ကြေညာချက်များ
▪ ဒီဇင်ဘာတွင်ဝေငှမည့်စာအုပ်– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား။ ဇန်နဝါရီ– ၁၉၈၀ ခုနှစ်မတိုင်မီက မည်သည့်စာအုပ်မဆို သို့မဟုတ် စက္ကူအရောင်ပြောင်းနေသည့် မည်သည့်စာအုပ်မဆို။ ဤစာအုပ်များမရှိသည့်အသင်းတော်များသည် မည်သည့် ၁၉၂-စာမျက်နှာရှိစာအုပ်ကိုမဆို ဝေငှနိုင်ပါသည်။ ဖေဖော်ဝါရီ– မည်သည့်ဘာသာစကားနှင့်မဆိုရနိုင်သည့် သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်သည်။ မတ်– ဗျာဒိတ်ကျမ်း—ယင်း၏မဟာထွတ်အထိပ် နီးပြီ! သတိပြုရန်– အင်္ဂလိပ်၊ တရုတ်၊ တယ်မီလ်၊ အစရှိသည့် ဘာသာစကားဖြင့်ရှိ ဤစာအုပ်များ အသင်းတော်တွင်ရှိလျှင် အသုံးပြုနိုင်ပါသည်။ ယင်းတို့မရှိပါက မဂ္ဂဇင်းများကို အစုံလိုက်ဝေငှနိုင်ပါသည်။
▪ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်လွှဲသူသည် ဒီဇင်ဘာ ၁ ရက်သို့မဟုတ် ယင်းရက်စွဲ တစ်ရက်နှစ်ရက်အတွင်း အသင်းတော်စာရင်းအင်းများကို စာရင်းစစ်သင့်သည်။ ထိုသို့ပြုလုပ်ပြီးလျှင် အသင်းတော်အား ကြေညာပါ။
▪ ၁၉၉၅ ခုနှစ်တွင် သတိရအောက်မေ့ပွဲကို သောကြာနေ့၊ ဧပြီ ၁၄ ရက်၊ နေဝင်ပြီးချိန်တွင် ကျင်းပါမည်။
▪ ၁၉၉၃ အတွက် အင်္ဂလိပ် ကင်းမျှော်စင်နှင့်နိုးလော့! အတွဲများကို အသင်းတော်များ ဒီဇင်ဘာလအတွက် စာအုပ်စာတမ်းမှာယူသည့်အခါ စတင်မှာယူသင့်ပါသည်။
▪ ၁၉၉၄ နှစ်ချုပ်ကျမ်းချက် “သင်၏နှလုံးရှိသမျှဖြင့် ယေဟောဝါ၌ ယုံစားလော့။”—သုတ္တံ ၃:၅၊ ကဘ။
▪“Trust in Jehovah with all your heart”.—Prov. 3:5.