ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၇ စာ. ၁
  • အဖိုးတန်ဘဏ္ဍာ အပ်နှင်းခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖိုးတန်ဘဏ္ဍာ အပ်နှင်းခံရ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားရေးရာဘဏ္ဍာကို စိတ်စွဲလမ်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ‘ဘုရားသခင်ကို သိကျွမ်းခြင်းပညာ’ ကို သင် ရှာတွေ့နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဟောပြောခြင်းအခွင့်ထူးကို တန်ဖိုးထားပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • မမြင်နိုင်တဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ကြောင်း ပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၂/၀၇ စာ. ၁

အဖိုးတန်ဘဏ္ဍာ အပ်နှင်းခံရ

၁ တမန်တော်ပေါလုသည် ဘုရားသခင်အပ်နှင်းထားသော ဟောပြောခြင်းတာဝန်ကို အလွန်တန်ဖိုးထားပြီး ယင်းကို “ဘဏ္ဍာ” အဖြစ် ရည်ညွှန်းခဲ့၏။ (၂ ကော. ၄:၇) သူသည် ထိုတာဝန်ကိုထမ်းဆောင်ရာတွင် အခက်အခဲများနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ခံရပ်ခဲ့ရသည်။ တွေ့ဆုံသူတိုင်းကို မမောနိုင်မပန်းနိုင် ဟောပြောသည်။ ထို့ပြင် အခက်အခဲပေါများပြီး အန္တရာယ်ထူပြောသော ကုန်းကြောင်း၊ ရေကြောင်းခရီးကို သွားလာခဲ့ရသည်။ ကျွန်ုပ်တို့လည်း ဓမ္မအမှုကိုတန်ဖိုးထားကြောင်း တင်ပြရာတွင် ပေါလုကိုမည်သို့တုပနိုင်သနည်း။ (ရော. ၁၁:၁၃၊ ၁၄) အဘယ်အရာက ကျွန်ုပ်တို့၏ဓမ္မအမှုကို အဖိုးတန်ဘဏ္ဍာဖြစ်စေသနည်း။

၂ ထူးမြတ်သောဘဏ္ဍာ– မြေကြီးဘဏ္ဍာများသည် စိတ်သောကရောက်စေပြီး ခေတ္တ သို့မဟုတ် အကန့်အသတ်ဖြင့်သာ အကျိုးပေးနိုင်သည်။ သို့သော် ကျွန်ုပ်တို့၏ဓမ္မအမှုသည် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူများကိုပါ တည်မြဲသောအကျိုးကျေးဇူးများ ရရှိစေသည်။ (၁ တိ. ၄:၁၆) ယင်းက စိတ်ရင်းမှန်သူများကို ယေဟောဝါအကြောင်း သိရှိစေပြီး သူတို့၏ဘဝတွင် လိုအပ်သောပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်စေကာ ထာဝရအသက်ရရှိစေနိုင်သည်။ (ရော. ၁၀:၁၃-၁၅) ဓမ္မအမှုကို အလွန်တန်ဖိုးထားခြင်းဖြင့် ကျွန်ုပ်တို့၏ဘဝတွင် ရည်ရွယ်ချက်ရှိစေပြီး ထာဝစဉ်တည်မြဲသော ပြီးမြောက်အောင်မြင်မှုခံစားစေကာ အနာဂတ်အတွက် အားရှိဖွယ်မျှော်လင့်ချက်ရှိလာစေသည်။—၁ ကော. ၁၅:၅၈။

၃ သင့်ဘဏ္ဍာကို တန်ဖိုးထားကြောင်း တင်ပြပါ– တစ်စုံတစ်ရာအတွက် ကျွန်ုပ်တို့ လိုလိုလားလားပေးဆပ်လိုက်သည့်အရာကို ကြည့်ခြင်းဖြင့် ယင်းကို မည်မျှတန်ဖိုးထားကြောင်း သိနိုင်သည်။ ကျွန်ုပ်တို့၏အချိန်နှင့်ခွန်အားကို ယေဟောဝါအားချီးမွမ်းရန် အသုံးပြုရခြင်းသည် အခွင့်ထူးပါတကား! (ဧ. ၅:၁၆၊ ၁၇) ကျွန်ုပ်တို့၏အချိန်ကို အသုံးပြုပုံက ရုပ်ပစ္စည်းလိုက်စားခြင်းထက် ဝိညာဉ်ရေးရာကို ပို၍တန်ဖိုးထားကြောင်း ဖော်ပြသင့်သည်။ ကျွန်ုပ်တို့တွင် အဖိုးတန်ဘဏ္ဍာရှိထားသည်ဖြစ်ရာ ယင်းကို အခြားသူများအား ထက်သန်စွာဝေမျှလိုကြသည်။ ထို့ပြင် အခွင့်အရေးရတိုင်း သတင်းကောင်းဟောပြောလိုကြသည်။

၄ အဖိုးတန်ဘဏ္ဍာများဟူသည် ဝှက်ထားလေ့မရှိဘဲ အခြားသူများမြင်နိုင်ရန် ပြသထားလေ့ရှိသည်။ ကျွန်ုပ်တို့၏ဓမ္မအမှုကို ဘဏ္ဍာအဖြစ်ယူမှတ်ပါက ယင်းသည် ကျွန်ုပ်တို့အသက်တာတွင် အဓိကအရာဖြစ်နေပါလိမ့်မည်။ (မ. ၅:၁၄-၁၆) ကျွန်ုပ်တို့၏ဓမ္မအမှုကို ဘဏ္ဍာတစ်ခုသဖွယ် အလွန်တန်ဖိုးထားကြောင်း ဖော်ပြနိုင်ရန် တမန်တော်ပေါလုနည်းတူ အခွင့်အရေးတိုင်းကို အသုံးချကြပါစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ