အများသောသူတို့ကိုလှုံ့ဆော်သည့် ဇွဲထက်သန်မှု
ကောင်းသောအလုပ်အတွက် သူတို့၏ဇွဲထက်သန်မှုသည် ခရစ်ယာန်ချင်းများဖြစ်ကြသည့် “အများသောသူတို့ကို နှိုးဆော်တိုက်တွန်း [“လှုံ့ဆော်၊” ကဘ]” မှုဖြစ်စေခဲ့ခြင်းကြောင့် တမန်တော်ပေါလုက ကောရိန္သုမြို့သားများကိုချီးမွမ်းခဲ့သည်။ (၂ ကော. ၉:၂) များသောအားဖြင့် လူတစ်ဦး၊ မိသားစုတစ်စု၊ စာအုပ်ကြီးသင်တန်းအုပ်စုတစ်ခု သို့မဟုတ် အသင်းတော်တစ်ခုလုံးသည် ဧဝံဂေလိလုပ်ငန်းတွင် ဇွဲထက်သန်စွာပါဝင်ခြင်းဖြင့် အလားတူအကျိုးသက်ရောက်မှုရှိနိုင်သည်။ ဓမ္မအမှုအတွက် ဇွဲထက်သန်မှုကိုတင်ပြနိုင်သည့် နည်းအချို့ကို ဤတွင်ဖော်ပြထားသည်။
◼ မဂ္ဂဇင်းနေ့လုပ်ငန်းအတွက် သင့်စနေနေ့များကို သီးသန့်ဖယ်ထားပါ။
◼ တနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်းအချို့၌ ပါဝင်ပါ။
◼ ညနေပိုင်းသက်သေခံခြင်းတွင်ပါဝင်ရန် နေ့တာရှည်ချိန်များကို အသုံးပြုပါ။
◼ စီစဉ်ထားသည့် မည်သည့်အထူးသက်သေခံခြင်းနေ့တွင်မဆို ပါဝင်ပါ။
◼ အမှုဆောင်ထွက်ရန် အလုပ် သို့မဟုတ် ကျောင်းမှ အားလပ်ရက်တစ်ရက်ကိုသုံးပါ။
◼ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ချိန်တွင် ဓမ္မအမှု၌ပါဝင်အားပေးပါ။
◼ တစ်နှစ်တွင် တစ်လ သို့မဟုတ် ထိုထက်မက အရန်ရှေ့ဆောင်လုပ်ပါ။
◼ ဖြစ်နိုင်လျှင် မှန်မှန်ရှေ့ဆောင်ရန် သင့်အခြေအနေများကို ပြုပြင်ပြောင်းလဲပေးပါ။
၂၀၀၀ ပြည့်နှစ်ယေဟောဝါသက်သေတို့၏နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၁၇-၁၉ [လိပ်] ကိုကြည့်ပါ။