သီအိုကရက်တစ်သတင်း
လိုင်ဘေးရီးယား– ပြည်တွင်းစစ်ကြောင့် ၁၅ လပိတ်ထားပြီးနောက် မွန်ရိုးဗီးယားမြို့တော်ရှိဌာနခွဲရုံးကို စက်တင်ဘာ ၁ ရက်တွင်ပြန်ဖွင့်လှစ်ခဲ့သည်။ သူတို့သည် စက်တင်ဘာတွင် တစ်ခါမျှမရခဲ့ဖူးသည့် အများဆုံးကြေညာသူနှုန်းသစ် ၁,၉၇၇ ယောက်မှတ်တမ်းသွင်းခဲ့သည်။
မိုဇမ်ဘစ်– စက်တင်ဘာတွင် အများဆုံးကြေညာသူနှုန်းသစ် ၂၈,၀၀၅ ယောက်ရရှိခဲ့သည်။ ယခင်အများဆုံးမှာ ၁၉၇၅ မေလတွင် ၂၅,၇၉၀ ယောက်ဖြစ်၍ ယင်းသည် မိုဇမ်ဘစ်၏သီအိုကရက်တစ်သမိုင်းတွင် မှတ်တိုင်တစ်ရပ်ဖြစ်သည်။
နီပေါလ်– စက်တင်ဘာတွင် အများဆုံးကြေညာသူနှုန်းသစ် ၃၀၆ ယောက်ရရှိခဲ့သည်။ ကျမ်းစာသင်အံမှု ၅၀၀ နီးပါးကို လက်ရှိကျင်းပလျက်ရှိသည်။
စိန့် ဟယ်လီနာ– ဤကျွန်းပေါ်ရှိအိမ်ရှင်တိုင်းသည် နိုင်ငံတော်သတင်း နံပါတ် ၃၅ တစ်စောင်စီရရှိခဲ့ကြသည်။
နိုင်ငံအချို့သည် လွန်ခဲ့သောနှစ်၏ပျမ်းမျှခြင်းထက် ၅-ရာခိုင်နှုန်းခန့်တိုးတက်သော အများဆုံးကြေညာသူနှုန်းသစ်များဖြင့် လုပ်ငန်းတော်နှစ်သစ်ကို စတင်ခဲ့ကြသည်– ဟောင်ကောင်၊ ၄,၂၃၀; မာဒါဂတ်စ်ကာ၊ ၈,၇၄၉ (အများဆုံးမှန်မှန်ရှေ့ဆောင် ၉၁၂ ယောက်အပါအဝင်); တိုင်ဝမ်၊ ၃,၄၉၇။