ကြေညာချက်များ
▪ စက်တင်ဘာတွင်ဝေငှရန်စာပေ– ထာဝရအသက်ရစေသောအသိပညာ။ အောက်တိုဘာ– ကင်းမျှော်စင်နှင့် နိုးလော့!တစ်စောင်ချင်းစီ။ ပြန်လည်ပတ်မှုများတွင် စိတ်ဝင်စားမှုတွေ့ရှိပါက နှစ်စဉ်ကြေးကမ်းလှမ်းနိုင်သည်။ နိုဝင်ဘာ– ထာဝရအသက်ရစေသောအသိပညာ။ ဒီဇင်ဘာ– ထာဝရအသက်ရစေသောအသိပညာ။
▪ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို စက်တင်ဘာ ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစော စစ်ဆေးသင့်သည်။ ယင်းသို့ပြုပြီးနောက် အသင်းတော်အားကြေညာပေးပါ။
▪ ပြန်ဝင်ချင်စိတ်ရှိသည့် နှင်ထုတ်ခံရသူ သို့မဟုတ် ပေါင်းသင်းမှု ရပ်စဲခံခဲ့ရသူများနှင့်ပတ်သက်၍ ဧပြီ ၁၅၊ ၁၉၉၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၂ ပါညွှန်ကြားချက်များကိုလိုက်လျှောက်ကြရန် အကြီးအကဲများကို နှိုးဆော်ပါသည်။
▪ အသင်းတော်နှင့်ပူးပေါင်းသူများသည် ကင်းမျှော်စင်နှင့် နိုးလော့!အတွက် ကိုယ်ပိုင်နှစ်စဉ်ကြေးအပါအဝင် နှစ်စဉ်ကြေးအသစ်နှင့် နောက်နှစ်အတွက်ပြန်ယူခြင်းတို့ကို အသင်းတော်မှတစ်ဆင့်ပို့ပေးရမည်။
▪ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသည့်စာအုပ်စာတမ်းများကို အသင်းမ ဖြည့်စွက်ပေးမည်မဟုတ်ပါ။ ကိုယ်ပိုင်စာပေစာတမ်းယူလိုသူအားလုံးသည် စာအုပ်စာတမ်းတာဝန်ခံညီအကိုအား အသိပေးနိုင်ရန် အသင်းတော်၏ လစဉ်စာအုပ်စာတမ်းမှာယူသည့်စာရင်းကို အသင်းမသို့မပို့မီ ဦးစီးကြီးကြပ်မှူးသည် လစဉ်ကြေညာပေးရန် စီစဉ်ပေးပါမည်။ မည်သည့်စာအုပ်များသည် အထူးမှာယူရသည့်စာအုပ်များဖြစ်သည်ကို ကျေးဇူးပြု၍မမေ့ပါနှင့်။
▪ ရရှိနိုင်သောစာအုပ်စာတမ်းများ–
မိသားစုပျော်ရွှင်မှု— အင်္ဂလိပ်
အသိပညာ— မြန်မာ၊ တရုတ်
ကျမ်းစာပုံပြင်— အင်္ဂလိပ်၊ ကချင်၊ တရုတ်၊ ဟားခါး
ဘုရားသခင်ကိုလူသားများရှာပုံတော်— အင်္ဂလိပ်
သီချင်းစာအုပ်— (အသေး) မြန်မာ; (အကြီး၊ အသေး) အင်္ဂလိပ်
လူငယ်များအမေး— အင်္ဂလိပ်၊ မြန်မာ၊ တရုတ်
အကြီးမြတ်ဆုံးလူသား— မြန်မာ
ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်— ဟားခါး
ဘုရားသခင်သည် ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော— စကောကရင်
တောင်းဆို— ဟားခါး၊ ကူကီး၊ စကောကရင်
ဆွေးနွေးရန်ကျမ်းစာအကြောင်းများ— ဟားခါး
ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ— ဟားခါး၊ မြန်မာ
သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ— မြန်မာ
ကမ္ဘာသားဘဝ— မြန်မာ
▪ ရရှိနိုင်သောကက်ဆက်ခွေများ–
အကြီးမြတ်ဆုံးလူသား— (csgt-E) အင်္ဂလိပ်