ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၉၇ စာ. ၁-၅
  • သင့်ဆွေမျိုးများကော မည်သို့နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဆွေမျိုးများကော မည်သို့နည်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆွေမျိုးများအား သက်သေခံခြင်း—မည်သို့နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • မယုံကြည်တဲ့ဆွေမျိုးတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ
    ကင်းမျှော်စင်—မယုံကြည်တဲ့ဆွေမျိုးတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ
  • အမှန်တရားက “ငြိမ်သက်ခြင်းအစား ဓားကို” ယူဆောင်လာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • သင့်ရဲ့ ‘သွန်သင်ချက်ကို နားထောင်သူတွေ ကယ်တင်ခြင်း ရလိမ့်မယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၂/၉၇ စာ. ၁-၅

သင့်ဆွေမျိုးများကော မည်သို့နည်း

၁ ကျွန်ုပ်တို့အများစုတွင် သမ္မာတရား၌မရှိသည့်ဆွေမျိုး အတော်များများရှိကြသည်။ ထိုသို့သောချစ်မြတ်နိုးရသူများသည် အသက်လမ်းပေါ် ကျွန်ုပ်တို့နှင့်အတူလျှောက်လှမ်းရန် ကျွန်ုပ်တို့တမ်းတကြသည်! ကျွန်ုပ်တို့အိမ်ထောင်ထဲမှမိသားစုဝင်များဖြစ်ပါက သူတို့၏ထာဝရအနာဂတ်အတွက် ကျွန်ုပ်တို့၏စိုးရိမ်မကင်းဖြစ်ခြင်းသည် ပို၍ကြီးမားသည်။ သမ္မာတရားကို သူတို့စိတ်ဝင်စားရန် နှစ်ပေါင်းများစွာကြိုးစားခဲ့သော်လည်း အခြေအနေသည် မျှော်လင့်ချက်မရှိဟု မယူမှတ်သင့်ပေ။

၂ ယေရှုဟောပြောခဲ့စဉ်က “ညီတော်များသည်ပင်လျှင် ကိုယ်တော်ကို မယုံကြည်ကြ။” (ယော. ၇:၅၊ သတင်းကောင်း) တစ်ချိန်တွင် ဆွေမျိုးများက ကိုယ်တော်အား ရူးနေသည်ဟုထင်ကြသည်။ (မာ. ၃:၂၁) သို့တိုင် ယေရှုလက်မလျှော့ခဲ့ပါ။ အချိန်တန်သော် ကိုယ်တော်၏ညီတော်များ သမ္မာတရားကိုလက်ခံခဲ့ကြသည်။ (တ. ၁:၁၄) ကိုယ်တော်၏မိတူဖကွဲညီတော်ယာကုပ်သည် ခရစ်ယာန်အသင်းတော်တွင် အမာခံတစ်ဦးဖြစ်လာသည်။ (ဂလ. ၁:၁၈၊ ၁၉; ၂:၉) သင့်ဆွေမျိုးများ သမ္မာတရားကို လက်ခံပိုက်ကျုံးသည်ကို တွေ့ မြင်ရခြင်းမှ ရွှင်လန်းမှုရလိုပါက နိုင်ငံတော်သတင်းကောင်း သူတို့ထံရောက်ရှိရန်ကြိုးစားခြင်းကို မရပ်ပစ်လိုက်ပါနှင့်။

၃ လန်းဆန်းမှုဖြစ်စေပါ၊ လွှမ်းမိုးဖိစီးမှုမဖြစ်စေနှင့်– အခြားသူများအား ယေရှုဟောပြောသောအခါ ကြားနာသူများသည် နိုင်ထက်စီးနင်းပြုမူခံရသည်ဟုမခံစားရဘဲ လန်းဆန်းမှုကိုခံစားရသည်။ (မ. ၁၁:၂၈၊ ၂၉) ကိုယ်တော်သည် သူတို့နားမလည်နိုင်သည့်သွန်သင်ချက်များဖြင့် လွှမ်းမိုးဖိစီးမှုမပြုခဲ့ပါ။ သင့်ဆွေမျိုးများ သမ္မာတရားရေဖြင့်လန်းဆန်းမှုရစေရန် တစ်ကြိမ်လျှင် တစ်ခွက်သာတိုက်ပါ၊ တစ်ပုံးအပြည့်မတိုက်ပါနှင့်! နယ်လှည့်ကြီးကြပ်မှူးတစ်ဦး ဤသို့သတိပြုမိခဲ့သည်– “အနည်းငယ်မျှပုံမှန်သက်သေခံခြင်းဖြင့် ဆွေမျိုးများ၏သိချင်စိတ်ကို နှိုးဆွပေးသူများသည် အကောင်းဆုံးအကျိုးရလဒ်များကိုရရှိကြသည်။” ဤနည်းဖြင့် အတိုက်အခံပြုသူများပင် စတင်၍ မေးခွန်းများမေးကောင်းမေးလာနိုင်ပြီး နောက်ဆုံးတွင် သမ္မာတရားရေကို ဆာလောင်လာစေသည်။—၁ ပေ. ၂:၂; ၁ ကောရိန္သု ၃:၁၊ ၂ နှိုင်းယှဉ်။

၄ အိမ်ထောင်သည်ခရစ်ယာန်များစွာသည် မယုံကြည်သူအိမ်ထောင်ဖက်များ စိတ်ဝင်စားမည့်အကြောင်းတစ်ခုပါစာပေကို ဖွင့်ပြီးထားခဲ့ခြင်းဖြင့် ထိရောက်စွာသက်သေခံကြသည်။ ထိုသို့ပြုလုပ်ခဲ့သောညီအစ်မတစ်ဦးသည် ခင်ပွန်းသည်ကြားနိုင်သည့်နေရာအတွင်း သူမ၏ကလေးများနှင့်သင်အံမှုကျင်းပခဲ့ရာ ရှင်းလင်းချက်များက သူ့ကိုအကျိုးပြုခဲ့သည်။ တစ်ခါတစ်ရံ ခင်ပွန်းသည်အား သူမဤသို့မေးသည်– “ဒီကနေ့ ကျွန်မရဲ့သင်အံမှုမှာ ဒီအကြောင်းအရာတစ်ခုကိုသိခဲ့ရတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ရှင်ကော ဘယ်လိုထင်သလဲ။” နောက်ဆုံးတွင် သူမ၏ခင်ပွန်းသည်သည် သမ္မာတရားကို လက်ခံခဲ့သည်။

၅ ရိုသေလေးစားမှုရှိပါ၊ သည်းခံစိတ်ရှည်ပါ– “ဆွေမျိုးများပင်ဖြစ်စေ သူတို့၌ ကိုယ်ပိုင်ရှုမြင်သုံးသပ်ပိုင်ခွင့်ရှိသည်” ဟုကြေညာသူတစ်ဦးမှတ်ချက်ချသည်။ ထို့ကြောင့် သူတို့၏ထင်မြင်ယူဆချက်များကို တင်ပြသည့်အခါ သို့မဟုတ် သူတို့အား သမ္မာတရားအကြောင်းမပြောရန် အထူးတောင်းဆိုသောအခါ ရိုသေလေးစားမှုတင်ပြသင့်သည်။ (ဒေ. ၃:၇; ၁ ပေ. ၃:၁၅) စိတ်ရှည်သည်းခံကာ မေတ္တာပြလျက် ကောင်းစွာနားထောင်ပေးခြင်းဖြင့် လိမ္မာပါးနပ်စွာသက်သေခံနိုင်ရန် အခန့်သင့်အခွင့်အလမ်းကိုရှာယူနိုင်သည်။ အနှစ် ၂၀ ကြာကြာ မယုံကြည်သူဇနီးသည်၏ စိတ်မချမ်းမြေ့ဖွယ်ပြုမူဆက်ဆံခြင်းကို စိတ်ရှည်ရှည်သည်းခံခဲ့သည့် ခရစ်ယာန်လင်ယောက်ျားတစ်ဦး၏အဖြစ်အပျက်တွင်တွေ့ရသကဲ့သို့ သည်းခံခြင်းသည် ဆုကျေးဇူးကိုရရှိစေနိုင်သည်။ သူမစပြောင်းလဲလာသည်နှင့်တစ်ပြိုင်နက် သူဤသို့ပြောခဲ့သည်– “စိတ်ရှည်ခြင်းကိုမွေးမြူနိုင်ဖို့ ကျွန်တော့်ကိုကူညီပေးတဲ့အတွက် ယေဟောဝါကို ကျွန်တော်သိပ်ကျေးဇူးတင်တယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ရှည်ခြင်းအကျိုးကို ကျွန်တော်မျက်ဝါးထင်ထင်မြင်နေရလို့ပါပဲ။ ကျွန်တော့်ဇနီးဟာ အသက်လမ်းပေါ်မှာ စလျှောက်လှမ်းနေပြီလေ!”

၆ သင့်ဆွေမျိုးများကောမည်သို့နည်း။ သင်၏ခရစ်ယာန်အမူအကျင့်ကောင်းနှင့် သူတို့အတွက်ဆုတောင်းပေးခြင်းဖြင့် “ယေဟောဝါထံတော်သို့ သူတို့အား သင်သွေးဆောင်နိုင်ပေမည်။”—၁ ပေ. ၃:၁၊ ၂၊ ကဘ၊ အောက်ခြေမှတ်ချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ