ကြေညာချက်များ
◼ အောက်တိုဘာ တွင်ဝေငှရန်စာပေ– ကင်းမျှော်စင် နှင့်နိုးလော့! မဂ္ဂဇင်းများ။ စိတ်ဝင်စားမှုပြလျှင် တောင်းဆို ဘရိုရှာကိုဝေငှကာ ကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားပါ။ နိုဝင်ဘာ– ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း သို့မဟုတ် ထာဝရအသက်ရစေသောအသိပညာ။ လူတို့တွင် ၎င်းတို့ရှိထားပြီးဖြစ်ပါက စာအုပ်ဟောင်းတစ်ခုကို ဝေငှနိုင်သည်။ သင့်တွင် မည်သည့်စာပေမျှ လက်ကျန်မရှိလျှင် အနီးအနားအသင်းတော်များတွင် စာပေအဟောင်းများအပိုရှိမရှိ စုံစမ်းနိုင်သည်။ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား။ နောက်တစ်မျိုးဝေငှမှုအနေနှင့် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်၊ သမ္မာကျမ်းစာ—ဘုရားသခင်နှုတ်ကပါဌ်တော်လော၊ လူ့နှုတ်ထွက်လော [လိပ်] သို့မဟုတ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ကို အသုံးပြုနိုင်သည်။ အသင်းတော်တွင် နောက်တစ်မျိုးဝေငှရန်စာပေတစ်ခုမျှမရှိလျှင် အနီးအနားအသင်းတော်တစ်ခုခုတွင် သင်အသုံးပြုနိုင်သည့်စာပေများ အပိုရှိမရှိသိရန် ကျေးဇူးပြု၍ စုံစမ်းပါ။ ဇန်နဝါရီ– အသင်းတော်တွင်ရှိမည့် ၁၉၈၈ ခုနှစ်မတိုင်မီကထုတ်ဝေခဲ့သော မည်သည့်စာအုပ်ကိုမဆို။ သင့်တွင် ၎င်းတို့တစ်ခုမျှမရှိလျှင် အနီးအနားအသင်းတော်များတွင် သင်အသုံးပြုနိုင်သည့် စာပေဟောင်းများအပိုရှိမရှိ ကျေးဇူးပြု၍စုံစမ်းပါ။ စာအုပ်ဟောင်းများမရှိသောအသင်းတော်များသည် ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်] ကိုဝေငှနိုင်သည်။
◼ ဌာနခွဲရုံးသည် လက်ရှိလည်ပတ်နေသည့် သို့မဟုတ် မကြာမီလည်ပတ်မည့် နယ်လှည့်ကြီးကြပ်မှူးများထံ စာများကို အသင်းတော်တစ်ခု၏ ဦးစီးကြီးကြပ်မှူးမှတစ်ဆင့် ပို့လေ့ရှိသည်။ ၎င်းစာသည် အတွင်းရေးနှင့်ဆိုင်သည်။ နယ်လှည့်ကြီးကြပ်မှူးထံသို့လိပ်မူထားသော မည်သည့်စာကိုမဆို မဖောက်ဘဲ ၎င်းအား ချက်ချင်းပေးသင့်သည်။