ကြေညာချက်များ
◼ ဇန်နဝါရီ တွင်ဝေငှရန်စာပေ– ၁၉၈၈ ခုနှစ်မတိုင်မီက ထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို ဝေငှနိုင်သည်။ ၁၉၂-မျက်နှာရှိသည့် စာအုပ်ဟောင်းများမရှိသော ဌာနခွဲများသည် ဘုရားသခင်ကို လူသားများရှာပုံတော် [လိပ်] ကိုဝေငှနိုင်သည်။ ဖေဖော်ဝါရီ– ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်သစ်ကို ဝေငှကြမည်။ ဤစာအုပ်မရှိသေးသော ဌာနခွဲများသည် နောက်တစ်မျိုးဝေငှမှုအနေနှင့် ဖန်ဆင်းခြင်း စာအုပ် သို့မဟုတ် ဗျာဒိတ်ကျမ်းအထွတ်အထိပ် [လိပ်] စာအုပ်ကို အသုံးပြုနိုင်သည်။ မတ်– အိမ်တွင်းကျမ်းစာသင်အံမှုများစရန် ကြိုးစားလျက် အသိပညာ စာအုပ်ကိုဝေငှပါ။ ဧပြီနှင့်မေ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို တစ်စောင်ချင်းစီဝေငှပါ။ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့ ကိုဝေငှရန် အာရုံစိုက်ပါ။ အထူးသဖြင့် အချို့သူများသည် အသိပညာ စာအုပ်နှင့် တောင်းဆို ဘရိုရှာကို လေ့လာနှင့်ပြီးဖြစ်လျှင် သူတို့နှင့် အိမ်တွင်းကျမ်းစာသင်အံမှုများစရန် ကြိုးစားသင့်သည်။
◼ ဖေဖော်ဝါရီလမှစ၍ မတ်လ ၂ ရက်ထက်နောက်မကျဘဲ တိုက်နယ်ကြီးကြပ်မှူးများဟောမည့် လူထုဟောပြောချက်အသစ်မှာ “မှောင်မိုက်လောကမှ ကယ်နုတ်ခံရခြင်း” ဖြစ်ပါမည်။
◼ အသင်းတော်များသည် သတိရအောက်မေ့ပွဲကို ဤနှစ် ဧပြီ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့နေဝင်ပြီးချိန်တွင် ကျင်းပရန် သင့်လျော်သည့်အစီအစဉ်များပြုလုပ်သင့်သည်။ ဟောပြောချက်ကိုစောစောစနိုင်သော်လည်း အောက်မေ့ရာအထိမ်းအမှတ်များ လက်ဆင့်ကမ်းခြင်းကိုမူ နေဝင်ပြီးနောက်ပိုင်းတွင်သာစတင်သင့်သည်။
◼ ရရှိနိုင်သောစာအုပ်စာတမ်းအသစ်စာရင်းကို ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် ဤလထုတ်တွင်ကဲ့သို့ ဖော်ပြတော့မည်မဟုတ်ပေ။ ယင်းအချက်အလက်နှင့်အတူ “အသင်းတော်အားလုံးအတွက်ကြေညာချက်” ကို အသင်းတော်အားလုံးထံသို့ လစဉ် စာဖြင့်ဆက်၍ပို့ပေးပါမည်။ သတိပေးချက်အနေနှင့် “အသင်းတော်အားလုံးအတွက်ကြေညာချက်” ကိုရသည်နှင့် သင့်အသင်းတော်စိတ်ဝင်စားမည့် ပစ္စည်းများနှင့်ပတ်သက်၍ လာမည့်လုပ်ငန်းတော်အစည်းအဝေးတွင် ကြေညာသင့်သည်။ ထို့နောက် ကြေညာချက်ကို ကြော်ငြာသင်ပုန်းတွင် ကပ်ထားနိုင်ပါသည်။ ၎င်းနောက် စာအုပ်စာတမ်းအမှုထမ်းသည် ယင်းကို သူ၏ဖိုင်တွင်သိမ်းထားသင့်သည်။