ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၇ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၁/၉၇ စာ. ၇

ကြေညာချက်များ

▪ ဇန်နဝါရီတွင်ဝေငှရန်စာပေ– အသင်းတော်တွင်ရှိမည့် ၁၉၈၄ ခုနှစ်မတိုင်မီထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်မဆို။ ဖေဖော်ဝါရီ– ရရှိနိုင်သောမည်သည့်စာအုပ်မဆို။ မတ်– သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း။ ဧပြီ– ကင်းမျှော်စင်နှင့် နိုးလော့!တစ်စောင်ချင်းစီ။ မကြာခဏအမှုဆောင်ရသည့်ရပ်ကွက်တွင် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာအသစ်ကို အသုံးပြုပေမည်။

▪ ဇန်နဝါရီ ၆ ရက်အပတ် လုပ်ငန်းတော်စည်းဝေးတက်ရောက်သူ နှစ်ခြင်းခံပြီးသောကြေညာသူတိုင်းကို ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်နှင့် ကလေးများအတွက်မှတ်ပုံတင်ကတ်များကိုပေးပါမည်။

▪ ဖေဖော်ဝါရီလမှစတင်၍ မတ် ၂ ရက်ထက်နောက်မကျဘဲ တိုက်နယ်ကြီးကြပ်မှူးများ၏လူထုဟောပြောချက်အသစ်မှာ “ယေဟောဝါကိုချီးမွမ်းရန် ပညာရေးကိုအသုံးပြုလော့” ဖြစ်ပါမည်။

▪ အသင်းတော်များတွင် သတိရအောက်မေ့ပွဲကို ဤနှစ်မတ်လ ၂၃ ရက်နေ့၊ တနင်္ဂနွေနေ့၊ နေဝင်ပြီးချိန်တွင်ကျင်းပရန် အဆင်ပြေစွာစီစဉ်သင့်သည်။ ဟောပြောချက်ကိုစောစောစနိုင်သော်လည်း အောက်မေ့ရာအထိမ်းအမှတ်များလက်ဆင့်ကမ်းခြင်းကိုမူ နေဝင်ပြီးနောက်ပိုင်းတွင်သာစတင်သင့်သည်။ သင့်အရပ်ဒေသ၌ အဘယ်အချိန်နေဝင်သည်ကို ဒေသခံတို့ထံတွင်စုံစမ်းကြည့်ပါ။ ထိုနေ့ရက်တွင် လယ်ကွင်းလုပ်ငန်းအတွက်စည်းဝေးခြင်းမှအပ အဘယ်အစည်းအဝေးကိုမျှပြုလုပ်မည်မဟုတ်သောကြောင့် ကင်းမျှော်စင်သင်တန်းကို အခြားအချိန်တွင်ကျင်းပရန် သင့်လျော်သလိုပြောင်းလဲသင့်သည်။ တိုက်နယ်ကြီးကြပ်မှူးများသည် ထိုအပတ်အတွက် မိမိတို့၏စည်းဝေးအချိန်ဇယားကို ဒေသအခြေအနေများနှင့်အညီ ပြုပြင်ပြောင်းလဲဖို့လိုပေမည်။

▪ ၁၉၉၇ သတိရအောက်မေ့ပွဲအချိန်အခါအတွက် အထူးလူထုဟောပြောချက်ကို ဧပြီ ၆ ရက်၊ တနင်္ဂနွေနေ့တွင်ပေးပါမည်။ အောက်လိုင်းပို့ပေးပါမည်။ ထိုရက်သတ္တပတ်ကုန်ပိုင်းသည် တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ချိန်၊ တိုက်နယ်စည်းဝေး သို့မဟုတ် အထူးစည်းဝေးနေ့ကျင်းပချိန်ဖြစ်နေပါက နောက်အပတ်တွင် အထူးဟောပြောချက်ပေးပါမည်။ မည်သည့်အသင်းတော်မဆို အထူးဟောပြောချက်ကို ဧပြီ ၆ ရက်နေ့မတိုင်မီမပေးရပါ။

▪ အကြီးအကဲအဖွဲ့သည် အသင်းတော်မှ မိမိတို့ဒေသတွင်ကျင်းပသောအစည်းအဝေးများ တက်ရောက်စဉ် အောက်ပါအပြောင်းအလဲများကို သိထားသင့်သည်– အထူးစည်းဝေးနေ့အတွက် အစီအစဉ်ဆွဲသည့်အခါ အသင်းတော်တွင် လူထုဟောပြောပွဲနှင့် ကင်းမျှော်စင်သင်တန်းမှလွဲ၍ တစ်ပတ်အတွင်းပုံမှန်အစည်းအဝေးများရှိသင့်သည်။ တိုက်နယ်စည်းဝေးတက်ဖို့စီစဉ်သောအခါ အသင်းတော်သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်စည်းဝေးအစီအစဉ်ကိုပါ ဖျက်ပါမည်; အသင်းတော်စာအုပ်ကြီးသင်တန်းတစ်ခုတည်းကိုသာ ထိုအပတ်အတွင်း ဒေသန္တရအရကျင်းပပါမည်။

▪ ဟားခါးဘာသာဖြင့်ရရှိနိုင်သောစာအုပ်များ– ကျမ်းစာပုံပြင်၊ ပရဒိသုဖြစ်စေမည့်ဘုရားသခင့်အစိုးရ၊ ဆွေးနွေးရန်ကျမ်းစာအကြောင်းများ

▪ လူရှိုင်းဘာသာဖြင့်ရနိုင်သည်များ– ဝေစာအမျိုးမျိုး

▪ ရန်ကုန်ဋ္ဌာနခွဲရုံး ဖုန်းနံပါတ်ကို ၅၁၁၀၃၅ သို့ပြောင်းလိုက်ပါသည်။

▪ ၁၉၉၇ အထူးနှင့်တိုက်နယ်အစည်းအဝေးများ။

တိုက်နယ် ၁ ရန်ကုန် ဖေဖော်ဝါရီ ၂ (အထူးစည်းဝေး)

ဖားအံ မတ် ၂၈-၃၀

ရန်ကုန် မေ ၁၀-၁၁ (တိုက်နယ်စည်းဝေး)

တိုက်နယ် ၂ ကျိုင်းတုံ မတ် ၁၄-၁၆

လွိုင်ကော် မတ် ၂၈-၃၀

မိုးညှင်း မေ ၂-၄

တိုက်နယ် ၃ မှန်တော ဧပြီ ၄-၆

နန်းခေါက်ခေါက် ဧပြီ ၁၈-၂၀

တိုက်နယ် ၄ ဒိုင်နမ်း ဖေဖော်ဝါရီ ၇-၉

စာလ်ထောင် ဧပြီ ၄-၆

လေတပ်ခ် ဧပြီ ၁၈-၂၀

တိုက်နယ် ၅ ကျုံရှ ဧပြီ ၁၈-၂၀

သံဖြူစု မေ ၂-၄

တိုက်နယ် ၆ ဆင်သေ (နမ့်မုံ) ဖေဖော်ဝါရီ ၁၄-၁၆

လိပ်သို ဧပြီ ၄-၆

ကျောက်မဲ ဧပြီ ၂၈-၃၀

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ