ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၁ စာ. ၈
  • အိမ်နီးချင်းကောင်းတစ်ဦးအဖြစ် သက်သေခံပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်နီးချင်းကောင်းတစ်ဦးအဖြစ် သက်သေခံပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်နီးချင်းကောင်းများသည် အကျိုးပြု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သင်ဟာ “လူသားချင်းကို ကိုယ်နှင့်အမျှချစ်” သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၄/၀၁ စာ. ၈

အိမ်နီးချင်းကောင်းတစ်ဦးအဖြစ် သက်သေခံပါ

၁ ယေရှုက “အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်” ပါဟုမိန့်မှာခဲ့သည်။ (မ. ၂၂:၃၉၊ သက) သင်သည် ယုံကြည်သူချင်းတို့ကို “ကောင်းမှုပြု” မည်မှန်သော်လည်း အနီးအနားတွင်နေထိုင်သူများအပေါ် သင်၏မေတ္တာကိုတိုးချဲ့နိုင်မည်လော။ (ဂလ. ၆:၁၀၊ ကဘ) မည်သည့်နည်းများဖြင့်နည်း။

၂ သင့်ကိုယ်သင် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြခြင်းအားဖြင့်– သင်သည် သက်သေခံတစ်ဦးဖြစ်ကြောင်း သင့်အိမ်နီးချင်းများသိကြသလော။ မသိပါက လယ်ကွင်းလုပ်ငန်းတွင် သူတို့ထံလည်ပတ်ပါလေ။ ရရှိသည့်အကျိုးရလဒ်များကား သင့်အားအံ့အားသင့်စေပေမည်! သို့မဟုတ် သင့်အနေနှင့် ပို၍သက်သောင့်သက်သာဖြစ်မည်ဆိုလျှင် သူတို့ကို အလွတ်သဘောသက်သေခံရန် ကြိုးစားပါ။ အိမ်အပြင်၌ရှိနေစဉ် သူတို့သည် ခြံဝင်းထဲတွင်အလုပ်လုပ်နေခြင်း သို့မဟုတ် လမ်းပေါ်တွင် နားနားနေနေလမ်းလျှောက်နေခြင်းတို့ကို သင်တွေ့ရကောင်းတွေ့ရပေမည်။ လှိုက်လှဲသောအပြုံးဖြင့် သူတို့ထံချဉ်းကပ်ပါ။ သင့်ယုံကြည်ချက်များ၊ နိုင်ငံတော်ခန်းမတည်နေရာနှင့် ထိုတွင်ပြုလုပ်သည့်အရာတို့ကို ပြောပြရန်ကြိုးစားကာ အနီးအနားတစ်ဝိုက်မှ အခြားမည်သူမည်ဝါတက်ရောက်ကြောင်း သူတို့ကိုသိရှိစေပါ။ အစည်းအဝေးများသို့ ဖိတ်ခေါ်ပါ။ သင်သိသူတိုင်းအား သတင်းကောင်းကို စေ့စေ့စပ်စပ်သက်သေခံရန် ဆုံးဖြတ်ပါ။—တ. ၁၀:၄၂; ၂၈:၂၃။

၃ နမူနာယူအပ်သော သင့်အကျင့်အကြံအားဖြင့်– သင်၏ရင်းနှီးဖော်ရွေသောအကျင့်အကြံက သင့်အကြောင်း အတော်အတန်ဖော်ပြကာ သက်သေခံဖို့လမ်းပွင့်စေနိုင်သည်။ ထို့အပြင် ယင်းက ‘ဘုရားသခင်၏သွန်သင်ချက်ကိုတန်ဆာဆင်’ ပေး၏။ (တိ. ၂:၇၊ ၁၀) သင့်အိမ်နီးချင်းများကို အမှန်စိတ်ဝင်စားကြောင်းတင်ပြပါ။ ဖော်ရွေကာ နားလည်မှုရှိပါ။ ၎င်းတို့၏လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးနေပိုင်ခွင့်ကို လေးစားပါ။ သူတို့ထဲမှတစ်ဦးဦး နေထိုင်မကောင်းဖြစ်လျှင် စာနာထောက်ထားကာ အကူအညီပေးပါ။ မိသားစုအသစ်တစ်ခု အနီးအနားသို့ပြောင်းရွှေ့လာသည့်အခါ သူတို့ကိုကြိုဆိုရန် သွားရောက်လည်ပတ်ပါ။ ဤသို့သောကြင်နာသည့်လုပ်ရပ်များက နှစ်သက်စွဲမှတ်ဖွယ်ဖြစ်ကာ ယင်းကို ယေဟောဝါနှစ်သက်အားရတော်မူသည်။—ဟေဗြဲ ၁၃:၁၆။

၄ သင့်မြေရာအဆောက်အအုံအသွင်အပြင်အားဖြင့်– အိမ်နီးချင်းကောင်းတစ်ယောက်ဖြစ်ခြင်းတွင် သင့်အိမ်သည် ကြည့်ပျော်ရှုပျော်ရှိစေရန် ၎င်းကိုဂရုစိုက်ခြင်းပါဝင်သည်။ သန့်ရှင်းပြီးဆွဲဆောင်မှုရှိသော အိမ်နှင့်ခြံဝင်းကိုယ်နှိုက်က သက်သေခံချက်တစ်ရပ်ဖြစ်၏။ သို့သော် ညစ်ပတ်နေသော သို့မဟုတ် စွန့်ပစ်ပစ္စည်းများပြန့်ကျဲနေသောအိမ်တစ်လုံးသည် နိုင်ငံတော်သတင်း၏တန်ဖိုးကို လျော့စေနိုင်သည်။ ထို့ကြောင့် သင့်အိမ်၊ ခြံဝင်းနှင့် ယာဉ်များကို သန့်သန့်ရှင်းရှင်းနှင့် အခြေအနေကောင်းမွန်စွာထားရန် အလွန်အရေးကြီးသည်။

၅ ခရစ်ယာန်အသင်းတော်ပြင်ပရှိသူများအတွက် စိုးရိမ်မကင်းဖြစ်ကြောင်းတင်ပြခြင်းသည် သင့်အိမ်နီးချင်းများကို ချစ်ကြောင်းပြရာရောက်သည်။ အဘယ်အကျိုးရရှိနိုင်မည်နည်း။ “သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည်ထောက်ရှု၍” သူတို့ထဲမှအချို့သည် “ဘုရားသခင်ကိုချီးမွမ်း” လာနိုင်ပါသည်။—၁ ပေ. ၂:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ