ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၇ စာ. ၁
  • သက်သေခံမဟုတ်သည့်အိမ်ထောင်ဖက်များကို ကူညီပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သက်သေခံမဟုတ်သည့်အိမ်ထောင်ဖက်များကို ကူညီပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • အိမ်ထောင်ရေးကို အောင်မြင်စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဘုရားသခင့်အလိုတော်နှင့်တွေ့သော မိသားစုဘဝ
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၁၁/၉၇ စာ. ၁

သက်သေခံမဟုတ်သည့်အိမ်ထောင်ဖက်များကို ကူညီပါ

၁ အိမ်ထောင်သည်မောင်နှံများသည် စစ်မှန်သောဝတ်ပြုရေးတွင်တစည်းတလုံးတည်းရှိသောအခါ အလွန်ပျော်စရာဖြစ်သည်။ သို့ရာတွင် မိသားစုများစွာတွင် အိမ်ထောင်ဖက်တစ်ဦးတည်းသာ သမ္မာတရားလမ်းစဉ်ကိုလက်ခံကြသည်။ ဤသက်သေခံမဟုတ်သည့်အိမ်ထောင်ဖက်များကို ကျွန်ုပ်တို့မည်သို့ကူညီနိုင်ပြီး ကျွန်ုပ်တို့နှင့်အတူယေဟောဝါကိုဝတ်ပြုရန် သူတို့ကို မည်သို့အားပေးနိုင်သနည်း။—၁ တိ. ၂:၁-၄။

၂ သူတို့၏သဘောထားကိုနားလည်ပါ– သက်သေခံမဟုတ်သည့်အိမ်ထောင်ဖက်တချို့သည် အတိုက်အခံလုပ်သော်လည်း အများဆုံးဖြစ်ရသည့်ပြဿနာမှာ လျစ်လျူရှုခံရခြင်း သို့မဟုတ် အထင်လွဲခြင်းအနက်တစ်ခုဖြစ်သည်။ လူတစ်ဦးသည် လျစ်လျူရှုခံရသည်ဟု ခံစားရပေမည် သို့မဟုတ် သူ သို့မဟုတ် သူမအိမ်ထောင်ဖက်၏အသစ်တွေ့ရှိသောဝိညာဉ်ရေးရာအပေါ် မနာလိုဖြစ်ပေမည်။ “အိမ်မှာကျွန်တော်တစ်ဦးတည်းပဲ၊ စွန့်ပယ်ခံရတယ်လို့ ကျွန်တော်ခံစားရတယ်” ဟူ၍ခင်ပွန်းသည်တစ်ဦးပြန်အမှတ်ရသည်။ “ကျွန်တော့်ဇနီးနဲ့သားသမီးတွေ ကျွန်တော့်ကိုစွန့်ပစ်သွားသလို ကျွန်တော်ခံစားရတယ်” ဟူ၍နောက်တစ်ဦးကပြောသည်။ အမျိုးသားတချို့သည် ဘာသာတရားကြောင့် သူတို့၏မိသားစုကို ဆုံးရှုံးသည်ဟု ယူမှတ်ကြပေမည်။ (ဩဂုတ် ၁၅၊ ၁၉၉၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၀-၃ [လိပ်] ရှု။) ယင်းကြောင့် ဖြစ်နိုင်ပါက အိမ်တွင်းကျမ်းစာသင်အံမှုအစပြုကတည်းက ဇနီးသည်နှင့်အတူ ခင်ပွန်းသည်ကိုပါ ပါဝင်စေခြင်းသည် အကောင်းဆုံးဖြစ်သည်။

၃ ပူးပေါင်းလုပ်ဆောင်ပါ– သက်သေခံမောင်နှံတစ်စုံသည် အိမ်ထောင်သည်များကို သမ္မာတရားရရန်ကူညီပေးရာတွင် ထိရောက်စွာအတူတကွလုပ်ဆောင်ခဲ့သည်။ ညီအစ်မသည် ဇနီးဖြစ်သူနှင့်သင်အံမှုကိုအခြေချပြီးနောက် ညီအစ်ကိုက ခင်ပွန်းသည်ထံလည်ပတ်မည်ဖြစ်သည်။ သူသည် ခင်ပွန်းသည်နှင့်သင်အံမှုစနိုင်မည်ဖြစ်သည်။

၄ ဖော်ရွေပါ၊ ဧည့်ဝတ်ကျေပွန်ပါ– အသင်းတော်ရှိမိသားစုများသည် စစ်မှန်သောဝတ်ပြုရေးတွင် တစည်းတလုံးတည်းမရှိသေးသောမိသားစုများကို စိတ်ဝင်စားမှုပြခြင်းဖြင့် ကူညီပေးနိုင်သည်။ ဖော်ရွေမှုရှိသည့်လည်ပတ်မှုအနည်းငယ်က သက်သေခံမဟုတ်သည့်အိမ်ထောင်ဖက်ကို ယေဟောဝါသက်သေများသည် တစ်ဦးအကျိုးကိုတစ်ဦးစိတ်ဝင်စားကြသော လှိုက်လှဲပျူငှာပြီး ဂရုစိုက်သည့်ခရစ်ယာန်များဖြစ်ကြောင်း သိမြင်စေရန်အကူအညီဖြစ်စေမည်။

၅ အခါအားလျော်စွာ အကြီးအကဲများသည် သက်သေခံမဟုတ်သည့်အိမ်ထောင်ဖက်များကိုကူညီရန် မကြာသေးမီကကြိုးစားလုပ်ဆောင်ခဲ့ရာများကို သုံးသပ်ပြီး သူတို့ကိုယေဟောဝါဘက်ပါလာရန်မျှော်လင့်ချက်ဖြင့် နောက်ထပ်လုပ်နိုင်သည့်အရာများကို ပိုင်းဖြတ်နိုင်သည်။—၁ ပေ. ၃:၁၊ အောက်ခြေမှတ်ချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ