ကြေညာချက်များ
◼ ဇူလိုင်နှင့် ဩဂုတ်– ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို ဝေငှနိုင်သည်။
◼ စက်တင်ဘာလတွင် စနေတနင်္ဂနွေငါးပတ်ရှိသောကြောင့် အရန်ရှေ့ဆောင်လုပ်ရန် အကောင်းဆုံးလဖြစ်သည်။
◼ တိုက်နယ်ကြီးကြပ်မှူးများသည် စက်တင်ဘာလမှစ၍ “သမ္မာကျမ်းစာသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း အဘယ်အရာများက မှတ်သားဖော်ပြသနည်း” ဟူသော လူထုဟောပြောချက်ကို ဟောပါမည်။
◼ မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် လျှောက်လွှာများကို စတင်လုပ်ရန်တောင်းဆိုထားသည့် ရက်စွဲမတိုင်မီ အနည်းဆုံး ရက် ၃၀ ကြို၍ ဌာနခွဲရုံးသို့ပို့ရန် အကြံပြုပါသည်။ အသင်းတော်အတွင်းရေးမှူးသည် ပုံစံစာရွက်များကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်မှုရှိမရှိ ပြန်စစ်ဆေးသင့်သည်။ လျှောက်ထားသူများသည် သူတို့ နှစ်ခြင်းခံသည့် ရက်စွဲအတိအကျကို မမှတ်မိပါက ခန့်မှန်းခြေကိုထည့်ကာ ယင်းကို သူ၏နှစ်ခြင်းခံရက်စွဲအဖြစ် မှတ်သားထားသင့်သည်။ အတွင်းရေးမှူးသည် ၎င်းရက်စွဲကို အသင်းတော်ကြေညာသူမှတ်တမ်း (S-21) ကတ်တွင် ရေးမှတ်ထားသင့်သည်။
◼ ၂၀၀၇ ခုနှစ်၊ ဩဂုတ် ၃၁ တွင် သို့မဟုတ် ဖြစ်နိုင်သရွေ့ ၎င်းနှင့်အနီးဆုံးရက်တွင် လက်ရှိစာအုပ်စာတမ်းနှင့် မဂ္ဂဇင်းအားလုံး၏ နှစ်ချုပ်စာရင်းကို ပြုစုသင့်သည်။ ဤစာရင်းသည် စာအုပ်စာတမ်းညှိနှိုင်းရေးမှူး လစဉ်ပြုစုထားသည့် အရေအတွက်မှန်နှင့်တူညီကာ စုစုပေါင်းများကို စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်း (S-18) ပုံစံတွင် ရေးသွင်းသင့်သည်။ လက်ရှိစုစုပေါင်းမဂ္ဂဇင်းအရေအတွက်ကို မဂ္ဂဇင်းအမှုထမ်း(များ)ထံမှ ရယူနိုင်သည်။ အသင်းတော်အတွင်းရေးမှူးသည် စာရင်းကို ကြီးကြပ်သင့်သည်။ သူနှင့် ဦးစီးကြီးကြပ်မှူးသည် ပုံစံပေါ်တွင် လက်မှတ်ထိုးရပါမည်။ အသင်းတော်တစ်ခုစီသည် စာအုပ်စာတမ်းလက်ရှိပစ္စည်းစာရင်း ပုံစံစာရွက်သုံးရွက် ရရှိပါမည်။ ကျေးဇူးပြု၍ မူရင်းကို စက်တင်ဘာ ၆ ရက်ထက်နောက်မကျစေဘဲ ဌာနခွဲရုံးသို့ပို့ပေးပါ။ မိတ္တူပုံစံတစ်ခုကို သင့်ဖိုင်တွဲများတွင် သိမ်းထားပါ။ တတိယပုံစံစာရွက်ကို တွက်ချက်မှုအတွက် အသုံးပြုနိုင်သည်။