ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၉၂ စာ. ၁-၅
  • သင်အရန်ရှေ့ဆောင်နိုင်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်အရန်ရှေ့ဆောင်နိုင်သလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • လုပ်ငန်းတော်နှစ်သစ်အတွက်မွန်မြတ်သောပန်းတိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ယေဟောဝါ၏ဂုဏ်ကျေးဇူးများကို ဖော်ပြလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ကျွန်ုပ်တို့ ထပ်မံလုပ်ဆောင်ကြမည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၃/၉၂ စာ. ၁-၅

သင်အရန်ရှေ့ဆောင်နိုင်သလော

၁ ဓမ္မအမှုတွင် လွတ်လပ်စွာပါဝင်နိုင်ရန် မိမိတပည့်နောက်လိုက်များကို ယေရှုအားပေးခဲ့သည်။ ဤလမ်းစဉ်ကိုလိုက်လျှောက်ခြင်းသည် ပျော်ရွှင်မှုရရှိစေမည်သာမက ဝိညာဏကောင်းချီးများစွာပေးလိမ့်မည်ဟု ကိုယ်တော်အာမခံသည်။ (မ၊ ၁၀:၈ခ။ တ၊ ၂၀:၃၅) လွန်ခဲ့သောမတ်လက အရန်ရှေ့ဆောင်များအဖြစ် တိုး၍အမှုဆောင်ကြခြင်း၏ပျော်ရွှင်မှုများကို လူပေါင်း ၉၈ ယောက်ခံစားခဲ့ရသည်။ ဤနှစ်ဧပြီလတွင် အရန်ရှေ့ဆောင်ခြင်းအားဖြင့် ယင်းကောင်းချီးများကိုခံစားနိုင်ကြမည်လော။​—ဆာ၊ ၃၄:၈။

၂ သင့်အခြေအနေကို သုံးသပ်ခြင်း။ အောက်ပါတွေ့ကြုံမှုများကိုသုံးသပ်ရာတွင် ဤသို့မေးမြန်းပါ။ ‘ဤပုံသက်သေများတွင် ကိုယ့်ကိုယ်ကိုမြင်ယောင်မိသလော။ အရန်ရှေ့ဆောင်နိုင်ရန် လမ်းပွင့်လာဖို့အတွက် လိုအပ်သလို မည်သို့စီစဉ်နိုင်မည်နည်း။

၃ သားသမီးငါးယောက်ရှိပြီး ဝမ်းစာရှာရသောညီအစ်မတစ်ဦးသည် အရန်ရှေ့ဆောင်နိုင်ခဲ့သည်။ အဘယ်အကျိုးရရှိခဲ့သနည်း။ သူမ၏ခင်ပွန်းနှင့်သားသမီးများသည် များစွာထောက်ကူပေးခဲ့သည်။ ညီအစ်မ၏ကောင်းသောပုံသက်သေအားဖြင့် နောက်လ၌ပင် လင်ယောက်ျားဖြစ်သူသည် နှစ်ခြင်းမယူရသေးသော ကြေညာသူတစ်ဦးဖြစ်လာလေသည်။

၄ အသင်းတော်တစ်ခုတွင် လတစ်လအတွင်း ရှိသမျှအကြီးအကဲနှင့် ဓမ္မအမှုထမ်းများသည် အရန်ရှေ့ဆောင်ခဲ့ကြသည်။ သူတို့အများမှာ ဝမ်းစာရှာလုပ်ငန်းလုပ်ကိုင်ရသော်လည်း စနေတနင်္ဂနွေရက်များတွင် ဝိညာဉ်ရေးလုပ်ငန်းများနှင့် များစွာအလုပ်များလျက်နေကြသည်။ ဟောပြောခြင်းလုပ်ငန်းနှင့် လယ်ကွင်းလုပ်ငန်းစီစဉ်ပေးမှုဘက် သူတို့ကောင်းစွာဦးဆောင်ခဲ့ကြခြင်းကြောင့် အသင်းတော်တစ်ခုလုံး အကျိုးများစွာခံစားခဲ့ရသည်။ ကြေညာသူ ၇၇ ယောက်အနက် ၇၃ ဦးသည် ထိုလအတွင်း ရှေ့ဆောင်လုပ်ငန်း၌ပါဝင်ခဲ့သည်။

၅ ၁၅ နှစ်အရွယ်ကျောင်းသူမလေးတစ်ဦးသည် နှစ်ပတ်ကျောင်းပိတ်ချိန်ကို အရန်ရှေ့ဆောင်ခြင်းအတွက်အသုံးပြုခဲ့ရာ သူမဤသို့ဆိုသည်။ “ထူးခြားချက်ကို ကျွန်မမြင်တယ်။ အထူးသဖြင့် စကားအပြန်အလှန်ပြောဆိုပုံမှာ တိုးတက်လာတယ်။ အိမ်ပေါက်ဝတွင် လူများစွာနဲ့ စကားစမြည်ပြောဆိုတတ်လာတယ်။”

၆ ဝမ်းစာရှာလုပ်ငန်းကိုရပ်နားပြီးသည့် အငြိမ်းစားတို့သည် နိုင်ငံတော်မှုရေးကိစ္စများကိုလုပ်ဆောင်ရန် အခွင့်ကောင်းများစွာရရှိကြသည်။ လင်ယောက်ျားဖြစ်သူသေဆုံးပြီးနောက် ၈၄ နှစ်အရွယ်ရှိ ညီအစ်မတစ်ဦး ဤသို့ရေးသည်။ “ကျွန်မသားသမီးအားလုံး ကြီးကုန်ကြပြီ၊ အိမ်ထောင်သည်များဖြစ်နေကြပြီ။ ကျွန်မကို သူတို့ပစ်ပယ်ထားကြသည်မဟုတ်သော်လည်း သူတို့လာလည်ပတ်ရုံနှင့် ကျွန်မဆုံးရှုံးမှု၊ အထီးကျန်စိတ်ကို မဖြေသိမ့်ပေးနိုင်ပါ။ ဒါနဲ့အသင်းတော်မှ အကြီးအကဲတစ်ဦးက အရန်ရှေ့ဆောင်ကြည့်ဖို့ အကြံပေးတယ်။ အစတော့ အင်တင်တင်ဖြစ်ခဲ့သော်လည်း နောက်ဆုံးစမ်းကြည့်ရန် စိတ်ဆုံးဖြတ်လိုက်တယ်။ ပျော်လိုက်တာ။ ဒီအသက်အရွယ်အထိ ကျွန်မကို ယေဟောဝါအသက်ရှင်ခွင့်ပေးထားတာ အရန်ရှေ့ဆောင်တဲ့အခွင့်ကို ခံစားစေချင်လို့ဘဲဖြစ်မယ်လို့ ယူဆမိတယ်။ အဲ့ဒီကတည်းက လတိုင်းအရန်ရှေ့ဆောင်ခဲ့ပါတယ်။”

၇ ခြံမြေအိမ်ပွဲစားလုပ်သူ ညီအစ်ကိုတစ်ဦးသည် ရှေ့ဆောင်နိုင်ရန်အချိန်ရဖို့ အိမ်များပြသသည့်အချိန်ကို ပြုပြင်စီစဉ်လိုက်ပါသည်။ ဤသို့တိုး၍လုပ်ဆောင်နိုင်ရန် အခြားသူတို့လည်း မိမိတို့အလုပ်ချိန်ကို ပြုပြင်ပြောင်းလဲခဲ့ကြပြီ။

၈ ယခုပင်စီစဉ်ပါ။ ဧပြီလတွင် အရန်ရှေ့ဆောင်ရန် ယခုကတည်းက လက်တွေ့ကျအစီအစဉ်များကို ပြုလုပ်ထားပါ။ အောင်မြင်ကြရန် အသေအချာစီစဉ်ဖို့လိုသည်။ ယင်းသို့ပြုရန်လိုကြောင်း အိမ်ထောင်တာဝန်များရှိသူတို့၊ အချိန်ပြည့်လုပ်ငန်းရှိသူတို့၊ အခြားကျမ်းပေးတာဝန်များရှိသူတို့ပင် အရန်ရှေ့ဆောင်နိုင်သည်ကိုထောက်ရှုသော် ထင်ရှားပါသည်။ ရှေ့ဆောင်လုပ်ငန်းတွင် အောင်မြင်နေသူများအား စကားစမြည်ပြောဆိုကြည့်ပါ။ ယေဟောဝါထံဆုတောင်းကာ အကူအညီတောင်းဆိုပါ။​—ဟေရှာ၊ ၄၀:၂၉-၃၁။ ယာ၊ ၁:၅။

၉ အရန်ရှေ့ဆောင်ဖို့ မိမိတို့ကိစ္စများကိုစီစဉ်ကြသူများသည် အမှန်ရွှင်လန်းဝမ်းမြောက်နိုင်ကြပါသည်။ အသင်သည် အချိန်ပြည့်လုပ်ငန်း၌ မပါဝင်ရသေးလျှင် ဤအခွင့်အရေးကို လက်လှမ်းယူနိုင်ပါမည်လော။ သူတစ်ပါးအားသတင်းကောင်း ဟောပြောခြင်းအခွင့်အရေးကို ကြိုးစားရှာလုပ်ကိုင်မည်ဆိုလျှင် သင့်အပေါ်ကြွယ်ဝသောကောင်းချီးများကို ယေဟောဝါသွန်းလောင်းပေးတော်မူမည်အမှန်။​—မာလ၊ ၃:၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ