ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၄ စာ. ၈
  • ယေရှု၏စိတ်သဘောထားကို တုပကြလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု၏စိတ်သဘောထားကို တုပကြလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်တော်၏စိတ်သဘောထားကို ထင်ဟပ်ပြလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • တခြားသူတွေရဲ့ အကျိုး သယ်ပိုးခြင်းအားဖြင့် ယေရှုကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • လုပ်ငန်းတော်နှစ်သစ်အတွက်မွန်မြတ်သောပန်းတိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ခရစ်တော်၏မေတ္တာက မေတ္တာတင်ပြရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၄/၀၄ စာ. ၈

ယေရှု၏စိတ်သဘောထားကို တုပကြလော့

၁။ အဘယ်စိတ်သဘောထားကို ယေရှုပြခဲ့သနည်း။

၁ ကျွန်ုပ်တို့သည် ဘုရားသခင့်သားတော်ကို တစ်ခါမျှ မမြင်ဖူးကြသော်လည်း ယေရှု၏အသက်တာနှင့် ဓမ္မအမှုအကြောင်း ရေးသားထားသောမှတ်တမ်းမှတစ်ဆင့် ကိုယ်တော်ကို အမှန်ချစ်မြတ်နိုးလာကြသည်။ (၁ ပေ. ၁:၈) ကိုယ်တော်သည် ခမည်းတော်၏အလိုတော်ကို နာခံသည့်အနေနှင့် မြင့်မြတ်သောကောင်းကင်ရာထူးကို စွန့်လွှတ်ကာ မြေကြီးပေါ်သို့ ကြွလာခဲ့သည်။ ကိုယ်တော်သည် လူသားတစ်ဦးအနေနှင့် ကိုယ်ကျိုးမငဲ့ဘဲ သူတစ်ပါးအစေကိုခံကာ လူသားများအကျိုးအတွက် မိမိ၏အသက်ကိုစွန့်ခဲ့သည်။ (မ. ၂၀:၂၈) ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့တိုက်တွန်းသည်– “ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။” ကိုယ်တော်၏ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။—ဖိ. ၂:၅-၈။

၂။ အဘယ်စိန်ခေါ်ချက်ကိုခရစ်ယာန်များစွာ ရင်ဆိုင်ကြရသနည်း၊ ယင်းကို အောင်မြင်ကျော်လွှားရန် အဘယ်အရာက သူတို့အား ကူညီပေးနိုင်သနည်း။

၂ ပင်ပန်းနွမ်းလျသောအခါ– စုံလင်သူယေရှုပင်လျှင်ပင်ပန်းနွမ်းလျခဲ့သည်။တစ်ခါက ကိုယ်တော်သည် “ခရီးသွား၍ပင်ပန်း” သောအခါ ရှမာရိအမျိုးသမီးတစ်ဦးကို စေ့စေ့စပ်စပ်သက်သေခံခဲ့သည်။ (ယော. ၄:၆) ယနေ့ ခရစ်ယာန်များစွာသည် အလားတူစိန်ခေါ်ချက်ကို ရင်ဆိုင်ကြရသည်။ တစ်ပတ်တာအတွင်း ပင်ပန်းစွာအလုပ်လုပ်ပြီးနောက် ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ရန် ခွန်အားရှိဖို့ အခက်အခဲရှိနိုင်သည်။ သို့သော် ထိုသို့ပုံမှန်လုပ်ဆောင်သွားလျှင် ခရစ်ယာန်ဓမ္မအမှုက ကျွန်ုပ်တို့အား ဝိညာဉ်ရေးအရလန်းဆန်းစေကြောင်း တွေ့ရှိရမည်ဖြစ်သည်။—ယော. ၄:၃၂-၃၄။

၃။ ယေရှု၏ သွန်သင်ပေးရန် တလိုတလားရှိမှုကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။

၃ အခြားတစ်ချိန်တွင် ယေရှုနှင့် ကိုယ်တော့်တပည့်တော်များသည် ခေတ္တအနားယူရန် လူဆိတ်ညံရာသို့ ဦးတည်၍သွားခဲ့ကြသည်။ သို့သော် လူအုပ်ကြီးသည် တွေ့ရှိသွားကာ သူတို့နှင့်တွေ့ဆုံရန် ရှေ့မှပြေးကြသည်။ ယေရှုသည် စိတ်ဆိုးမည့်အစား သူတို့ကို “သနား” ကာ ဆက်လက်၍ “များစွာသောဆုံးမသြဝါဒကို ပေးတော်မူ၏။” (မာ. ၆:၃၀-၃၄) ကျမ်းစာသင်အံမှုများစတင်ကျင်းပရန် အလားတူစိတ်သဘောထားရှိဖို့လို၏။ မဆုတ်မနစ် အားစိုက်ထုတ်မှုနှင့် လူတို့အပေါ် စစ်မှန်သောမေတ္တာရှိဖို့လည်းလိုသည်။ သင်သည် ကျမ်းစာသင်အံမှုတစ်ခုကို ယခုကျင်းပမနေလျှင် သင်အံမှုတစ်ခုရရန် ကြိုးစားရာတွင် အရှုံးမပေးပါနှင့်။

၄။ အရန်ရှေ့ဆောင်လုပ်ခြင်းက ခရစ်တော်၏စိတ်သဘောထားကိုတုပရန် ကျွန်ုပ်တို့အား မည်သို့ကူညီနိုင်သနည်း။

၄ ဝိညာဉ်ရေးရာများကို ဦးစားထားပါ– အရန်ရှေ့ဆောင်လုပ်ခြင်းက ဝိညာဉ်ရေးလုပ်ဆောင်မှုများအပေါ် ပိုမိုအာရုံစိုက်ရန် ကူညီပေးနိုင်သည်။ ညီအစ်မငယ်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “ကျွန်မသူငယ်ချင်းတစ်ဦးရဲ့အမေက သူနဲ့အတူ အရန်ရှေ့ဆောင်တစ်လလုပ်ဖို့ ကျွန်မတို့နှစ်ဦးစလုံးကို အားပေးခဲ့တယ်။ သူနဲ့အတူလုပ်ခဲ့ရလို့ ကျွန်မတကယ်ဝမ်းသာတယ်။ ညီအစ်ကိုညီအစ်မတွေနဲ့ ပိုပြီးသိကျွမ်းခဲ့ရတယ်၊ မကြာခင်မှာ သူတို့ဟာ ကျွန်မအတွက် မိသားစုလိုဖြစ်သွားတယ်။ တခြားသူတွေကို ယေဟောဝါအကြောင်းပြောပြဖို့နဲ့ အလွန်ကောင်းမွန်တဲ့ နိုင်ငံတော်သမ္မာတရား သွန်သင်ပေးဖို့ အခွင့်အရေးလည်း ပိုရလာတယ်။ ဒီအရာအားလုံးက ကျွန်မကို ယေဟောဝါ၊ ကိုယ်တော့်အဖွဲ့အစည်းနဲ့ ပိုပြီးနီးကပ်လာတယ်လို့ ခံစားရစေတယ်။”—ဆာ. ၃၄:၈။

၅။ ယေရှု၏စိတ်သဘောထားကိုတုပရန် အဘယ်ကြောင့် ဆက်၍ကြိုးစားနေရမည်နည်း။

၅ မိမိတို့၏မစုံလင်သောအသွေးအသားနှင့် ယေဟောဝါ၏နှစ်သက်မှုရလိုသောဆန္ဒတို့ ပြိုင်ဆိုင်မှုကို ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ကြရသည်။ (ရော. ၇:၂၁-၂၃) ကျွန်ုပ်တို့သည် လောက၏ ပင်ပန်းမခံချင်သောစိတ်ဓာတ်ကို တွန်းလှန်ရမည်။ (မ. ၁၆:၂၂၊ ၂၃) ထိုသို့တွန်းလှန်ရာတွင် အောင်မြင်မှုရရှိရန် ယေဟောဝါသည် မိမိ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကိုကူညီနိုင်သည်။ (ဂလ. ၅:၁၆၊ ၁၇) ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်သောကမ္ဘာသစ်ထဲသို့ ကယ်နုတ်ခံရရန် စောင့်မျှော်နေစဉ် မိမိတို့၏အကျိုးစီးပွားထက် နိုင်ငံတော်အကျိုးစီးပွားနှင့် အခြားသူများ၏အကျိုးစီးပွားကို ရှေးဦးထားခြင်းဖြင့် ယေရှု၏စိတ်သဘောထားကို တုပနိုင်ကြပါစေ။—မ. ၆:၃၃; ရော. ၁၅:၁-၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ