မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဒီ. ၁၅
“တစ်နှစ်တာရဲ့ ဒီလိုအချိန်မှာ လူများစွာဟာ ယေရှုမွေးဖွားတဲ့အကြောင်း စဉ်းစားကြတယ်။ ဘယ်လိုမိသားစုမျိုးမှာ ကိုယ်တော်ကြီးပြင်းလာတယ်ဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် လုကာ ၂:၅၁၊ ၅၂ ကိုဖတ်ပါ။] ဒီလထုတ်ကင်းမျှော်စင်က ယေရှုကြီးပြင်းလာပုံနဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းကနေ ကျွန်တော်တို့ရရှိနိုင်တဲ့ လက်တွေ့ကျသင်ခန်းစာတွေကို ဆွေးနွေးထားတယ်။”
နိုးလော့! ဇန်. ၈
“အပြောင်းအလဲမြန်ဆန်တဲ့ ဒီကနေ့လောကမှာကလေးတွေဟာကြီးပြင်းတာ မြန်ဆန်လွန်းနေသလားလို့လူအများ တွေးတောကြတယ်။ အဲဒီအတွက် မိတ်ဆွေကော စိုးရိမ်နေသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဒေသနာ ၃:၁၊ ၄ ကိုဖတ်ပါ။] ကလေးဘဝဟာ လူကြီးတာဝန်တွေကို ထမ်းဆောင်ရမယ့်အချိန်မဖြစ်သင့်ဘူး။ ဒီလထုတ်နိုးလော့!က မိဘများဟာ မိမိတို့ကလေးတွေရဲ့ ကလေးဘဝကို ဘယ်လိုကာကွယ်ပေးနိုင်သလဲဆိုတာ ဆွေးနွေးထားတယ်။”
ကင်းမျှော်စင် ဇန်. ၁
“ကမ္ဘာကြီးငြိမ်းချမ်းဖို့ လူအတော်များများတမ်းတကြတယ်။ဒီစကားတွေပြည့်စုံလာတာကို ကျွန်တော်တို့မြင်ရမယ်လို့ မိတ်ဆွေထင်သလား။ [ဆာလံ ၄၆:၉ ကိုဖတ်ပါ။ထို့နောက် တုံ့ပြန်မှုကို စောင့်ပါ။]အဲဒါကို ဘယ်လိုဖြစ်မြောက်စေမလဲ၊ စစ်မဲ့ကမ္ဘာတစ်ခုနဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိတော်အပေါ် ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲဆိုတာ ဒီလထုတ်ကင်းမျှော်စင်က ဆွေးနွေးထားတယ်။”