သီအိုကရက်တစ်သတင်း
ချီလီ: ဧပြီလတွင် မှတ်တမ်းသွင်းခဲ့သူ ၄၂,၇၇၈ ယောက်အနက် ၈,၆၈၀ တို့သည် ရှေ့ဆောင်များဖြစ်ကြသည်။ မှန်မှန်ရှေ့ဆောင်နှုန်းသစ် ၂,၈၂၀ ရရှိခဲ့သည်။ ဧပြီလတွင် မှတ်တမ်းသွင်းခဲ့သော စုစုပေါင်းနာရီမှာ ၁,၀၀၉,၀၀၁ နာရီဖြစ်သည်။
လီစိုသို: ဧပြီလတွင်မှတ်တမ်းသွင်းခဲ့သော စုစုပေါင်းကြေညာသူအရေအတွက်မှာ ၁,၈၉၅ ဖြစ်ရာ ယင်းသည် လွန်ခဲ့သောနှစ်၏ပျမ်းမျှထက် ၁၉ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည်။
ပေါ်တူဂီ: ဧပြီလတွင် ကြေညာသူနှုန်းသစ် ၄၁,၄၇၂ ယောက်ရရှိခဲ့သည်။ စုစုပေါင်းနာရီ၊ ပြန်လည်ပတ်မှုများနှင့် အိမ်တွင်းကျမ်းစာသင်အံမှုများတွင်လည်း နှုန်းသစ်များ ရရှိခဲ့ပါသည်။
ဗင်နီဇွဲလား: ဧပြီလတွင် ကြေညာသူ ၆၂,၀၇၄ ယောက်၏ ကြိုးစားအားထုတ်မှုကြောင့် နာရီ၊ ပြန်လည်ပတ်မှုနှင့် အိမ်တွင်းကျမ်းစာသင်အံမှုများတွင် နှုန်းသစ်များ ရရှိခဲ့ပါသည်။