ကြေညာချက်များ
◼ စက်တင်ဘာ တွင်ဝေငှရန်စာပေ– ထာဝရအသက်ရစေသောအသိပညာ။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ။ ပြန်လည်ပတ်မှုများ၌ စိတ်ဝင်စားမှုတွေ့လျှင် နှစ်စဉ်ကြေးကမ်းလှမ်းနိုင်သည်။ နိုဝင်ဘာ– ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း သို့မဟုတ် ထာဝရအသက်ရစေသောအသိပညာ။ လူတို့တွင် ၎င်းတို့ရှိထားပြီဖြစ်ပါက ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်] သို့မဟုတ် အခြားစာအုပ်ဟောင်းတစ်ခုကို ဝေငှနိုင်သည်။ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား။ နောက်တစ်မျိုးဝေငှမှုအနေနှင့် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်၊ သမ္မာကျမ်းစာ—ဘုရားသခင်နှုတ်ကပါဌ်တော်လော၊ လူ့နှုတ်ထွက်လော [လိပ်] သို့မဟုတ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ကိုအသုံးပြုနိုင်သည်။
◼ ပြန်ဝင်ချင်စိတ်ရှိသည့် နှင်ထုတ်ခံရသူ သို့မဟုတ် ပေါင်းသင်းမှုရပ်စဲခံခဲ့ရသူများနှင့်ပတ်သက်၍ ဧပြီ ၁၅၊ ၁၉၉၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၂ ပါညွှန်ကြားချက်များကို လိုက်လျှောက်ကြရန် အကြီးအကဲများကို နှိုးဆော်ပါသည်။
◼ ဧပြီ ၁၀၊ ၂၀၀၁ ရက်စွဲဖြင့် အသင်းတော်အားလုံးထံသို့ရေးသောစာက No Blood—Medicine Meets the Challenge (သွေးအလိုမရှိ—စိန်ခေါ်ချက်ကို ဆေးဝါးရင်ဆိုင်ခြင်း) ဟူသောဗီဒီယိုမှတ်တမ်းခွေအသစ်ကို ထုတ်ဝေကြောင်း ကြေညာခဲ့ပါသည်။ ၎င်းအစီအစဉ်ကို ပြည်သူလူထုအတွက် အထူးရည်စူးပြင်ဆင်ပေးထားသည်။ ထို့ကြောင့် မယုံကြည်သူအိမ်ထောင်ဖက် သို့မဟုတ် ဆွေမျိုးများ၊ ကျောင်းဆရာများ၊ အလုပ်ဖော်များ၊ ကျောင်းနေဖက်များ၊ အိမ်နီးချင်းများ၊ ကျမ်းစာသင်သားများနှင့် ကျွန်ုပ်တို့အစပြုစကားစမြည်ပြောဆိုပြီးနောက် အစီအစဉ်ကိုကြည့်ရှုခြင်းမှ အကျိုးများစွာရရှိနိုင်သည်။ သက်သေခံမဟုတ်သူများနှင့် အစီအစဉ်ကိုကြည့်ရှုပြီးနောက် တစ်စုံတစ်ရာသောမေးခွန်းများမေးခြင်း သို့မဟုတ် မှတ်ချက်များပေးခြင်းက ပြန်လည်ပတ်မှုလုပ်ရန် သို့မဟုတ် ကျမ်းစာသင်အံမှုစတင်ရန်အတွက် အခြေအမြစ်ချပေးနိုင်သည်။
◼ ကင်းမျှော်စင်သင်တန်းတွင် ဆောင်းပါးများကို ဟားခါးဘာသာစကားဖြင့် လေ့လာနိုင်ရန် စက်တင်ဘာ ၁ ရက် ၂၀၀၁ လထုတ်မှစ၍ ဟားခါးဘာသာစကားဖြင့် လေ့လာရန်ဘရိုရှာ ထုတ်ဝေပေးမည်ဖြစ်၍ လိုအပ်သလောက် အမှာစာတင်သွင်းနိုင်ပါသည်။
◼ ရရှိနိုင်သောစာအုပ်စာတမ်းများ–
လူငယ်များအမေး—တာသွားသည့်အဖြေ—အင်္ဂလိပ်၊ မြန်မာ
အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော (အသေး)—အင်္ဂလိပ်
ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း (အသေး)—အင်္ဂလိပ်
ဒံယေလပရောဖက်ပြုချက်ကိုအာရုံစူးစိုက်လော့—အင်္ဂလိပ်၊ တယ်မီလ်
ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၁—အင်္ဂလိပ်
ကမ္ဘာသစ်ဘာသာပြန်ကျမ်း (DLbi12-E; DLbi25-E)—အင်္ဂလိပ်
ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ—အင်္ဂလိပ်
ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်
ထာဝရအသက်ရစေသောအသိပညာ—တယ်မီလ်
မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်
အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား—အင်္ဂလိပ်၊ မြန်မာ
သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော—အင်္ဂလိပ်၊ တရုတ်
ဘုရားသခင့်လမ်းညွှန်မှု—ပရဒိသုသို့သွားရာလမ်း—တယ်မီလ်၊ ဟင်ဒီ
ကမ္ဘာသားဘဝထာဝရစံစားကြ!—အင်္ဂလိပ်၊ ပိုးကရင်၊ ရှမ်း
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း—တယ်မီလ်၊ ဟင်ဒီ၊ ဟားခါး
ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော—အင်္ဂလိပ်၊ တယ်မီလ်
ဝေစာမျိုးစုံ—မြန်မာ
ဝေစာနံပါတ် ၁၅၊ ၁၉၊ ၂၃၊ ၂၄—တရုတ်