သီအိုကရက်တစ်သတင်း
မြန်မာ– ယခင် အများဆုံးနှုန်းထက် ၉ ယောက် တိုးများပါသည်။ ဇူလိုင်လတွင် ကြေညာသူ ၂,၁၀၁ ယောက်ရှိခဲ့ပါသည်။
ယူခရိန်း– သူတို့စည်းဝေးပွဲတွင် တက်ရောက်သူ ၆၄,၀၀၀ ကျော်ရှိခဲ့၍ နှစ်ခြင်းခံသူ ၇,၄၀၂ ယောက်ရှိသည်။
ကဲန်မရွန်း– ဇွန်လတွင် ကြေညာသူနှုန်းသစ် ၁၈,၈၁၀ ယောက်ရှိခဲ့၍ ထိုလအတွင်း နှစ်ခြင်းယူသူ ၈၄ ဦးရှိခဲ့သည်။
ကုတ်ဒ်အဗွား– ဇွန်လတွင်မှတ်တမ်းသွင်းခဲ့သော စုစုပေါင်းကြေညာသူအရေအတွက်သည် ၄,၃၃၀ ယောက်ဖြစ်ပါသည်။ ယင်းကား သူတို့၏ လုပ်ငန်းတော်နှစ်အတွက် ခြောက်ကြိမ်မြောက် ကြေညာသူနှုန်းသစ်ဖြစ်သည်။
အီတလီ– လယ်ကွင်းလုပ်ငန်း၌ ကြေညာသူ ၁၉၈,၁၇၉ ယောက်ပါဝင်ခဲ့သည့် ဇွန်လတွင် ကြေညာသူနှုန်းသစ် ထပ်မံရရှိခဲ့ပါသည်။ ထိုလအတွင်း အသင်းတော်အသစ် နှစ်ဆယ့်နှစ်ခု တည်ထောင်ခဲ့ပါသည်။
စာအိုတိုမဲ ပရင်စီပီ– ဇွန် ၃၀ ရက်နေ့တွင် အဖွဲ့အစည်းကို တရားဝင်အတည်ပြုသဖြင့် သာ၍ကြီးမားသောလုပ်ငန်းအတွက် တံခါးပွင့်နေပါသည်။ ထိုလတွင် မှတ်တမ်းသွင်းခဲ့သော ကြေညာသူ ၁၀၀ သည် လွန်ခဲ့သောနှစ်၏ ပျမ်းမျှထက် ၄၃ ရာခိုင်နှုန်းတိုးတက်မှု ဖြစ်သည်။
အုရုဂွေး– ဇွန်လတွင် ကြေညာသူနှုန်းသစ် ၉,၀၉၃ ယောက်အထိ တိုးတက်ခဲ့ပါသည်။