ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၁ စာ. ၄
  • ဟောပြောရန်အတားအဆီးဖြစ်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟောပြောရန်အတားအဆီးဖြစ်သလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဒီဟာတွေထက် ကျွန်တော့်ကို ပိုချစ်သလား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ‘နိုင်ငံတော်ကို ရှေးဦးစွာ ဆက်၍ရှာကြလော့’
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်ပါ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • သင်အလွန်အလုပ်များနေသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၉/၀၁ စာ. ၄

ဟောပြောရန်အတားအဆီးဖြစ်သလော

၁ လူအများစုသည် အလွန်အလုပ်များကြသည်။ ယေဟောဝါသက်သေများသည် ဘုရားသခင့်နှုတ်မြွက်စကားတော်လေ့လာခြင်း၊ အသင်းတော်စည်းဝေးများတက်ရောက်ခြင်းနှင့် လယ်ကွင်းလုပ်ငန်းတွင်ပါဝင်ရခြင်းတို့ကြောင့် အလုပ်အများဆုံးသူတို့အဝင်ဖြစ်ကြသည်။ ထို့ပြင် ကျွန်ုပ်တို့သည် အချိန်ပေးရသည့် လောကီအလုပ်၊ အိမ်အလုပ် သို့မဟုတ် ကျောင်းအလုပ်နှင့် အခြားတာဝန်မြောက်မြားစွာလုပ်ဆောင်ရာတွင် အလုပ်များကြသည်။ ယင်းသည် အထူးသဖြင့် အိမ်ထောင်ဦးစီးများအတွက် ခက်ခဲသောအရာဖြစ်သည်။

၂ ဒေသအသီးသီးရှိ အဆင်မပြေသော စီးပွားရေးအခြေအနေများကြောင့် အိမ်ထောင်ဦးစီးများသည် နာရီပေါင်းများစွာအလုပ်လုပ်ရပြီး အသက်မွေးဝမ်းကျောင်းပြုရန် ရုန်းကန်ရပေမည်။ သူတို့သည် လောကီအလုပ်များအတွက် ၎င်းတို့၏အချိန်နှင့်ခွန်အားအများစုကိုပေးရသည့်အခါ ဟောပြောခြင်းလုပ်ငန်းအတွက် အချိန်အနည်းငယ်သာကျန်တော့သည်။ မိသားစုကို ရုပ်ပိုင်းအရထောက်ပံ့ရန်တာဝန်ရှိသောကြောင့် မိမိတို့သည် ဓမ္မအမှုတွင် အကန့်အသတ်ဖြင့်သာပါဝင်နိုင်သည်ဟု အချို့သူတို့ခံစားရပေမည်။ (၁ တိ. ၅:၈) မှန်ပါသည်၊ ယခုအခါ ဘဝလိုအပ်ရာများရရှိရေးနှင့်ဆက်နွှယ်သည့် ဖိစီးမှုများစွာရှိပါသည်။ သို့သော် လူတစ်ဦး၏လောကီအလုပ်သည် သတင်းကောင်းဟောပြောရန် အတားအဆီးမဖြစ်ဖို့လိုသည်။ (မာ. ၁၃:၁၀) ထို့ကြောင့် ကျွန်ုပ်တို့၏အခြေအနေမှန်ကို ဆန်းစစ်သင့်သည်။

၃ ကမ္ဘာ့မြင်ကွင်းသည် အမြဲပြောင်းလဲနေသောကြောင့် အိမ်ထောင်ဦးစီးတစ်ဦးသည် ကြိုတင်မမြင်နိုင်သောအကျပ်အတည်းကာလအတွက် မိမိဆောင်ထားသည့်ငွေကို တိုးလာစေရန်ရည်စူးလျက် အလုပ်တွင် အချိန်အလွန်အကျွံသုံးလိုပေမည်။ (၁ ကော. ၇:၃၁) တိုးချဲ့ထားသောလောကီအလုပ်ကြောင့် ရုပ်ပစ္စည်းအပိုအလျှံများ သို့မဟုတ် အပန်းဖြေခြင်းနှင့် ဖျော်ဖြေမှုအတွက် ထပ်ဆင့်အခွင့်အလမ်းများ ရနိုင်ပုံပေါက်သော်လည်း ဝိညာဉ်ရေးလိုက်စားမှုများနှင့် အစည်းအဝေးမှန်မှန်တက်ခြင်းတို့အတွက် အသုံးပြုသည့်အချိန်ကိုအရှုံးခံ၍ ယင်းတို့ကိုပြုမည်ဆိုလျှင် မိသားစုကို ပို၍ပျော်ရွှင်စေပြီး ကျေနပ်ရောင့်ရဲစေမည်လော။ ကျွန်ုပ်တို့သည် မိမိတို့၏ဝိညာဉ်ရေးကို အန္တရာယ်ဖြစ်စေမည့် မည်သည့်အရာကိုမဆို အမှန်ပင်ရှောင်ရှားလိုကြမည်။ “ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူး” ကာ ‘ဘုရားသခင့်ရှေ့တော်တွင်ကြွယ်ဝ’ ပါဟူသော ယေရှု၏သြဝါဒကို လိုက်နာခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်သည်။—မ. ၆:၁၉-၂၁; လု. ၁၂:၁၅-၂၁၊ သမ။

၄ နိုင်ငံတော်အကျိုးစီးပွားကိုရှေးဦးရှာပါ– ယေရှုသည် မိမိ၏နောက်လိုက်များအား အခြားအရာရှိသမျှထက် ဝိညာဉ်ရေးရာများကို ရှေးဦးထားရန် သွန်သင်ခဲ့သည်။ “‘အဘယ်သို့စားသောက်ရအံ့နည်း၊’ ‘အဘယ်သို့ဝတ်ရအံ့နည်း’ ဟူ၍မစိုးရိမ်ကြနှင့်” ဟုသူတို့အား ကိုယ်တော်တိုက်တွန်းခဲ့သည်။ ကိုယ်တော်သည် အဘယ်ကြောင့် ထိုသို့ပြောသနည်း။ “ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏” ဟုကိုယ်တော်ရှင်းပြခဲ့သည်။ ယင်းကို ကျွန်ုပ်တို့အမှန်ယုံကြည်စိတ်ချမည်ဆိုလျှင် ယေရှုဤသို့ဆက်ပြောခဲ့သည့်အရာကို မလုပ်ဆောင်နိုင်ရန် ဟန့်တားမည့်အတားအဆီးရှိမည်မဟုတ်ပေ။ “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ [မရှိမဖြစ်လိုအပ်ရာ] များကိုထပ်၍ပေးတော်မူလတ္တံ့။” ယင်းတို့ကို ကိုယ်တော်ကြည့်ရှုတော်မူလိမ့်မည်! (မ. ၆:၃၁-၃၃) ဤအချိန်သည် ဝမ်းစာရေးအတွက် အလွန်အကျွံစိုးရိမ်ပူပန်ခြင်း သို့မဟုတ် မကြာမီပျောက်ကွယ်တော့မည့် အစီအစဉ်စနစ်တွင် သက်သောင့်သက်သာနေလိုသည့်ဆန္ဒတို့ဖြင့် အာရုံပျံ့လွင့်ရမည့်အချိန်မဟုတ်ပေ။—၁ ပေ. ၅:၇; ၁ ယော. ၂:၁၅-၁၇။

၅ လောကီအလုပ်၏အဓိကရည်ရွယ်ချက်မှာ လူတစ်ဦး၏ရုပ်ပိုင်းလိုအပ်ရာများကို ထောက်ပံ့ပေးရန်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့မည်မျှလိုအပ်ပါသနည်း။ တမန်တော်ပေါလုက “စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့” ဟုရေးသားခဲ့သည်။ ထိုထက်မကကျွန်ုပ်တို့တွင်ရှိရန် ကြိုးစားနေပါသလော။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့သည် “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သောတပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏” ဟုပေါလုသတိပေးခဲ့သည့် အကျိုးဆက်များကို ရိတ်သိမ်းရပေမည်။ (၁ တိ. ၆:၈၊ ၉; မ. ၆:၂၄; လု. ၁၄:၃၃) ကျွန်ုပ်တို့သည် လွန်ကဲသောလိုအင်ဆန္ဒများအားဖြင့် ဟန့်တားမှုကိုခံနေရ၊ မခံနေရဟူသည်ကို မည်သို့သိနိုင်သနည်း။

၆ ကျွန်ုပ်တို့၏လောကီလိုက်စားမှုများကြောင့် လယ်ကွင်းလုပ်ငန်းတွင် အနည်းငယ်သာပါဝင်သည် သို့မဟုတ် သတင်းကောင်းအတွက် စွန့်လွှတ်မှုများပြုရန်လိုအပ်သည်ကို မသိမြင်တော့လျှင် ကျွန်ုပ်တို့၏ဦးစားပေးမှုများကို ပြုပြင်ရန်လိုသည်။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) တော်ရုံသင့်ရုံဘဝပုံစံက ကျွန်ုပ်တို့၏ဟောပြောခြင်းအတွက် ယင်းအတားအဆီးကိုဖယ်ရှားရန် ထောက်ကူပေးပါလိမ့်မည်။ ကျွန်ုပ်တို့၏အချိန်နှင့်ခွန်အားအသုံးပြုခြင်းနှင့်ပတ်သက်လာလျှင် နိုင်ငံတော်အကျိုးစီးပွားသည် ပထမဦးစားပေးအမြဲဖြစ်သင့်သည်။

၇ အချည်းနှီးမဖြစ်သည့်အလုပ်– “သခင်အရှင်နှင့်ပတ်သက်သည့် [ကျွန်ုပ်တို့၏] လုပ်ဆောင်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိမှတ်လျက် သခင်အရှင်၏လုပ်ငန်း၌ လုပ်ကိုင်စရာများစွာ” အစဉ်ရှိနေရန် ပေါလု၏စကားများက ကျွန်ုပ်တို့ကိုအားပေးသည်။ (၁ ကော. ၁၅:၅၈၊ ကဘ) အရေးကြီးဆုံး “သခင်အရှင်၏လုပ်ငန်း” သည် နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းဖြစ်၏။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့သည် အတတ်နိုင်ဆုံးအပြည့်အဝပါဝင်ရန် ပတ်စဉ်လယ်ကွင်းလုပ်ငန်းအတွက် အချိန်ဇယားဆွဲကာ ထိုအချိန်ကို အခြားမည်သည့်လိုက်စားမှုအတွက်မဆို အသုံးမပြုမိရန် ကြိုးစားသင့်သည်။ (ဧ. ၅:၁၅-၁၇) သို့ဖြစ်လျှင် လောကီအလုပ်ရော အခြားအဘယ်အရာမဆိုပါ ကျွန်ုပ်တို့၏ဓမ္မအမှုအတွက် အတားအဆီးတစ်ခုဖြစ်လာမည်မဟုတ်ပေ။

၈ ကျွန်ုပ်တို့သည် အခြားသူတို့အား ကျမ်းစာသမ္မာတရားဝေမျှရာတွင် မိမိတို့ကိုယ်ကိုပေးဆက်သည့်အခါ ပေးကမ်းခြင်းမှရရှိသည့် သာလွန်ထူးကဲသောပျော်ရွှင်မှုကိုခံစားကြရသည်။ (တ. ၂၀:၃၅) ကျွန်ုပ်တို့သည် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်နေခြင်းဖြင့် အနာဂတ်ကို ယုံကြည်စိတ်ချစွာစောင့်မျှော်နိုင်ပါသည်၊ အကြောင်းမှာ “[ကျွန်ုပ်တို့] ၏အလုပ်မှစ၍ နာမတော်ကိုထောက်၍ပြသော [ကျွန်ုပ်တို့] ၏မေတ္တာကို မေ့လျော့သည်တိုင်အောင် ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကင်းတော်မူသည်မဟုတ်” သောကြောင့်တည်း။—ဟေဗြဲ ၆:၁၀၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ