ကြေညာချက်များ
▪ ဇန်နဝါရီအတွင်းဝေငှရန်စာပေ– အသင်းတော်တွင်ရှိမည့် ၁၉၈၅ မတိုင်မီကထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိမည်သည့်စာအုပ်ကိုမဆို။ ထိုသို့သောစာအုပ်များလက်ကျန်မရှိသည့်အသင်းတော်များသည် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် သို့မဟုတ် သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း စာအုပ်ကိုဝေငှမည်။ ဖေဖော်ဝါရီ၊ မတ်– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစခြင်းအပေါ် အာရုံစိုက်ပါ။ ဧပြီ– ကင်းမျှော်စင်နှင့် နိုးလော့! တစ်စောင်ချင်းစီ။
▪ ဖေဖော်ဝါရီလမှစတင်၍ မတ် ၁ ရက်ထက်နောက်မကျဘဲ တိုက်နယ်ကြီးကြပ်မှူးများ၏ လူထုဟောပြောချက်အသစ်မှာ “အသက်နှင့်ပတ်သက်သည့် ဘုရားသခင့်ရှုမြင်ပုံကို သင်မျှဝေသလော” ဖြစ်ပါမည်။
▪ အသင်းတော်များသည် သတိရအောက်မေ့ပွဲကို ဤနှစ် ဧပြီ ၁၁ ရက်၊ စနေနေ့နေဝင်ပြီးချိန်တွင်ကျင်းပရန် အဆင်ပြေစွာစီစဉ်သင့်သည်။ ဟောပြောချက်ကိုစောစောစနိုင်သော်လည်း အောက်မေ့ရာအထိမ်းအမှတ်များလက်ဆင့်ကမ်းခြင်းကိုမူ နေဝင်ပြီးနောက်ပိုင်းတွင်သာစတင်သင့်သည်။ သင့်အရပ်ဒေသ၌ အဘယ်အချိန်နေဝင်သည်ကို ဒေသခံတို့ထံတွင်စုံစမ်းကြည့်ပါ။ အရာခပ်သိမ်းကိုစေ့စပ်သေချာစွာသုံးသပ်ပြီးနောက် ထိုအခါသမယမှ တက်ရောက်သူများ အကျိုးအပြည့်အဝခံစားရရန် အကောင်းဆုံးအစီအစဉ်များကို အကြီးအကဲများဆုံးဖြတ်စီစဉ်သင့်သည်။
▪ ၁၉၉၈ သတိရအောက်မေ့ပွဲအချိန်အခါအတွက် အထူးလူထုဟောပြောချက်ကို မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့တွင်ပေးပါမည်။ အောက်လိုင်းပို့ပေးပါမည်။ ထိုစနေ၊ တနင်္ဂနွေအပတ်သည် တိုက်နယ်အပတ်၊ တိုက်နယ်အစည်းအဝေး သို့မဟုတ် အထူးအစည်းအဝေးနေ့ကျင်းပချိန်ဖြစ်နေပါက နောက်အပတ်တွင် အထူးဟောပြောချက်ပေးပါမည်။ မည်သည့်အသင်းတော်မဆို အထူးဟောပြောချက်ကို ၁၉၉၈၊ မတ် ၂၉ မတိုင်မီမပေးရပါ။
▪ အကြီးအကဲအဖွဲ့သည် အသင်းတော်မှ မိမိတို့ဒေသတွင်ကျင်းပသောအစည်းအဝေးများ တက်ရောက်စဉ် အောက်ပါအပြောင်းအလဲများကို သိထားသင့်သည်– အထူးအစည်းအဝေးနေ့အတွက် အစီအစဉ်ဆွဲသည့်အခါ အသင်းတော်တွင် လူထုဟောပြောပွဲနှင့် ကင်းမျှော်စင်သင်တန်းမှလွဲ၍ တစ်ပတ်အတွင်းပုံမှန်အစည်းအဝေးများရှိပါမည်။ တိုက်နယ်စည်းဝေးတက်ဖို့စီစဉ်သောအခါ အသင်းတော်သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်စည်းဝေးအစီအစဉ်ကိုပါ ဖျက်ပါမည်; အသင်းတော်စာအုပ်ကြီးသင်တန်းတစ်ခုတည်းကိုသာ ထိုအပတ်အတွင်း ဒေသန္တရအရကျင်းပပါမည်။
▪ ရရှိနိုင်သောစာအုပ်စာတမ်းများ– မိသားစုပျော်ရွှင်မှု (တရုတ်၊ အင်္ဂလိပ်၊ တယ်မီလ်); အကြီးမြတ်ဆုံးလူသား (မြန်မာ၊ ဟင်ဒီ); ကြွေးကြော်သူများ (တရုတ်); အသိပညာ (မြန်မာ၊ တရုတ်၊ တယ်မီလ်); ကျမ်းစာပုံပြင် (တရုတ်၊ ဟားခါး၊ တီးတိန်); ထာဝစဉ်အသက်ရှင် (အကြီး) (မြန်မာ၊ အင်္ဂလိပ်)၊ (အသေး) (မြန်မာ၊ တီးတိန်၊ အင်္ဂလိပ်); ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! (တယ်မီလ်); သီချင်းစာအုပ် (အကြီး) (အင်္ဂလိပ်၊ တယ်မီလ်)၊ (အသေး) (မြန်မာ၊ အင်္ဂလိပ်); ကင်းမျှော်စင်၊ နိုးလော့! နှစ်ချုပ်အတွဲ-၉၆ (အင်္ဂလိပ်); လူငယ်များအမေး (မြန်မာ); ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ (ဘရိုရှာ) (ဟားခါး၊ ဟင်ဒီ၊ အင်္ဂလိပ်); ဘုရားသခင်သည် ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော (မြန်မာ၊ အင်္ဂလိပ်၊ ဟင်ဒီ၊ အူရ်ဒူ); ကမ္ဘာသားဘဝ (မြန်မာ၊ ဇိုတုန်း); ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည် (ဟင်ဒီ၊ ဟားခါး); တည်မြဲသောငြိမ်သက်မှုနှင့် ပျော်ရွှင်မှု—ယင်းတို့ကို ရှာတွေ့နိုင်ပုံ (တရုတ်၊ အင်္ဂလိပ်); ဘဝရည်ရွယ်ချက်ကားအဘယ်နည်း (မြန်မာ၊ အင်္ဂလိပ်၊ ဟင်ဒီ၊ တရုတ်); တောင်းဆို (မြန်မာ၊ အင်္ဂလိပ်၊ ဟားခါး၊ စကောကရင်၊ ကူကီး၊ ဇိုတုန်း); သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ (မြန်မာ၊ အင်္ဂလိပ်); လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ် (အင်္ဂလိပ်); ပြက္ခဒိန် ၉၈။
▪ ရရှိနိုင်သောကက်ဆက်ခွေများ[လိပ်]– ဂရိကျမ်းစောင်များ (csgs-E); ဟေဗြဲကျမ်းစောင်များ (cshs-E 1-3); တေးသံသာ (csm 1-8); ကျမ်းစာပုံပြင် (csmy); နိုင်ငံတော်သီချင်းကျူးဧခြင်း (css-E); ယေဟောဝါအားချီးမွမ်းကျူးဧခြင်း (csLsb)။
▪ ရရှိနိုင်သောဗီဒီယိုခွေများ[လိပ်]– နာဇီတိုက်ခိုက်မှုကို မားမားမတ်မတ်ရပ်တည်သောယေဟောဝါသက်သေများ; ခရမ်းရောင်တြိဂံ; သမ္မာကျမ်းစာ (အတွဲ ၁၊ ၃); မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့် စည်းလုံးမှု; မြေကြီးစွန်းတိုင်အောင်။
▪ ရရှိနိုင်သောလေဆာဓာတ်ပြားသစ်များ[လိပ်]– နိုင်ငံတော်သီချင်းကျူးဧခြင်း (cds-E); နိုင်ငံတော်တေးသံသာ (cdm-E); ကင်းမျှော်စင်စာကြည့်တိုက်။
▪ ၁၉၉၈ အထူးနှင့်တိုက်နယ်အစည်းအဝေးများ–
တိုက်နယ် ၁
သံဖြူဇရပ် မတ် ၂၇-၂၉
ရန်ကုန် ဧပြီ ၂၄-၂၆
တိုက်နယ် ၂
မန္တလေး ဧပြီ ၂၄-၂၆
မြစ်ကြီးနား မေ ၈-၁၀
မုန်းပေါ် မေ ၂၂-၂၄
တိုက်နယ် ၃
နတ်ချောင်း မေ ၈-၁၀
တာဟန်း မေ ၁၅-၁၇
ခမ်းပတ် မေ ၂၂-၂၄
တိုက်နယ် ၄
ဒိုင်နမ်း မတ် ၁၃-၁၅
လိုတော မတ် ၂၇-၂၉
ဒေါင်ဗား ဧပြီ ၃-၅
တိုက်နယ် ၅
အင်းရဲကျွန်း မတ် ၂၇-၂၉
လေးအိမ်စု ဧပြီ ၂၄-၂၆
တိုက်နယ် ၆
ဟုမ္မလင်း ဖေဖော်ဝါရီ ၂၀-၂၂
ချောက် မတ် ၁၃-၁၅
တာချီလိတ် မတ် ၂၇-၂၉