ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၂ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၃/၀၂ စာ. ၇

ကြေညာချက်များ

◼ မတ် တွင်ဝေငှရန်စာပေ– ထာဝရအသက်ရစေသောအသိပညာ။ ကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားကြမည်။ ဧပြီနှင့်မေ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ။ ကြေညာသူများသည် အိမ်ရှင်များအား သူတို့ဆန္ဒရှိလျှင် ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေထည့်ဝင်နိုင်ကြောင်း အသိပေးသင့်သည်။ စိတ်ဝင်စားမှုပြလျှင် တောင်းဆို ဘရိုရှာကိုဝေငှကာ ကျမ်းစာသင်အံမှုများစတင်ရန် အထူးကြိုးစားပါ။ ဇွန်– ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း သို့မဟုတ် ထာဝရအသက်ရစေသောအသိပညာ။ အိမ်ရှင်များတွင် ၎င်းစာပေများရှိလျှင် အသင်းတော်တွင်ရှိသည့် သင့်လျော်သောဘရိုရှာတစ်ခုကိုဝေငှပါ။

◼ ဧပြီလတွင် အရန်ရှေ့ဆောင်လုပ်လိုသောကြေညာသူများသည် ယခုပင်စီစဉ်၍ လျှောက်လွှာများကို စောစောတင်ထားသင့်သည်။ ဤသို့အားဖြင့် အကြီးအကဲများသည် လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို လိုအပ်သလိုစီစဉ်ကာ မဂ္ဂဇင်းနှင့် အခြားစာပေများ အလုံအလောက်ရှိရန် စီစဉ်ပေးနိုင်မည်။ အရန်ရှေ့ဆောင်လုပ်ရန် ခွင့်ပြုချက်ရသူအားလုံး၏အမည်ကို အသင်းတော်အား လစဉ်ကြေညာသင့်သည်။

◼ သတိရအောက်မေ့ပွဲကို ၂၀၀၂၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့တွင် ကျင်းပမည်ဖြစ်သည်။ သင့်အသင်းတော်သည် ပုံမှန်အားဖြင့် ကြာသပတေးနေ့တွင် အစည်းအဝေးများရှိမည်ဆိုလျှင် ယင်းတို့ကို နိုင်ငံတော်ခန်းမအားလပ်မည့် ထိုအပတ်၏အခြားနေ့တစ်နေ့သို့ ပြောင်းရန်ဖြစ်သည်။ ထိုသို့မဖြစ်နိုင်ဘဲ သင့်လုပ်ငန်းတော်စည်းဝေးကို ထိခိုက်မည်ဆိုလျှင် သင့်အသင်းတော်နှင့်အထူးသက်ဆိုင်သည့် အပိုင်းများကို နောက်လုပ်ငန်းတော်စည်းဝေးတွင် ပေါင်း၍လုပ်နိုင်သည်။

◼ ၂၀၀၂ ခုနှစ် အင်းရဲကျွန်း တိုက်နယ်နှင့်အထူးအစည်းအဝေးကို မတ် ၂၂-၂၄ သို့ပြောင်းလိုက်ပါသည်။

◼ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသည့်စာအုပ်စာတမ်းများကို ဌာနခွဲရုံးက ပို့ပေးမည်မဟုတ်ပါ။ ကိုယ်ပိုင်ရလိုသောစာအုပ်စာတမ်းအားလုံးကို စာအုပ်စာတမ်းတာဝန်ခံညီအစ်ကိုအား အသိပေးနိုင်ရန် အသင်းတော်၏ လစဉ်စာအုပ်စာတမ်းတောင်းခံလွှာကို ဌာနခွဲသို့မပို့မီ လစဉ်ကြေညာပေးရန် ဦးစီးကြီးကြပ်မှူးသည် စီစဉ်ပေးသင့်သည်။ မည်သည့်စာအုပ်များသည် အထူး-မှာယူပစ္စည်းများဖြစ်သည်ကို ကျေးဇူးပြု၍မမေ့ပါနှင့်။

◼ ရရှိနိုင်သောစာအုပ်စာတမ်းများ–

ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်—မြန်မာ၊ ဟားခါး

လူငယ်များအမေး—တာသွားသည့်အဖြေ—အင်္ဂလိပ်၊ မြန်မာ

အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော (အသေး)—အင်္ဂလိပ်

ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း—အင်္ဂလိပ် (အသေး)၊ မြန်မာ

ဒံယေလ၏ပရောဖက်ပြုချက်ကိုဂရုပြုလော့!—အင်္ဂလိပ်၊ တယ်မီလ်

ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၁—အင်္ဂလိပ်

ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၂—အင်္ဂလိပ်

ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်

ထာဝရအသက်ရစေသောအသိပညာ—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်၊ ဟားခါး

မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်

အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား—မြန်မာ၊ တရုတ်၊ အူရ်ဒူ

သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော—အင်္ဂလိပ်၊ တရုတ်

ကမ္ဘာသားဘဝထာဝရစံစားကြ!—အင်္ဂလိပ်၊ ပိုးကရင်၊ ရှမ်း၊ ကချင်၊ ဟားခါး၊ ဇိုတုန်း

ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ—ကချင်၊ ဟားခါး

ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း—ကူကီး၊ တယ်မီလ်၊ ဟင်ဒီ၊ ဟားခါး၊ ကချင်၊ စကောကရင်၊ လားဟူ၊ လီဆူး၊ မြန်မာ

ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော—အင်္ဂလိပ်၊ တယ်မီလ်၊ စကောကရင်

ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း—အင်္ဂလိပ်

ကျေနပ်ရောင့်ရဲသောဘဝ—ယင်းကိုမည်သို့ရရှိနိုင်—အင်္ဂလိပ်

အရေးအဖတ် [Apply Yourself to Reading and Writting]—အင်္ဂလိပ်

ဘရိုရှာမျိုးစုံ—မြန်မာ

ဝေစာမျိုးစုံ—အင်္ဂလိပ်၊ မြန်မာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ