ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၄ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
နဓ ၅/၀၄ စာ. ၃

ကြေညာချက်များ

◼ မေတွင်ဝေငှရန်စာပေ– ကင်းမျှော်စင်နှင့် နိုးလော့! နှစ်မျိုးစလုံးကိုဝေငှပါ။ သတိရအောက်မေ့ပွဲ သို့မဟုတ် အခြားသီအိုကရက်တစ်အခါသမယများကို တက်ရောက်သော်လည်း အဖွဲ့အစည်းနှင့် တက်ကြွစွာမပေါင်းသင်းသူများ ပါဝင်ကောင်းပါဝင်မည်ဖြစ်သည့် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ ဘုရားသခင်ကိုကိုးကွယ်လော့စာအုပ်ကို ဝေငှရန်အာရုံစိုက်ပါ။ ကြိုးစားမှုတိုင်းသည် အိမ်တွင်းကျမ်းစာသင်အံမှုစတင်ရန် ဖြစ်သင့်သည်၊ အထူးသဖြင့် အချို့သူများသည် အသိပညာစာအုပ်နှင့် တောင်းဆိုဘရိုရှာကို လေ့လာထားပြီးလျှင်ဖြစ်သည်။ ဇွန်– ကြီးမြတ်သောဆရာထံမှ သင်ယူလော့ [လိပ်]။ မိမိတို့တွင် ကလေးမရှိကြောင်းပြောလျှင် တောင်းဆိုဘရိုရှာကို ဝေငှပါ။ ဘရိုရှာကိုအသုံးပြုသည့်အခါ အိမ်တွင်းကျမ်းစာသင်အံမှုများစခြင်းအပေါ် အာရုံစိုက်ပါ။ ဇူလိုင်နှင့်သြဂုတ်– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝထာဝရစံစားကြ! “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်းနှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။

◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးထားသူသည် အသင်းတော်စာရင်းအင်းများကို ဇွန် ၁ရက် သို့မဟုတ် စောနိုင်သရွေ့စောစော စာရင်းစစ်ဆေးသင့်သည်။ ယင်းကိုပြုလုပ်ပြီးလျှင် အသင်းတော်ကိုကြေညာပါ။

◼ မေလစာအုပ်စာတမ်း ထုပ်ပို့မှုမှအစပြု၍ အသင်းတော်ပုံစံစာရွက်တစ်နှစ်စာကို ပုံစံစာရွက်များရရှိသည်နှင့် အသင်းတော်များသို့ ပို့ပေးလျက်ရှိသည်။ ပုံစံစာရွက်များဖြန့်ဝေမှုနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်များကို ထုပ်ပို့ရေးစာရင်းပေါ်တွင် ဖော်ပြထားပါမည်။ နိုင်ငံတော်ခန်းမကြီးတစ်ခုတွင် အသင်းတော်တစ်ခုထက်မကရှိသောအခါ စာအုပ်စာတမ်းညှိနှိုင်းရေးမှူးသည် ပုံစံစာရွက်များရောက်ရှိလျှင်ရောက်ရှိချင်း အသင်းတော်တစ်ခုစီ ၎င်းတို့၏ပုံစံစာရွက်များရရှိကြောင်း သေချာစေသင့်သည်။

◼ ၂၀၀၄၊ မေ ၈၊ စနေနေ့တွင် ဗေသလအဆောက်အအုံတွင် သန့်ရှင်းရေးလုပ်ရန် ပိတ်ထားပါမည်။ ယင်းကြောင့် ထိုနေ့တွင် အသင်းတော်များမှ အလည်အပတ်လာခြင်း၊ စာအုပ်စာတမ်းများ လာထုတ်ယူခြင်း အစီအစဉ်များမရှိပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ