ကြေညာချက်များ
◼ အောက်တိုဘာ တွင်ဝေငှရန်စာပေ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ။ ပြန်လည်ပတ်မှုများတွင် စိတ်ဝင်စားမှုတွေ့လျှင် နှစ်စဉ်ကြေးကမ်းလှမ်းနိုင်သည်။ နိုဝင်ဘာ– ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်း သို့မဟုတ် ထာဝရအသက်ရစေသောအသိပညာ။ လူတို့တွင် ၎င်းတို့ရှိထားနှင့်ပြီဖြစ်ပါက ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်] သို့မဟုတ် အခြားစာအုပ်ဟောင်းတစ်ခုကို ဝေငှနိုင်သည်။ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား။ နောက်တစ်မျိုးဝေငှမှုအနေနှင့် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်၊ သမ္မာကျမ်းစာ—ဘုရားသခင်နှုတ်ကပါဌ်တော်လော၊ လူ့နှုတ်ထွက်လော [လိပ်] သို့မဟုတ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ကိုအသုံးပြုနိုင်သည်။ ဇန်နဝါရီ– အသင်းတော်တွင်ရှိမည့် ၁၉၈၇ ခုနှစ်မတိုင်မီကထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို။ အသင်းတော်တွင် ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်] ရှိသေးပါက ယင်းကိုလည်းဝေငှနိုင်သည်။
◼ ဤလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်ပါကြားညှပ်သည် “၂၀၀၂ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်” ဖြစ်ပြီး ၂၀၀၂ ခုနှစ်တစ်လျှောက်လုံး ရည်ညွှန်းရန်အတွက် သိမ်းထားသင့်သည်။
◼ အသင်းတော်များသည် ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၂ ကိုအောက်တိုဘာ စာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူနိုင်ပါသည်။ ဤစာအုပ်ငယ်များမရောက်မချင်း အသင်းတော်သို့ပို့သည့်စာရင်းတွင် ယင်းတို့ကို “ဆိုင်းငံ့ထား” ဟူ၍ဖော်ပြထားမည်။ ကျမ်းစာကိုစေ့စေ့ကြည့်ရှုခြင်း စာအုပ်ငယ်များသည် အထူး-တောင်းခံပစ္စည်းများဖြစ်သည်။
◼ ရရှိနိုင်သောစာအုပ်စာတမ်းများ–
ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်—မြန်မာ
လူငယ်များအမေး—တာသွားသည့်အဖြေ—အင်္ဂလိပ်၊ မြန်မာ
အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော (အသေး)—အင်္ဂလိပ်
ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း—အင်္ဂလိပ် (အသေး)၊ မြန်မာ
ဒံယေလပရောဖက်ပြုချက်ကိုအာရုံစူးစိုက်လော့—အင်္ဂလိပ်၊ တယ်မီလ်
ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၁—အင်္ဂလိပ်
ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်
ထာဝရအသက်ရစေသောအသိပညာ—အင်္ဂလိပ်၊ မြန်မာ
မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်
အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား—အင်္ဂလိပ်၊ မြန်မာ
သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော—အင်္ဂလိပ်၊ တရုတ်
ကမ္ဘာသားဘဝထာဝရစံစားကြ!—အင်္ဂလိပ်၊ ပိုးကရင်၊ ရှမ်း
ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ—ကချင်
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း—တယ်မီလ်၊ ဟင်ဒီ၊ ဟားခါး
ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော—အင်္ဂလိပ်၊ တယ်မီလ်
ဘရိုရှာမျိုးစုံ—မြန်မာ
ဝေစာမျိုးစုံ—အင်္ဂလိပ်၊ မြန်မာ