အောက်မေ့ရာပွဲနှိုးဆော်ချက်များ
ဤနှစ် အောက်မေ့ရာပွဲသည် ဧပြီ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည်။ အကြီးအကဲများသည် အောက်ပါကိစ္စရပ်များကို အာရုံစိုက်သင့်သည်။
◼ အစည်းအဝေးအတွက် အချိန်သတ်မှတ်ရာတွင် အထိမ်းအမှတ်များကို နေမဝင်မချင်း ကမ်းပေးမည်မဟုတ်ကြောင်း သေချာစေပါ။
◼ ဟောပြောချက်ပေးသူအပါအဝင် ယောက်တိုင်းကို အထိမ်းအမှတ်ပွဲ၏အချိန်နှင့် နေရာအတိအကျကို အသိပေးထားသင့်သည်။
◼ သင့်လျော်သောမုန့်နှင့်စပျစ်ရည်အမျိုးအစားကို ရရှိထားသင့်ပြီး အသင့်ပြင်ထားသင့်သည်။—ဖေဖော်ဝါရီ ၁၅၊ ၂၀၀၃၊ ကင်းမျှော်စင်၊ စစ. ၁၄-၁၅ ရှု။
◼ ပန်းကန်၊ ဖန်ခွက်၊ သင့်လျော်သည့်စားပွဲနှင့် စားပွဲခင်းကို ခန်းမသို့ ကြိုတင်ယူထားပြီး နေရာချထားသင့်သည်။
◼ နိုင်ငံတော်ခန်းမ သို့မဟုတ် အစည်းအဝေးလုပ်မည့်အခြားနေရာကို ကြိုတင်၍ သေသေချာချာ သန့်ရှင်းရေးလုပ်ထားသင့်သည်။
◼ ဧည့်ကြိုများနှင့် မုန့်၊ စပျစ်ရည်ဝေမည့်သူများကို ရွေးချယ်ထားသင့်ပြီး သူတို့၏တာဝန်များ၊ လိုက်နာရမည့် သင့်လျော်သောလုပ်ထုံးလုပ်နည်းနှင့် သိက္ခာရှိရှိ ဝတ်စားဆင်ယင်ရန်လိုအပ်မှုတို့နှင့်စပ်လျဉ်း၍ ကြိုတင်ညွှန်ကြားထားသင့်သည်။
◼ အိုမင်းမစွမ်းဖြစ်၍ မတက်ရောက်နိုင်သော ဘိသိက်ခံတစ်ဦးဦးကို အထိမ်းအမှတ်များဝေပေးရန် အစီအစဉ်များပြုလုပ်သင့်သည်။
◼ နိုင်ငံတော်ခန်းမတစ်ခုတည်းကို အသင်းတော်တစ်ခုထက်မက သုံးရန်စီစဉ်သောအခါ ဧည့်ခန်း၊ တံခါးဝ၊ လူသွားလမ်းစင်္ကြံနှင့် ကားရပ်သည့်နေရာတို့တွင် မလိုအပ်ဘဲပြွတ်သိပ်နေခြင်းမရှိစေရန် အသင်းတော်အချင်းချင်း ကောင်းစွာညှိနှိုင်းဆောင်ရွက်သင့်သည်။