ရိုးရှင်းထိရောက်သော တင်ဆက်ပုံများ
၁ ဘုရားသခင့်နိုင်ငံအကြောင်း ရိုးရှင်းမှန်ကန်စွာ ယေရှုကြွေးကြော်တော်မူခဲ့သည်။ သမ္မာတရားကို သိုးကဲ့သို့သူများကြားနာသည့်အခါ လက်သင့်ခံလိမ့်မည်ဟု ကိုယ်တော်သိတော်မူ၏။ လူတို့၏တွေးခေါ်စဉ်းစားပုံ၊ စိတ်ဝင်စားမှုနှင့် ဆင်ခြင်နိုင်သည့်စွမ်းရည်များလည်း မတူညီကြောင်း ကိုယ်တော်သိတော်မူသည်။ ယင်းကြောင့် နားလည်ရလွယ်ကူသော နိဒါန်းများ၊ မေးခွန်းများနှင့် ဥပမာများကို ကိုယ်တော်အသုံးပြုကာ မိမိတရားကိုနားထောင်သူတို့၏နှလုံးကို ထိမိရန် ကြိုးစားတော်မူခဲ့သည်။ ကိုယ်တော့်ပုံသက်သေအတိုင်း ရိုးရှင်းထိရောက်သောတင်ဆက်ပုံများကို ကျွန်ုပ်တို့အသုံးပြုနိုင်ပါသည်။
၂ Reasoning စာအုပ်ကို ထိရောက်စွာအသုံးပြု– Reasoning စာအုပ်၊ စာမျက်နှာ ၁၁ ရှိ “အလုပ်အကိုင်/အိုးအိမ်” ခေါင်းစဉ်အောက် ပထမနိဒါန်းသည် အခန့်သင့်ဖြစ်၍ တင်ဆက်ရလွယ်ကူပေသည်။
သင်ပြောဆိုနိုင်သည်ကား–
▪ “လူတိုင်းအတွက် အလုပ်အကိုင်နှင့်အိုးအိမ်ရှိနိုင်ဖို့ ဘယ်လိုလုပ်ပေးနိုင်မယ့်အကြောင်းကို ဒီဝန်းကျင်မှာ ကျွန်တော်တို့ပြောပြနေပါတယ်။ လူ့အစိုးရများ ဒီအမှုကို လုပ်ပေးနိုင်မယ်လို့ထင်သလား။ . . . ဒီပြဿနာကိုဖြေရှင်းပေးနိုင်တဲ့အရှင်တော့ ရှိတယ်။ သူကတော့ လူသား၏ ဖန်ဆင်းရှင်ဖြစ်တယ်။” ဟေရှာယ ၆၅:၂၁-၂၃ ကိုဖတ်။ ထိုနောက် ယင်းအကြောင်းကို အိမ်ရှင် မည်သို့ မှတ်ယူကြောင်း မေးမြန်းပါ။
၃ စာမျက်နှာ ၁၂ ပါ “မတရားမှု/ဆင်းရဲခြင်း” အကြောင်းအောက် နိဒါန်းသည် ယနေ့လူအများ နှစ်သက်ဖွယ်ရာဖြစ်မည်။
▪ “လူတို့ကြုံတွေ့နေရတဲ့မတရားမှုနဲ့ ဆင်းရဲဒုက္ခကို ဘုရားသခင်သိရှိရဲ့လားလို့ စဉ်းစားဖူးသလား။” အိမ်ရှင်အား ဖြေဆိုခွင့်ပြုကာ ဒေသနာ ၄:၁ နှင့် ဆာလံ ၇၂:၁၂-၁၄ ကိုဖတ်ပါ။ ထာဝစဉ်အသက်ရှင် စာအုပ်ကိုသုံးရန်သင့်လျော်မည်ထင်ပါက စာမျက်နှာ ၁၅၀-၃ ပါရုပ်ပုံများကိုဖွင့်ပြ၍ ယနေ့ကမ္ဘာအခြေအနေတို့သည် ကျမ်းစာပရောက်ပြုချက်၏ပြည့်စုံချက်မျှဖြစ်ကြောင်းကို တိုတိုတုတ်တုတ်ရှင်းပြပါ။ ထိုနောက် စာမျက်နှာ ၁၆၁-၂ သို့ဖွင်ကာ လူသားအပေါ် အဘယ်ကောင်းချီးများသွန်းလောင်းပေးမည့်အကြောင်း ဘုရားသခင့်ထပ်မံတင်ကြိုပြောကြားချက်ကို ဖေါ်ပြပါ။ အဘယ်အခြေအနေမျိုးကို အိမ်ရှင်အထူးနှစ်သက်မည်အကြောင်း မေးမြန်းပါ။ ဤစာအုပ်ကိုအသုံးပြုကာ သူနှင့် ကျမ်းစာလေ့လာလိုကြောင်း သူ့အားပြောပြပါ။ (အိမ်ရှင်တကယ်စိတ်ဝင်စားကြောင်း အသင်သေချာမည်၊ ကျမ်းစာလေ့လာလိုစိတ်ရှိကြောင်းသေချာမှ ဤသို့ပြုမည်ကို သတိပြုပါ။)
၄ အိမ်ရှင်နှင့်အနည်းအကျဉ်းဆွေးနွေးပြီးနောက် ထာဝစဉ်အသက်ရှင် စာအုပ်အစား မဂ္ဂဇင်းတစ်ခုခုရှိ ဆောင်းပါးတစ်ခု၊ ဘရိုရှာတစ်ခု သို့မဟုတ် ဝေစာတစ်ခုကို သူ့အားပြရန် ပိုမိုသင့်တော်မည်ဟု သင်ဆုံးဖြတ်ပေမည်။
ဥပမာ၊ ဤဆောင်းပါး၏အပိုဒ် ၂ ပါနိဒါန်းကိုအသုံးပြုပြီးနောက် သင်ပြောဆိုလိုမည်ကား–
▪ “ကျွန်ုပ်တို့ရဲ့ နေ့စဉ်လိုအပ်ရာများကို ဘယ်လိုဖြည့်စွက်ပေးနိုင်တဲ့အကြောင်း၊ ဘာအကျိုးများရရှိနိုင်မဲ့အကြောင်းကို ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော ဘရိုရှာက ကောင်းကောင်းရှင်းပြထားတယ်။” ထိုနောက် ဤဘရိုရှာ၏ စာမျက်နှာ ၂၆ နှင့် ၂၇ သို့လှန်၍ အပိုဒ် ၂၁ ကိုအာရုံပြုစေပါ။
၅ သို့မဟုတ် အပိုဒ် ၃ ပါ နိဒါန်းကိုအသုံးပြုပြီးနောက် ဤလောက ဆက်လက်တည်ရှိမည်လော ဝေစာကို ပေါ်လွင်စေနိုင်ပါသည်။
သင်ပြောနိုင်သည်ကား–
▪ “ယနေ့ ကမ္ဘာပေါ်မှာ စိတ်ဆင်းရဲစရာနဲ့ ဒုက္ခတွေ အရမ်းများနေတယ်။ စစ်ပွဲတွေ၊ အစာခေါင်းပါးတာတွေ၊ ကျန်းမာရေးပြဿနာများတွေကို ကျမ်းစာက ကြိုတင်ပရောဖက်ပြုထားကြောင်း ဒီဝေစာက ပြထားတယ်။ ဒါပေမယ့် လူသားအတွက် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်စေမယ်လို့လည်း ဘုရားသခင်ကတိပေးထားပါတယ်။” ဝေစာ၏ စာမျက်နှာ ၅ ရှိနောက်ဆုံးအပိုဒ်ကိုဖတ်ပါ။
၆ လူတို့ကိုစိတ်ဝင်စားသည့်အပြင် နှလုံးကိုထိမိသည့် ရိုးရှင်း၍ထိရောက်သော တင်ဆက်နည်းဖြင့် သိုးကဲ့သို့သောသူများ သတင်းတော်ကို နှစ်သက်လိမ့်မည်အမှန်။—ယောဟန် ၁၀:၁၆။