သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်စစ်ဆေးခြင်း
၁၉၉၄၊ မေ ၂ မှ ဩဂုတ် ၂၂ ရက်အပတ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်း တာဝန်များတွင် လေ့လာခဲ့သော အကြောင်းအရာများကို စာအုပ်ပိတ်ပြန်လည်စစ်ဆေးခြင်း။ ကန့်သတ်ထားသည့်အချိန်အတွင်း သင်ဖြေဆိုနိုင်သမျှမေးခွန်းများ၏အဖြေများကို ရေးချရန် သီးခြားစာရွက်တစ်ရွက်ကို အသုံးပြုပါ။
[မှတ်ချက်– ရေးဖြေစစ်ဆေးချိန်တွင် မည်သည့်မေးခွန်းကိုမဆို ဖြေဆိုရာ၌ ကျမ်းစာကိုသာ အသုံးပြုပေမည်။ မေးခွန်းနောက်ရှိ ရည်ညွှန်းချက်များသည် သင့်ကိုယ်ပိုင်ရှာဖွေလေ့လာမှုအတွက်ဖြစ်သည်။ ကင်းမျှော်စင် ရည်ညွှန်းချက်အားလုံး၌ စာမျက်နှာနှင့် အပိုဒ်နံပါတ်များပါမည်မဟုတ်ချေ။]
အောက်ပါမေးခွန်းများ မှားကြောင်းမှန်ကြောင်း ဖေါ်ပြပါ–
၁။ ဆာလံကျမ်းတွင် ၇၁ ကြိမ်ပါသော “စီလာ” ဟူသည့်စကားလုံးကို အသံထွက် ဖတ်ရွတ်စရာမလိုပါ။ [ကမ စ. ၁၀၃ ပိုဒ် ၅]
၂။ ဆာလံ ၁၅:၄ အရ မိမိသစ္စာကတိပြုခဲ့သောအရာသည် ကျမ်းစာနှင့်မညီညွတ်ကြောင်း ခရစ်ယာန်တစ်ဦး သိရှိလာလျှင် သစ္စာမဖျက်သင့်ပါ။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း။ က ၈၉ ၉/၁၅ စ. ၂၈-၉ [လိပ်] ရှု]
၃။ ဘုရားသခင်ကြောင့် လူသားတို့သည် ဒုက္ခခံ၊ ဖျားနာ၍ သေကြရသည်ဟူသည်မဟုတ်မှန်ကြောင်း ယောဘဝတ္ထုက သက်သေထူသည်။ [ကမ စ. ၉၉ ပိုဒ် ၄၂]
၄။ အာဒံသည် ဆန္ဒသာရှိခဲ့ပါက စုံလင်သောသမာဓိ စောင့်သိနိုင်ခဲ့မည်ဖြစ်ကြောင်း၊ ဘုရားသခင်၏ ဖန်ဆင်းမှု လက်ရာတော်ကို အပြစ်ဆိုစရာမရှိကြောင်း ယေရှု၏အသက်တာဘဝက သက်သေထူသည်။ [ဝစ စ. ၇၇ ပိုဒ် ၁၁]
၅။ လုကာ ၁၉:၂၀-၂၄ တွင်ဖော်ပြထားသော ငွေတစ်မိုင်နာရ၍ ပဝါ၌ထုပ်ထားသောကျွန်သည် တာဝန်ပျက်ကွက်ခြင်းအပြစ်ကို ပြုခဲ့သည်။ [ကဆ အခန်း ၁၀၀]
၆။ ကြိုးစားအားထုတ်ခြင်းနှင့် ဘုရားသခင်ကို အကြွင်းမဲ့ဆက်ကပ်အပ်နှံခြင်းအားဖြင့် စစ်မှန်သောခရစ်ယာန်သည် ထာဝရအသက်ရခွင့်ရှိမည်။ [ဝစ စ. ၅၄ ပိုဒ် ၁၃]
၇။ ၁ ကောရိန္သု ၂:၉ က အနာဂတ်ကမ္ဘာ့ပရဒိသုကို ရည်ညွှန်းသည်။ [ဝစ စ. ၃၈ ပိုဒ် ၁၂ (၃); က ၈၅ ၉/၁၅ စ. ၃၀ [လိပ်] ရှု)
၈။ လောကတွင် ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေစေကာမူ သစ္စာမဲ့ ပြုမူလုပ်ကိုင်မှုကို အရေးမကြီးသောအရာအဖြစ် ကျွန်ုပ်တို့မသတ်မှတ်နိုင်ပါ။ [ဝစ စ ၇၉ ပိုဒ် ၁၃]
၉။ ဆာလံ ၄၉:၁၅ က ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ယုံကြည်ကြောင်း တင်ပြနေခြင်းဖြစ်သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း။ က ၉၀ ၃/၁ စ. ၂၁ ပိုဒ် ၁၃ ရှု။]
၁၀။ တစ်ခါတစ်ရံ ယေဟောဝါကို ဝတ်ပြုပါသည်ဟု ဆိုသောသူတစ်ဦးကပင် လောကီအကျင့်အကြံနှင့် နစ်မွန်းပျော်မွေ့ရန် သွေးဆောင်ပေမည်။ [ဝစ စ. ၆၄ ပိုဒ် ၁၁]
အောက်ပါမေးခွန်းများကို ဖြေဆိုပါ–
၁၁။ ဆာလံမည်သည် အဘယ်နည်း။ [ကမ စ. ၁၀၁ ပိုဒ် ၂]
၁၂။ ဆာလံ ၂၇:၁၀ ကအဘယ်အားတက်ဖွယ် အာမခံချက်ကို ပေးသနည်း။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း။ က ၉၂ ၃/၁၅ စ. ၂၂ ပိုဒ် ၁၇]
၁၃။ နောင်တမရသော အမှားပြုသူများ၏ အဘယ်အမြင်မှားကို ဆာလံ ၁၀:၁၃ ကဖော်ပြသနည်း။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း။ က ၉၁ ၁၀/၁ စ. ၆]
၁၄။ ထွက်မြောက်ရာ ၉:၁၅၊ ၁၆ အရ ဖာရောကို ယေဟောဝါစီရင်ဆက်ဆံပုံမှ အဘယ်အရာဖြစ်မြောက်ခဲ့သနည်း။ [ဝစ စ. ၈၆ ပိုဒ် ၆၊ ၇]
၁၅။ ကျမ်းစာဖတ်ရာတွင် အကျိုးရှိရှိသုံးသပ်နိုင်သည့် ရှုထောင့်နှစ်ခုကို တင်ပြပါ။ [ဝစ စ. ၃၉]
၁၆။ ဆာလံ ၂:၁၂ တွင်ဖော်ပြထားသည့် “သားတော်ကို နမ်းကြလော့” ဟူသောအမိန့်တော်၏ အဓိပ္ပာယ်ကား အဘယ်နည်း။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။ က ၈၆ ၉/၁ စ. ၂၃ ရှု။]
၁၇။ ယောဟန် ၈:၃၂ တွင် အဘယ်လွတ်မြောက်မှုအကြောင်း ယေရှုဆွေးနွေးနေခြင်း ဖြစ်သနည်း။ [ဝစ ၆၀. ပိုဒ် ၆]
၁၈။ ကမ္ဘာဦး ၃:၁၅ ပါ “မိန်းမ” က အဘယ်အရာကို ပုံဆောင်သနည်း။ [ဝစ စ. ၄၃ ပိုဒ် ၃]
၁၉။ လူလူချင်းကို ပြစ်မှားခဲ့ကြောင်း ဒါဝိဒ်သိလျက်နှင့် ဆာလံ ၅၁:၄ တွင် “ကိုယ်တော်ကို ပြစ်မှားပါပြီ၊ ကိုယ်တော်ကိုသာ ပြစ်မှား” သည်ဟု ယေဟောဝါအား သူအဘယ်ကြောင့်ဆိုနိုင်သနည်း။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။ က ၉၃ ၃/၁၅ စ. ၁၁ အပိုဒ် ၁၃ ရှု။]
၂၀။ ပထမရာစုတွင် “ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာ” ကား အဘယ်နည်း။ ယနေ့ကော။ (မ. ၂၄:၁၅) [ကဆ အခန်း ၁၁၁]
အောက်ပါဝါကျများကို ပြီးပြည့်စေရန် လိုအပ်သောစကားလုံး သို့မဟုတ် စကားစုများကို ထည့်ပေးပါ–
၂၁။ ယောဘ ၄၀:၁၅ တွင်ပါသော “ဗေဟမုတ်” သည် ․․․․․․․ဖြစ်ပြီး ယောဘ ၄၁:၁ ပါ “လဝိသန်” သည် ․․․․․․․ဖြစ်ပုံရှိသည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း။ it-1 စ. ၂၈၀ နှင့် it-2 စ. ၂၄၀ ရှု]
၂၂။ ယေဟောဝါကိုယ်တော်တိုင်၏အသံကို ယေရှု ․․․․․․․စဉ်၊ ထိုနောက် ․․․․․․․စဉ်နှင့် စီအီး ၃၃ နိသန်လတွင် ယေရုရှလင်မြို့ရှိ၌ ခမည်းတော်အား ဆုတောင်းနေစဉ် ကြားနာခဲ့ကြသည်။ [ကဆ အခန်း ၁၀၄]
၂၃။ ထုံးတမ်းအရ မသန့်ရှင်းသောကြောင့် ဖာရိရှဲများသည် သူတို့၏စပျစ်ရည်ထဲမှ ․․․․․․․ကိုစစ်ထုတ်ကြသည်။ သို့သော် ထုံးတမ်းအရ မသန့်ရှင်းသော ․․․․․․․ ကိုမျိုခြင်းနှင့်တူသည့် တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကို သနားခြင်း၊ သစ္စာစောင့်ခြင်းကိုကား ချန်လှပ်ထားကြသည်။ [ကဆ အခန်း ၁၀၉]
၂၄။ ကျွန်ုပ်တို့၏လက်ဦးဘိုးဘေးတို့ အပြစ်ပြုရန် စာတန် မုသာသုံးခဲ့သဖြင့် ယေရှုက သူ့အား ․․․․․․․ဟု သတ်မှတ်ဖော်ပြခဲ့သည်။ [ဝစ စ. ၇၉ ပိုဒ် ၁၃ (၁)]
၂၅။ ယေဟောဝါကိုယ်တော်တိုင် ယေရှုတစ်ပါးတည်းကိုသာ ဖန်ဆင်းတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ ․․․․․․․သားဖြစ်ပါသည်။ [ဝစ စ. ၄၂ ပိုဒ်. ၁]
အောက်ပါဝါကျများတွင် အဖြေမှန်ကို ရွေးပေးပါ–
၂၆။ (ရူပါရုံအားဖြင့် ဘုရားသခင်ကို မိုးသက်မုန်တိုင်းထဲတွင်မြင်ခြင်း; မိမိရှေ့ ကောင်းကင်တမန်တစ်ပါး ပေါ်လာခဲ့ခြင်း; ယေဟောဝါကို အကျွမ်းတဝင် သိရှိနားလည်ခြင်း) ကြောင့် ဘုရားသခင်ကို ယောဘမြင်သည်ဟု ယောဘ ၄၂:၅ တွင်မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း။ က ၈၉ ၈/၁၅ စ. ၁၂ ပိုဒ်. ၁၁ ရှု]
၂၇။ မဿဲ ၂၆:၁၃ တွင် ယေရှုဖော်ပြသော မိန်းမသည် (လာဇရု၏အစ်မ မာရိ; ကလောဖ၏မယား မာရိ; မာဂဒလ မာရိ) ဖြစ်သည်။ [ကဆ အခန်း ၁၀၁]
၂၈။ ဆာလံ ၁၁:၃ တွင်မှတ်တမ်းတင်ထားသည့် ဖျက်ဆီးခံရသော အခြေအမြစ်များသည် (ယေရုရှလင်မြို့ရှိ ဗိမာန်တော် အုတ်မြစ်များ; အုတ်မြစ်ကျောက်ဖြစ်သူ ယေရှုခရစ်; တရားမျှတခြင်း၊ ပညတ်ဥပဒေနှင့် စီရင်ချက်များဖြစ်၍ ဤအခြေအနေများအပေါ် လူ့အဖွဲ့အစည်းတည်ရှိခြင်း) ကိုဆိုလိုသည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က ၈၆ ၉/၁ စ. ၂၄ ရှု။]
၂၉။ တမန်တော် (ပေတရုနှင့်အန္ဒြေ; ဖိလိပ္ပုနှင့်ဗာသောလမဲ; ယာကုပ်နှင့်ယောဟန်) တို့၏ ရဲရဲတောက်စိတ်ထားကြောင့် သူတို့အား “မိုးကြိုး၏သားများ” ဟုယေရှုက ခေါ်တော်မူသည်။ [ကဆ အခန်း ၉၈]
၃၀။ ဘုရားသခင်၏ အုပ်ချုပ်ပိုင်ခွင့်နှင့် အုပ်ချုပ်ပုံနည်းလမ်းတို့ကို စာတန်စိန်ခေါ်ချိန်တွင် သူပေါ်ပေါက်စေသည့် ကြီးမားသောအရေးကိစ္စသည် (လူ့အခွင့်အရေး; မည်သူသည် တန်ခိုးအကြီးမားဆုံးဟူသည့်အရေး; ဘုရားသခင်၏ စကြဝဠာ အချုပ်အခြာအာဏာ) နှင့်အမှန်ပတ်သက်သည်။ [ဝစ စ. ၆၉ ပိုဒ် ၁]
အောက်ပါဝါကျများနှင့် သက်ဆိုင်ရာ ကျမ်းချက်များကို ပူးတွဲပေးပါ–
က. ၃:၁-၅; ဆာ. ၂၄:၁; တ. ၈:၃၂-၃၈; ဟေ. ၁၀:၂၆၊ ၂၇; ၁ ပေ. ၄:၃၊ ၄
၃၁။ လူသားနှင့် ကမ္ဘာမြေကြီးသည် ဘုရားသခင်၏ဖန်ဆင်းရာများဖြစ်ပြီး အရာခပ်သိမ်းကို ယေဟောဝါ ပိုင်သတော်မူကြောင်း အသိအမှတ်ပြုခြင်းက ကျွန်ုပ်တို့အား နှိမ့်ချမှုနှင့် နာခံမှုရှိရန် အထောက်အကူပြုသင့်သည်။ [ဝစ စ. ၅၈ ပိုဒ် ၄]
၃၂။ ယေဟောဝါ မနှစ်သက်သောအရာတစ်ခုခုကို လုပ်လေ့လုပ်ထမရှိအောင် ကျွန်ုပ်တို့ အထူးဂရုစိုက်သင့်သည်။ [ဝစ စ. ၄၈-၉ ပိုဒ် ၈ (၃) နှင့် ၈ (၄)]
၃၃။ သိုးကဲ့သို့သောသူများသည် သမ္မာကျမ်းစာ၏ တိကျမှန်ကန်သောအသိပညာနှင့် ယင်း၏သတင်းတရားကို တန်ဖိုးထားလေးမြတ်ခြင်းကြောင့် နှစ်ခြင်းယူရန် လှုံ့ဆော်ခြင်းခံရသည်။ [ဝစ စ. ၄၇ ပိုဒ် ၇]
၃၄။ မယုံကြည်သူများနှင့် သင်အလုပ်လုပ်ကိုင်ရသည် သို့မဟုတ် သူတို့နှင့် ကျောင်းအတူတက်ရသည် ဖြစ်စေဦးတော့ သူတို့နှင့် မလိုအပ်ဘဲ ပေါင်းသင်းမှုပြုခြင်းကို ရှောင်ကြဉ်ခြင်းအားဖြင့် သူတို့အား အပေါင်းအသင်းများအဖြစ် မရွေးချယ်ကြောင်း ဖော်ပြကြသည်။ [ဝစ စ. ၆၅ ပိုဒ် ၁၃]
၃၅။ ကိုယ်ပိုင်စံချိန်များ မချမှတ်နိုင်လျှင် မတရားချုပ်ချယ်ခံရသည်ဟု အထင်ရှိစေသော လောကီအတွေးအခေါ်မျိုးကို ရှောင်ကြဉ်ရန် အရေးကြီးသည်။ [ဝစ စ. ၆၉ ပိုဒ် ၁]