သီအိုကရက်တစ်သတင်း
ဘီနင်။ ကြေညာသူ ၂,၇၉၃ ယောက်တို့သည် အိမ်တွင်းကျမ်းစာသင်အံမှု ၄,၄၄၂ ခုနှင့်ပြန်လည်ပတ်မှု ၃၀,၈၁၄ ခုပြုလုပ်ခဲ့ကြောင်း ဧပြီလမှတ်တမ်းကပြသည်။ ဤကိန်းဂဏန်းများသည် နှုန်းသစ်သုံးခုဖြစ်သည်။
ဘူလ်ဂေးရီယား။ မတ်လမှတ်တမ်းအရ တစ်နှစ်အတွင်း ကြေညာသူ ၁၀၇ ယောက်မှ ၂၁၈ ယောက်သို့တိုးတက်လာကြောင်း။ ယင်းကား ၁၀၄ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည်။ ကြေညာသူများသည် လယ်ကွင်းလုပ်ငန်း၌ ပျမ်းမျှနာရီ ၁၉.၇ သွင်းပြီး အိမ်တွင်းကျမ်းစာသင်အံမှုစုစုပေါင်း ၅၈၅ ခုကျင်းပခဲ့သည်။ မတ်လတွင် သူတို့၏ အထူးအစည်းအဝေးပွဲနေ့ကို ပထမအကြိမ်ကျင်းပခဲ့ရာ တက်ရောက်သူ ၉၀၀ ရှိခဲ့သည်။
ချက်ကိုစလိုဗေးကီးယား။ မတ်လတွင် ကြေညာသူနှုန်းသစ် ၂၅,၁၁၁ ယောက်မှတ်တမ်းသွင်းခဲ့သည်။ ယင်းကား လွန်ခဲ့သောနှစ်၏ပျမ်းမျှခြင်းထက် ၉ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည်။
အက်ကွီဒေါ။ ဤနှစ်သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက်မှာ ၉၉,၉၈၇ ဖြစ်သည်။ ဧပြီလတွင် ကြေညာသူနှုန်းသစ် ၂၁,၇၃၄ ရှိခဲ့ရာ ဆက်တိုးတက်လိမ့်ဦးမည်ဟု မျှော်လင့်စရာရှိသည်။
နီကာရာဂွာ။ ဧပြီလတွင် နိုင်ငံတော်လုပ်ငန်းနှင့်ပတ်သက်၍ ကဏ္ဍတိုင်းတွင်ပင် နှုန်းသစ်များရရှိခဲ့သည်။ သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက်မှာ ထိုလ၏စုစုပေါင်းကြေညာသူအရေအတွက် ၉,၆၂၉ ယောက်ထက် ငါးဆများပါသည်။