ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၀ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၅/၀၀ စာ. ၇

ကြေညာချက်များ

◼မေ လတွင်ဝေငှရန်စာပေ– ကင်းမျှော်စင် နှင့် နိုးလော့! တစ်စောင်ချင်းစီ။ စိတ်ဝင်စားမှုပြသူများအတွက် တောင်းဆို ဘရိုရှာကိုရရှိစေကာ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် ကြိုးစားပါ။ ဇွန်– ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း။ အိမ်တွင်းကျမ်းစာသင်အံမှုများစခြင်းကို အာရုံစိုက်ပါ။ ဇူလိုင်နှင့်သြဂုတ်– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝထာဝရစံစားကြ! သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ထာဝစဉ်တည်တံ့သွားမည့်မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း နှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း [လိပ်]၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် စစ်မဲ့ကမ္ဘာတစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်] ဘရိုရှာများကို သင့်လျော်သလိုဝေငှနိုင်သည်။

◼ မည်သည့်ပုဂ္ဂိုလ်ရေးအပြန်အလှန်ပေးစာ၌မဆို အသင်းမ၏လိပ်စာကို ဘယ်သောအခါမျှမသုံးသင့်ကြောင်း ကြေညာသူအားလုံးကို သတိပေးဖို့လိုအပ်ကြောင်းကို ကျွန်ုပ်တို့တွေ့ရှိရသည်။ ၎င်းတွင် စိတ်ဝင်စားသူများထံ၊ လူမတွေ့ခဲ့သည့်အိမ်များထံ သို့မဟုတ် လူသူရောက်ခဲသောနေရာများတွင်နေထိုင်သူများထံ သက်သေခံရန်ပေးပို့သည့် စာများနှင့်စာပေအားလုံးပါဝင်ပါသည်။ စာဖြင့်သက်သေခံသည့်အခါ သင့်ကိုယ်ပိုင်လိပ်စာ သို့မဟုတ် ဒေသခံနိုင်ငံတော်ခန်းမလိပ်စာကိုသုံးပါ။ ကျေးဇူးပြု၍ အသင်းမ၏လိပ်စာကို မသုံးပါနှင့်။

◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးထားသူသည် အသင်းတော်စာရင်းအင်းများကို ဇွန် ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစော စာရင်းစစ်ဆေးသင့်သည်။ ယင်းသို့ပြုပြီးနောက် အသင်းတော်ကိုကြေညာပေးပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ