု ကျေနပ်သောသဘောရရှိနိုင်ရန် ကြိုတင်စီစဉ်ထားရန်လိုအပ်သည်။ ဇွန်လမှစ မိုးရာသီဝင်လာ၍ ကျောင်းများ၊ ကောလိပ်များစဖွင့်မည်။ လယ်သမားများလည်း လယ်တောတွင် လုပ်ငန်းစကြပေမည်။
၂ ဤလုပ်ငန်းအသီးသီးတို့သည် ကျွန်ုပ်တို့ဘုရားသခင့်အမှုတော်ဆောင်ရွက်ခြင်းအတွက် အနှောင့်အယှက်ဖြစ်သင့်သလော။ မဖြစ်သင့်။ ထိုကြောင့် ကျွန်ုပ်တို့၏မြင့်မြတ်သောလုပ်ငန်းတော်ကို အနှောင့်အယှက်မရှိ လုပ်ကိုင်နိုင်ရန် အသင့်ပြင်ဆင်ထားကြစို့။ တစ်အိမ်ထောင်လုံး မှန်မှန်အမှုဆောင်ထွက်နိုင်ရန်၊ စည်းဝေးတိုင်းကို မပျက်မကွက်တက်ရောက်နိုင်ရန် လိုက်နာနိုင်သည့်အစီအစဉ်ဇယားရေးဆွဲထားပါ။ ယောက်စီယောက်တိုင်း လစဉ်လယ်ကွင်းလုပ်ငန်းမှတ်တမ်းကောင်းသွင်းနိုင်ရန် ဂရုပြုပါ။
၃ အသင်းတော်ရှိသူတိုင်း အမှုဆောင်ထွက်ပြီးသားဖြစ်မဖြစ် အကြီးအကဲများသတိပြုသင့်သည်။ မိုးသည်းထန်ခြင်း သို့မဟုတ် အခြားအခက်အခဲကြောင့် အမှုဆောင်ထွက်ရန်ပျက်ကွက်သူအချို့ရှိလျှင် နောက်တစ်ပတ်တွင် သူတို့အတတ်နိုင်ဆုံးအမှုဆောင်နာရီ အနည်းငယ်သွင်းဖြစ်ရန် ကြီးကြပ်ပေးပါ။ ပထမအပတ်မှစ၍ လ၏နောက်ဆုံးအပတ်အထိ ဤသို့ဂရုပြုနေပါ။ လကုန်မှ ထိုသို့ပြုရန်မဟုတ်ပါ။ ကျွန်ုပ်တို့အချိန်ကို သီအိုကရက်တစ်နည်းအရ အကောင်းဆုံးအသုံးပြုနိုင်ရန် အခြားအဘယ်အစီအစဉ်များပြုလုပ်နိုင်သေးသနည်း။
၄ မတ်လ ၃၀ ရက်နေ့တွင် စိတ်ဝင်စားခါစလူသစ်အမြောက်အမြား သတိရအောက်မေ့ပွဲကိုတက်ရောက်ခဲ့သည်။ သူတို့၏ဝိညာဏတိုးတက်မှုမှာ ကျွန်ုပ်တို့ထံမှရရှိသောအကူအညီပေါ်အခြေပြုသည်။ ပတ်စဉ်စည်းဝေးအားလုံးနှင့်ခရိုင်စည်းဝေးပွဲကိုတက်ခြင်းကား သူတို့အတွက်ကောင်းချီးဖြစ်စေပေမည်။ စည်းဝေးများတက်ခြင်းမှ ရရှိသောဝိညာဏအကျိုးကျေးဇူးများကို သတိပြုစေပါ။
၅ ထိုကြောင့် မိုးမသည်းထန်မီ အလုပ်များများလုပ်ကိုင်ကြစို့။ နေသာချိန်တွင် ‘ကျွန်ုပ်တို့အတွက်အချိန်ကိုရွေးနှုတ်’ ခြင်းဖြင့် ပညာရှိရှိပြုမူကျင့်ကြံကြစို့။ (ဧ၊ ၅:၁၅၊ ၁၆) ယေဟောဝါ၏လုပ်ငန်းတော်တွင် နစ်မွန်းနေစေရန်အစီအစဉ်များသည် ကျွန်ုပ်တို့နှင့်သူတစ်ပါးအတွက် ကောင်းချီးများစွာဖြစ်စေပေမည်။—၁ တိ၊ ၄:၁၅၊ ၁၆။