ကျွန်ုပ်တို့၏သြဂုတ်လလုပ်ငန်းတော်မှတ်တမ်း
၁ ဩဂုတ်လတွင် ကျွန်ုပ်တို့အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။ ၁၉၉၁ ခုအမှုဆောင်နှစ်ကို ကြီးမားသောတိုးတက်မှုဖြင့် ကျွန်ုပ်တို့အဆုံးသတ်နိုင်ခဲ့သည်အမှန်။ ယခင်နှစ်ကပျမ်းမျှထက် ၁၄ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည့် အများဆုံးကြေညာသူအရေအတွက် ၁,၉၀၁ ယောက်ရရှိခဲ့သည်။
၂ ကြေညာသူအရေအတွက်အပြင် အမှုဆောင်နာရီ၊ ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုတို့တွင်လည်း အများဆုံးရရှိခဲ့သည်။ ဩဂုတ်လတွင် ကြေညာသူအားလုံး ၄၂,၄၉၉ နာရီအသုံးပြုခဲ့သည်။ ယေဟောဝါကိုကျယ်လောင်သောချီးမွမ်းထောမနာပြုခြင်းပါတကား။ ဤနာရီများမှ အချို့ကိုကျမ်းစာစိတ်ဝင်စားသူများထံ ပြန်လည်ပတ်ရာတွင် အသုံးပြုခဲ့သည်။ ဩဂုတ်လအတွင်း ပြန်လည်ပတ်မှုပေါင်း ၁၅,၄၅၅ ခုပြုလုပ်ခဲ့သည်။ စိတ်ဝင်စားသူတို့ကို အကြိမ်ကြိမ်ပြန်လည်ပတ်ခြင်း၏အကျိုးကား ကျမ်းစာသင်အံမှုတိုးများရရှိခြင်းဖြစ်သည်။ ထိုကြောင့်သြဂုတ်လတွင် အများဆုံးကျမ်းစာသင်အံမှုအရေအတွက်ဖြစ်သည့် ၁,၈၈၉ ခုကိုရရှိခဲ့သည်။ ယင်းကဇူလိုင်လထက် ၁၆၉ ခုတိုးများလာခြင်းဖြစ်သည်။ ယင်းတို့ထဲမှဘယ်နှစ်ဦးသည် သမ္မာတရားလမ်းပေါ်ရပ်တည်လာမည်နည်း။ အချိန်ကအဖြေပေးမည်ဖြစ်သည်။ သို့သော်ကျွန်ုပ်တို့ကြိုးစားအားထုတ်ပါမှ ယေဟောဝါလည်းကူညီမည်ဖြစ်သည်။
၃ လယ်ကွင်းလုပ်ငန်းတွင် ကြေညာသူတစ်ဦးစီ၏ပျမ်းမျှနာရီ ၇.၅ ရှိသည်။ အနည်းငယ်တိုးတက်မှုဖြစ်သည်။ ကြေညာသူတစ်ဦးစီသည် တစ်အိမ်တက်ဆင်းလုပ်ငန်းတွင် ၂ နာရီ၊ လည်ပတ်မှုနှင့်သင်အံမှုများတွင် ၁ နာရီပါဝင်ပါက တစ်ပတ်လျှင် ၃ နာရီရမည်။ တစ်လလျှင် ၁၂ နာရီရမည်။ ဗျာဒိတ် ၇:၁၀ တွင် တမန်တော်ယောဟန်က ‘လူအုပ်ကြီး’ ကိုမြင်ပြီး “ဘုရားသခင်နှင့်သိုးသူငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိစေသတည်းဟု ကြီးသောအသံနှင့်ကြွေးကြော်ကြ၏” ဟုဖော်ပြထားကြောင်းသတိရပါ။ တစ်လလျှင် နာရီအနည်းငယ်သာမှတ်တမ်းသွင်းခြင်းသည် “ကြီးသောအသံ” နှင့်ကြွေးကြော်ခြင်းမဟုတ်ပါ။ ထို့ကြောင့် နောက်တစ်ကြိမ်လုပ်ရန်မလိုတော့သည် ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ကြိုးစားအားထုတ်ပါဝင်ကြစို့။
၄ ဩဂုတ်လတွင် အရန်နှင့်မှန်မှန်ရှေ့ဆောင်များ ကောင်းမွန်စွာလုပ်ဆောင်ခဲ့ကြသည်။ မှန်မှန်ရှေ့ဆောင်များ ပျမ်းမျှနာရီ ၉၁.၇ နှင့် အရန်ရှေ့ဆောင်များ ပျမ်းမျှနာရီ ၆၆.၄ ရခဲ့သည်။ မိမိတို့၏ကိုတာထက် အနည်းငယ်ပိုကြသည်။ သို့သော် အထူးရှေ့ဆောင်တို့၏ပျမ်းမျှနာရီမှာ ၁၃၅.၆ သာဖြစ်သည်။ မိမိတို့၏ကိုတာထက် ပျမ်းမျှ ၄.၄ နာရီလျော့နေသည်။ ထို့ကြောင့် အထူးရှေ့ဆောင်များပိုကြိုးစားဖို့လိုသည်။ ဒီဇင်ဘာလတွင် သူတို့ကြိုးစားကြပါစေ။
၅ ဒီဇင်ဘာလမှတ်တမ်းကို အကောင်းဆုံးဖြစ်စေပြီး ကြေညာသူ ၁,၉၀၁ ဦးဖြစ်သောသြဂုတ်လမှတ်တမ်းကိုကျော်သွားအောင်ကြိုးစားကြစို့။ အသင်းတော်တစ်ခုစီသည် ဩဂုတ်လကြေညာသူအရေအတွက်ထက် တစ်ဦးပိုမှတ်တမ်းသွင်းပါက ကျွန်ုပ်တို့ကြေညာသူ ၂,၀၀၀ ကျော်သွားပါမည်။ ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုကို ယေဟောဝါကောင်းချီးပေးပါစေ။ တိုးတက်ခြင်းသည် ကျွန်ုပ်တို့၏မေတ္တာရှင်ယေဟောဝါကိုပိုမိုချီးမွမ်းဂုဏ်တင်ရာရောက်ပါစေ။