မိုးတွင်းရောက်ပြန်ပြီ!
၁ မိုးသဲကြီးမဲကြီးရွာသည့်အခါ ကျွန်ုပ်တို့လယ်ကွင်းဓမ္မအမှုသည် အနှောင့်အယှက်ဖြစ်သွားနိုင်သည်။ သို့ရာတွင် ကျွန်ုပ်တို့ဦးစားထားရာစာရင်းတွင် သီအိုကရက်တစ်လုပ်ငန်းများကို ထိပ်တန်း၌ထားရမည်ဖြစ်ကြောင်း မိမိကိုယ်ကိုသတိပေးရန်လိုသည်။ ထို့ပြင် လယ်ကွင်းလုပ်ငန်းတွင် ကျွန်ုပ်တို့မှန်မှန်ပါဝင်ပြီး အသင်းတော်ထံ အချိန်မီမှတ်တမ်းတင်သွင်းရန် ဂရုစိုက်လိုကြမည်။ နေသာသည့်နေ့တိုင်းတွင် လုပ်ငန်းတော်၌ အတတ်နိုင်ဆုံးပါဝင်ရန် ကြိုးစားအားထုတ်ခြင်းသည် ပညာရှိရာရောက်သည်။
၂ မိုးသဲသဲမဲမဲရွာသွန်းသည့်အတွက် ကျွန်ုပ်တို့အပြင်မထွက်နိုင်လျှင် စာရေးခြင်းအားဖြင့် သက်သေခံခြင်းသည် ပညာရှိရာရောက်သည်။ ထို့ပြင် ကျမ်းစာဖတ်ရှုခြင်းနှင့် ပတ်စဉ်အစည်းအဝေးများတွင် လေ့လာမည့်အကြောင်းများကို လေ့လာခြင်းပါဝင်သည့် ကိုယ်ပိုင်လေ့လာမှုအစီအစဉ်ကို မပျက်မကွက် ကြိုးစားပြုလုပ်သင့်သည်။ မည်သို့ပင်ဖြစ်စေ ကြေညာသူများ၊ ရှေ့ဆောင်များအနေနှင့် အချိန်ပြည့်မီရန် ကျွန်ုပ်တို့ကြိုးစားအားထုတ်သင့်သည်။ ‘သာ၍အရေးကြီးသော ဝိညာဉ်ရေး’ ရာများ၌လည်း အလုပ်များနေလိုကြသည်။—ဖိ. ၁:၁၀; ဧ. ၅:၁၅။