သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၆ ခုနှစ် စက်တင်ဘာ ၄ မှ အောက်တိုဘာ ၃၀ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆–၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ စကားပြောဆိုသည့်အခါ တည်ငြိမ်မှုရှိရန် အဘယ်ကြောင့်အရေးကြီးသနည်း။ စိုးရိမ်ပူပန်မှုကို မည်သို့လျော့ပါးစေနိုင်သနည်း။ [ပက စ. ၁၃၅ အပိုဒ် ၅–စ. ၁၃၇ အပိုဒ် ၂၊ လေးထောင့်ကွက်များ]
၂။ ကျွန်ုပ်တို့၏ ယုံကြည်ချက်များအကြောင်း မေးမြန်းခံရသည့်အခါ အဘယ်ကြောင့် ကျမ်းစာအသုံးပြု၍ ဖြေဆိုသင့်သနည်း။ [ပက စ. ၁၄၃ အပိုဒ် ၁-၃]
၃။ ကျမ်းစာအသုံးပြုရာတွင် ကျွန်ုပ်တို့ မည်သို့ပို၍ကျွမ်းကျင်လာနိုင်သနည်း။ [ပက စ. ၁၄၄၊ လေးထောင့်ကွက်]
၄။ ဓမ္မအမှုလုပ်ငန်းတွင် ကျွန်ုပ်တို့ သွန်သင်ပေးသည့်အခါ ကျမ်းစာများများ အသုံးပြုဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။ အသင်းတော်အစည်းအဝေးများ၌ မည်သည့်နည်းဖြင့် ကျမ်းစာကို ပို၍အသုံးပြုနိုင်သနည်း။ [ပက စစ. ၁၄၅-၆၊ လေးထောင့်ကွက်များ]
၅။ ကျမ်းချက်များကို မိတ်ဆက်သည့်အခါ ကျွန်ုပ်တို့၏ရည်ရွယ်ချက်နှစ်ခုမှာ အဘယ်နည်း။ [ပက စ. ၁၄၇ အပိုဒ် ၂]
တာဝန်နံပါတ် ၁
၆။ ဆာလံကျမ်းတွင် အဘယ်ရှင်သန်သည့် သတင်းတရားပါရှိသနည်း။ [ဘကမ-၀၁ စ. ၂၃ အပိုဒ် ၂၃]
၇။ သုတ္တံကျမ်းကို အဘယ်အချိန်တွင် ရေးသားပြီး စုဆောင်းပြုစုခဲ့သနည်း။ [ဘကမ-၀၁ စ. ၂၇ အပိုဒ် ၅]
၈။ ပညာရှိသုတ္တံစကားဆိုသည်မှာ အဘယ်နည်း။ ကျမ်း၏ဟေဗြဲခေါင်းစဉ်သည် အဘယ်ကြောင့်သင့်တော်သနည်း။ [ဘကမ-၀၁ စ. ၂၇ အပိုဒ် ၆]
၉။ သုတ္တံ ၂:၁-၅ တွင် ‘ငွေကိုရှာတတ်သကဲ့သို့၊ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့’ အသိပညာ၊ နားလည်မှုနှင့် ပိုင်းခြားသိမြင်မှုတို့ကို ရှာဖွေရန် အားပေးထားခြင်းက ဘာကိုဆိုလိုသနည်း။ [ပက စ. ၃၈ အပိုဒ် ၄]
၁၀။ သုတ္တံကျမ်းကိုယ်နှိုက်က ယင်း၏အကျိုးပြုရည်ရွယ်ချက်ကို မည်သို့ဖော်ပြထားသနည်း။ [ဘကမ-၀၁ စ. ၂၈ အပိုဒ် ၁၉]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ဒါဝိဒ်သည် မည်သို့အားဖြင့် “အမိနို့နှင့်ကွာသောသူငယ်ကဲ့သို့ ကိုယ်စိတ်ကိုဖြေ၍ ငြိမ်းစေ” ခဲ့သနည်း။ သူ့ကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။ (ဆာ. ၁၃၁:၁-၃)
၁၂။ ဆာလံ ၁၃၉:၇-၁၂ မှ အဘယ်နှစ်သိမ့်မှုရရှိနိုင်သနည်း။
၁၃။ ကျွန်ုပ်တို့၏ဆုတောင်းချက်များနှင့် ဓမ္မအမှုလုပ်ငန်းတွင် ချီးမွမ်းနိုင်သော ဆာလံအခန်းကြီး ၁၄၅ ပါ ယေဟောဝါ၏ကြီးမြတ်မှု ပုံနမူနာအချို့ကား အဘယ်နည်း။ (ဆာ. ၁၄၅:၃)
၁၄။ ယေဟောဝါကို ကြောက်ရွံ့သောသဘောသည် အဘယ်နည်းဖြင့် “အသိပညာ၏အချုပ်အခြာ၊” “ဉာဏ်ပညာ၏မူလအမြစ်” ဖြစ်သနည်း။ (သု. ၁:၇; ၉:၁၀၊ ကဘ)
၁၅။ သုတ္တံ ၇:၁၊ ၂ တွင်ဖော်ပြထားသော “ငါ့စကား” နှင့် “ငါ့ပညတ်” တို့တွင် အဘယ်အရာများပါဝင်သနည်း။