ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၂ စာ. ၁-၄
  • ကြားနာလိုသူအားလုံးထံ ရောက်ရှိခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြားနာလိုသူအားလုံးထံ ရောက်ရှိခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၇/၉၂ စာ. ၁-၄

ကြားနာလိုသူအားလုံးထံ ရောက်ရှိခြင်း

၁ နောက်ဆုံးကာလတွင် ကြီးမားသောဟောပြောခြင်းလုပ်ငန်းကို ထမ်းဆောင်လိမ့်မည်အကြောင်း ယေရှုကြိုတင်ဟောထားသည်။ (မာ၊ ၁၃:၁၀) ဤကဲ့သို့သော ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းသည် ဘုရားသခင့်နိုင်ငံတော်တန်ခိုးနှင့်ယေရှုရောက်ရှိနေခြင်း၏ ပုပ္ပနိမိတ်အဝင်ဖြစ်သည်။ (မ၊ ၂၄:၃၊ ၁၄) ဖြောင့်မတ်ခြင်းတရားမြတ်နိုးသူတို့ကို ယေဟောဝါနှင့်လျောက်ပတ်သောဆက်ဆံမှုရှိစေရန် ယနေ့ ဘုရားသခင့်ကျေးကျွန်အကြီးအငယ်အားလုံး သမ္မာတရားကိုကြေညာကြရာတွင် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းသည် လျင်မြန်လာနေသည်ကို တွေ့ရှိရ၏။ (ဟေရှာ၊ ၆၀:၂၂) ဘုရားသခင့်နိုင်ငံတော်သတင်းအားဖြင့် ဆိုးသွမ်းမှုကို ဘုရားသခင်တရားစီရင်တော့မည်အကြောင်း လူဆိုးတို့အားသတိပေးနေခြင်းလည်းဖြစ်သည်။

၂ ပထမရာစုခရစ်ယာန်ဓမ္မအမှုဆောင်များနှင့်တမန်တော်များ၏ ထိရောက်သောဟောပြောနည်းများကို သမ္မာကျမ်းစာကကျွန်ုပ်တို့အား ထိုးထွင်းသိရှိစေသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းအကြောင်းကို လူအများစုဝေးရာအရပ်နှင့်တစ်အိမ်မှတစ်အိမ် ဇွဲလုံ့လဖြင့် ဟောပြောကြသည်။ (မ၊ ၁၀:၇။ တ၊ ၂၀:၂၀၊ ၂၁) ယေရှုနည်းတူ သူတို့လည်း လူတို့ထံအရောက်သွားကြသည်။ ကိုယ်တော်မှာကြားခဲ့သည်အတိုင်း ရိုးသားသောနှလုံးရှိသူတို့ကို ‘ရှာဖွေ’ ကြသည်။ ဤကြားထိုက်သူများကို သူတို့အထူးဂရုစိုက်ပြီး ဘုရားသခင့်နည်းလမ်းများကိုလည်း သွန်သင်ပေးကြသည်။ (မ၊ ၁၀:၁၁။ ၂၈:၁၉၊ ၂၀) ထိုကြောင့် သူတို့၏လုပ်ငန်းကို ယေဟောဝါကောင်းချီးပေးပြီး အောင်မြင်စေတော်မူသည်။​—ကော၊ ၁:၁၆၊ ၂၃။

၃ ဘုရားပေးလုပ်ငန်းအပေါ်၊ အခြားသူများအပေါ် ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များ၏စိတ်ထားကိုလည်း သမ္မာကျမ်းစာဖော်ပြပါသည်။ ကျွန်ုပ်တို့ဓမ္မအမှုတွင် အောင်မြင်မှုတွေ့လိုပါက သူတို့၏ပုံသက်သေကိုအတုယူကြရမည်။ ဘုရားသခင်အပ်နှင်းထားသည့်လုပ်ငန်းအပေါ် ယေရှုအလွန်စိတ်ဝင်စားပြီး၊ အောင်မြင်ရန်လည်း အစွမ်းကုန်ကြိုးစားခဲ့သည်။ (ယော၊ ၄:၃၄) သမ္မာတရားကိုလည်း သိရှိ၍ လူတို့၏နှလုံးကိုထိမိဖို့ရန် အကောင်းဆုံးကျမ်းချက်ကိုရှာဖွေ၍ ကိုးကားတင်ပြနိုင်သည်။ (လု၊ ၄:၁၇၊ ၁၈) တမန်တော်များလည်း ထပ်တူပင်ပြုတော်မူခဲ့သည်။ ကျမ်းစာကို စေ့ငစွာလေ့လာဆင်ခြင်ခဲ့သောကြောင့် သမ္မာတရားကိုကောင်းစွာသိရှိရုံမက သူတို့နှလုံးအတွင်းရှိစေ၏။​—တ၊ ၂:၁၆-၂၁၊ ၂၅-၂၈။

၄ သမ္မာတရားကို ကျွန်ုပ်တို့လည်းကောင်းစွာသိရှိကြပါသလော။ ကျမ်းစာကိုနေ့စဉ်လေ့လာကြသလော။ သက်သေခံသည့်အခါ လူတို့၏နှလုံးကိုထိမိနိုင်ရန် မိမိဟောပြောနေသောသတင်းတရားကို ကိုယ်တိုင်ကောင်းစွာသဘောပေါက်ထားပါသလော။ ရပ်ကွက်ရှိသူများအား စာပေများကိုမဝေငှမီ ယင်းတို့ကိုရရှိသည်နှင့် ကိုယ်တိုင်ဖတ်ရှုလေ့လာပါသလော။ ယေရှုက “သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။” (ယော၊ ၈:၃၁၊ ၃၂) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေ့လာဆင်ခြင်သုံးသပ်ခြင်းမရှိလျှင် သမ္မာတရားကိုသိရှိပြီး ထိုတွင်မည်သို့တည်နိုင်မည်နည်း။ သမ္မာကျမ်းစာအပြင် ဘုရားသခင့်အဖွဲ့အစည်းမှရရှိသော အခြားစာပေစာတမ်းများကို ဖတ်ရှုလေ့လာရမည်။ သိုးကဲ့သို့သောသူများ၏နှလုံးကိုထိမိကာ သူတို့အားသမ္မာတရားကိုတွေ့ရှိစေရန် ယင်းစာပေများအသုံးပြု၍ ကူညီပေးခြင်းငှာ ယင်းတို့၌ပါသောအကြောင်းများကို ကိုယ်တိုင်ကောင်းစွာသိထားသင့်သည်။

၅ ဇူလိုင်လတွင် လက်ရှိဘရိုရှာများကိုအသုံးပြုကြမည်။ အထူးသဖြင့်အေအိုင်ဒီအက်စ်ဘရိုရှာနှင့် မရဏဖောက်ကားမှု နိုးလော့ မဂ္ဂဇင်းကို အထူးအသုံးပြုကြမည်။ ဤစာပေများကိုအလိုရှိသည့်အသင်းတော်တိုင်း ချက်ချင်းမှာယူနိုင်သည်။ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားအစိုးရ နှင့် ကြည့်ရှုလော့ ဘရိုရှာများ အသင်းတော်အများတွင်ရှိသည်။ ၎င်းတို့ကိုလည်း အသုံးပြုသင့်သည်။ ယင်းတို့ကိုလူတို့လက်မခံလျှင် ဝေစာများထားခဲ့နိုင်သည်။ အခမဲ့ပေးသောဝေစာများကိုပင် သူတို့လက်မခံလိုလျှင် သင့်နှုတ်ခမ်းမှ သတင်းတရားကိုကြားနာစေပါ။ ဤသို့ပြုနိုင်ရန် ဘုရားသခင့်နိုင်ငံတော်သတင်းကို ကိုယ်တိုင်ကောင်းစွာသိနားလည်ထားပြီး ကြားနာလိုသူအားလုံးထံရောက်ရှိဖို့ ဝီရိယစိုက်ထုတ်ကြိုးစားကြပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ