သီအိုကရက်တစ်သတင်
◆ ဟန်ဂေရီတွင် ကြေညာသူနှုန်းသစ် ၁၁,၂၅၇ ယောက်ရှိသည်။ လွန်ခဲ့သောနှစ်ကကျမ်းစာသင်အံမှုအရေအတွက် ၅,၄၀၀ မှ ၇,၂၁၉ ခုသို့တိုးတက်ခဲ့သည်။
◆ အစ္စရေးလ်နိုင်ငံတွင် စစ်ပွဲအတွင်း ညီအစ်ကိုအချို့၏အိမ်များပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ တစ်ယောက်မျှမရှိပါ။
◆ လိုင်ဘီးရီးယား (Liberia) နိုင်ငံအချို့နေရာများတွင် အသင်းတော်ကြေညာသူများသည် အခက်အခဲများကြား လယ်ကွင်းလုပ်ငန်း၌ ပျမ်းမျှနာရီ ၂၀ ကျော်မှတ်တမ်းသွင်းနေကြသည်။ ကုတ်ဒီဗွား (Cote d’lvoire) နှင့် စီအဲရာလီရောန် (Sierra Leone) ဌာနခွဲများမှ မေတ္တာပါထောက်ပံ့ကူညီမှုများ ရောက်ရှိနေသည်။
◆ နီကာရာဂွာရှိ ညီအစ်ကိုများသည် မာနဂွာမြို့ အားကစားကွင်းကြီးတစ်ခုတွင် ကိုးနှစ်အတွင်း ပထမအကြိမ်စည်းဝေးနိုင်ခွင့်ရရှိခဲ့သည်။ အများဆုံးတက်ရောက်သူအရေအတွက်မှာ ၁၁,၄၀၄ ယောက်ဖြစ်၍ နှစ်ခြင်းခံသူ ၂၈၃ ယောက်ရှိခဲ့သည်။
◆ တဟီတီ(Tahiti)ကျွန်းတွင် ၃၉ ကြိမ်မြောက်၊ ဆက်တိုက်ကြေညာသူနှုန်းသစ် ၁,၂၂၂ ယောက်သည် ၁၂ ရာခိုင်နှုန်းတိုးတက်မှုကို ဇန်နဝါရီလတွင် မှတ်တမ်းသွင်းခဲ့သည်။