ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၈ စာ. ၃-၆
  • ‘သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံလော့’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံလော့’
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏ဂုဏ်ကျေးဇူးများကို ဖော်ပြလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အပြည့်အဝဟောပြောလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ယေဟောဝါ၏ အံ့ဖွယ်အမှုများကို ပြောကြားနေကြလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • တိုးချဲ့ပါဝင်ဖို့ အခွင့်အရေးရစေတဲ့ အောက်မေ့ပွဲရာသီ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၁/၀၈ စာ. ၃-၆

‘သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံလော့’

၁။ ကျွန်ုပ်တို့တွင် အဘယ်သတင်းကောင်းများ ဝေမျှစရာရှိသနည်း။

၁ သတင်းကောင်းရှားပါးသော ဤလောကတွင် ကျွန်ုပ်တို့သည် “ဘုရားသခင်၏ မဟာကရုဏာတော်နှင့်ဆိုင်သော သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံ” ခွင့် ရရှိထားကြသည်။ (တ. ၂၀:၂၄၊ ကဘ) ယင်းတွင် ‘နောက်ဆုံးကာလ’ ကို ယေဟောဝါ၏ဖြောင့်မတ်သော ကမ္ဘာသစ်ဖြင့် မကြာမီ အစားထိုးတော့မည်ဖြစ်ပြီး “ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြ” မည်ဖြစ်ကြောင်း လူတို့ကို အသိပေးခြင်းပါဝင်သည်။ (၂ တိ. ၃:၁-၅; ဗျာ. ၂၁:၄) ထိုအချိန်တွင် ဖျားနာမှု ရှိတော့မည်မဟုတ်ပါ။ (ဟေရှာ. ၃၃:၂၄) ဆုံးပါးသွားသောချစ်ရသူများသည် သင်္ချိုင်းများမှ ထွက်လာပြီး မိသားစုများ၊ မိတ်ဆွေများနှင့် ပြန်လည်ပေါင်းစည်းကြပါလိမ့်မည်။ (ယော. ၅:၂၈၊ ၂၉) ကမ္ဘာတစ်ခွင်လုံး လှပသောပရဒိသုဖြစ်လာမည်။ (ဟေရှာ. ၆၅:၂၁-၂၃) ယင်းတို့သည် ကျွန်ုပ်တို့ဝေမျှရမည့် သတင်းကောင်းအချို့သာဖြစ်သည်။

၂။ အောက်မေ့ပွဲရာသီသည် သတင်းကောင်းကို သက်သေခံရန် အဘယ်ကြောင့် အကောင်းဆုံးအခွင့်အရေး ရရှိစေသနည်း။

၂ မတ်၊ ဧပြီနှင့်မေလတို့တွင် ထိုသို့သောသတင်းကောင်းကို ကြေညာနိုင်သည့် အကောင်းဆုံးအခွင့်အရေးရှိသည်။ ထို့ပြင် တစ်နှစ်လုံးတွင် အရေးကြီးဆုံးအခါသမယဖြစ်သည့် အောက်မေ့ရာပွဲကိုလည်း ကမ္ဘာတစ်ဝန်းတွင် မတ် ၂၂၊ စနေနေ့ နေဝင်ပြီးနောက်ပိုင်း၌ ကျင်းပပါမည်။ ထို့ကြောင့် ယခုအချိန်သည် ကျွန်ုပ်တို့၏လယ်ကွင်းလုပ်ငန်းကို တိုးချဲ့ရန် စတင်ပြင်ဆင်ရမည့်အချိန်ဖြစ်သည်။

၃။ ဓမ္မအမှုတွင် မိသားစုလိုက် တိုး၍ပါဝင်ရန် အဘယ်အရာက ထောက်ကူမည်နည်း။

၃ အရန်ရှေ့ဆောင်– တစ်လ၊ နှစ်လ သို့မဟုတ် သုံးလစလုံး အရန်ရှေ့ဆောင်လုပ်ရန် သင်စီစဉ်နိုင်မည်လော။ ထိုကိစ္စကို နောက်အပတ်မိသားစုသင်အံမှုတွင် အချိန်အနည်းငယ်ယူကာ ဆွေးနွေးပါလေ။ ကောင်းစွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်တစ်ဦး သို့မဟုတ် ထို့ထက်မက အရန်ရှေ့ဆောင်လုပ်နိုင်ပေမည်။ (သု. ၁၅:၂၂) ယင်းနှင့်ပတ်သက်၍ ဆုတောင်းပြီး သင့်ကြိုးစားအားထုတ်မှုများကို ယေဟောဝါမည်သို့ကောင်းချီးပေးကြောင်း ကြည့်ပါလေ။ (သု. ၁၆:၃) မိသားစုဝင်တစ်ဦးမျှ အရန်ရှေ့ဆောင်မလုပ်နိုင်လျှင်ပင် မိသားစုဝင်အားလုံးသည် ရှေ့ဆောင်လုပ်နိုင်သူများနှင့်အတူ အမှုဆောင်ခြင်းဖြင့် ဓမ္မအမှုလုပ်ငန်းတွင် တိုး၍ပါဝင်နိုင်ရန် သတ်သတ်မှတ်မှတ်ပန်းတိုင်များ ချမှတ်နိုင်သည်။

၄။ ကျွန်ုပ်တို့တွင် အချိန်ပြည့်အလုပ်ရှိပါက အရန်ရှေ့ဆောင်လုပ်နိုင်ရန် ကိစ္စရပ်များကို မည်သို့စီစဉ်နိုင်သနည်း။

၄ သင်သည် အချိန်ပြည့်အလုပ်လုပ်ရပါက ကောင်းစွာအစီအစဉ်ဇယားဆွဲခြင်းဖြင့် အရန်ရှေ့ဆောင်လုပ်နိုင်ပေမည်။ နေ့လည်စာစားချိန်အနည်းငယ်ကို ဟောပြောဖို့ အသုံးပြုနိုင်ပေမည်။ သို့မဟုတ် သင့်အိမ်၊ အလုပ်ဝန်းကျင်တွင် ကိုယ်ပိုင်ရပ်ကွက်တစ်ခု တောင်းခံပြီး အလုပ်မသွားမီဖြစ်စေ၊ အလုပ်ပြီးနောက်ဖြစ်စေ ဓမ္မအမှုတွင် တစ်နာရီမျှပါဝင်နိုင်သည်။ ထို့ပြင် မလိုအပ်သောလုပ်ဆောင်မှုများကို နောက်လသို့ရွှေ့ဆိုင်းခြင်းဖြင့် အချိန်ပိုလာနိုင်သည့်အပြင် သီတင်းပတ်ကုန်ရက်များတွင်လည်း ဓမ္မအမှု၌ တစ်နေ့လုံးပါဝင်နိုင်သည်။ အချို့သူတို့သည် လယ်ကွင်းလုပ်ငန်းတွင် ပါဝင်ရန် ခွင့်တစ်ရက်နှစ်ရက် ယူခဲ့ကြ၏။

၅။ သက်ကြီးရွယ်အို သို့မဟုတ် မသန်စွမ်းသူများအား အရန်ရှေ့ဆောင်လုပ်နိုင်ရန် သင်မည်သို့ကူညီပေးနိုင်သနည်း။

၅ သင်သည် သက်ကြီးရွယ်အို၊ မသန်စွမ်းသူ သို့မဟုတ် အနည်းငယ်သာစွမ်းဆောင်နိုင်သူဖြစ်ပါက ဓမ္မအမှုတွင် နေ့စဉ်အချိန်အနည်းငယ်ပါဝင်ခြင်းဖြင့် အရန်ရှေ့ဆောင်လုပ်နိုင်ပေမည်။ “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ဖြင့် ထောက်မပေးရန် ယေဟောဝါထံတောင်းလျှောက်ပါလေ။ (၂ ကော. ၄:၇၊ ကဘ) ညီအစ်မတစ်ဦးသည် အသက် ၁၀၆ နှစ်အရွယ်တွင် အရန်ရှေ့ဆောင်လုပ်နိုင်ခဲ့သည်။ ခရစ်ယာန်ဆွေမျိုးများနှင့် အသင်းတော်ရှိအခြားသူတို့၏ ထောက်မမှုဖြင့် သူသည် တစ်အိမ်မှတစ်အိမ်ဟောပြောသည်၊ ပြန်လည်ပတ်မှုများ၊ ကျမ်းစာသင်အံမှုများသွားသည့်အပြင် ဓမ္မအမှု၏အခြားကဏ္ဍများတွင်လည်း ပါဝင်နိုင်ခဲ့သည်။ လူဆယ်ဦးနှင့် ကျမ်းစာသင်အံမှုများ စတင်နိုင်ရန်လည်း ကူညီပေးခဲ့သည်။ “အရန်ရှေ့ဆောင်အဖြစ် အမှုဆောင်ခဲ့တဲ့ အခွင့်ထူးအကြောင်း ပြန်တွေးကြည့်တဲ့အခါ ယေဟောဝါ၊ ကိုယ်တော့်သားတော်နဲ့ မေတ္တာပါအဖွဲ့အစည်းကို ချစ်စိတ်၊ ကျေးဇူးတင်လေးမြတ်စိတ်တွေ အရမ်းတိုးများလာတယ်။ ‘ကျေးဇူးတင်ပါတယ်၊ ယေဟောဝါ’ လို့ပဲ ကျွန်မပြောချင်တယ်” ဟုသူပြောပြသည်။

၆။ နှစ်ခြင်းခံပြီးသောလူငယ်များသည် ကျောင်းတက်နေစဉ်ပင် မည်သို့အရန်ရှေ့ဆောင်လုပ်နိုင်သနည်း။

၆ သင်သည် ကျောင်းတက်နေဆဲ နှစ်ခြင်းခံပြီးသူတစ်ဦးဖြစ်ပါက အရန်ရှေ့ဆောင်အဖြစ် စာရင်းသွင်းနိုင်ပါသည်။ ဓမ္မအမှုတွင်ပါဝင်နိုင်ရန် အချိန်ပြည့်အလုပ်လုပ်သူများနည်းတူ အဓိကအားဖြင့် သီတင်းပတ်ကုန်ရက်များကို အသုံးပြုနိုင်သည်။ အချို့ရက်များတွင် ကျောင်းချိန်ပြီးနောက် တစ်နာရီခန့်မျှ ပါဝင်နိုင်ပေမည်။ ဓမ္မအမှုတွင်ပါဝင်နိုင်ရန် ကျောင်းပိတ်ရက်များရှိပါသလော။ အရန်ရှေ့ဆောင်လုပ်လိုပါက ထိုအကြောင်း သင့်မိဘများကို ပြောပြပါလေ။

၇။ အကြီးအကဲများသည် အောက်မေ့ပွဲရာသီအတွင်း ဓမ္မအမှုအတွက် စိတ်အားထက်သန်မှုကို မည်သို့တိုးများစေနိုင်သနည်း။

၇ စိတ်အားထက်သန်မှု တိုးများစေပါ– အကြီးအကဲများသည် မိမိတို့၏ပုံသက်သေဖြင့် အသင်းတော်၏စိတ်အားထက်သန်မှုကို အလွန်တိုးများစေနိုင်သည်။ (၁ ပေ. ၅:၂၊ ၃) နံနက်စောစော၊ ကျောင်းပြီးနောက် သို့မဟုတ် အလုပ်ပြီးနောက် လယ်ကွင်းလုပ်ငန်းတွင် ပါဝင်ကြမည့်သူများအတွက် လယ်ကွင်းလုပ်ငန်းစုဆုံမှုများကို စီစဉ်ပေးရန် ဆုံးဖြတ်နိုင်သည်။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ထိုစုဆုံမှုများအတွက် အရည်အချင်းရှိကြေညာသူများကို တာဝန်ပေးနိုင်ပြီး အထူးလုပ်ဆောင်မည့်ထိုလများအတွက် ရပ်ကွက်၊ မဂ္ဂဇင်းနှင့် စာပေများအလုံအလောက်ရှိရန် သေချာစေသင့်သည်။

၈။ အသင်းတော်တစ်ခု၏ တွေ့ကြုံမှုမှ အဘယ်အရာသင်ယူရသနည်း။

၈ အသင်းတော်တစ်ခုတွင် အကြီးအကဲများသည် အရန်ရှေ့ဆောင်လုပ်ရန် လများစွာကြိုတင်၍ စတင်အားပေးခဲ့ကြသည်။ ကြေညာသူမည်မျှ အရန်ရှေ့ဆောင်လုပ်မည်ကို အသင်းတော်တွင် အပတ်တိုင်း ကြေညာပေးသည်။ ယင်းက ဓမ္မအမှုတွင်တိုး၍ပါဝင်လိုသူတို့အား မိမိတို့နှင့်အတူအမှုဆောင်မည့်သူ များစွာရှိကြောင်း သိရှိစေသည်။ နံနက်စောစောနှင့် ညနေပိုင်းတို့တွင်လည်း လယ်ကွင်းလုပ်ငန်းစုဆုံမှုများကို စီစဉ်ပေးခဲ့သည်။ ရလဒ်အနေဖြင့် အသင်းတော်၏တစ်ဝက်နီးပါးရှိသော ကြေညာသူ ၅၃ ဦးသည် ဧပြီလတွင် အရန်ရှေ့ဆောင်လုပ်ခဲ့သည်။

၉။ အောက်မေ့ပွဲရာသီသည် သတင်းကောင်း စတင်ကြေညာရန် အရည်အချင်းပြည့်မီသူတို့အတွက် အဘယ်ကြောင့် အကောင်းဆုံးအချိန်ဖြစ်သနည်း။

၉ ဟောပြောရန် အခြားသူများကို ကူညီပေးပါ– လူသစ်များနှင့် လူငယ်များသည် ကြေညာသူအဖြစ် အရည်အချင်းပြည့်မီပြီဆိုပါက အတွေ့အကြုံရှိကြေညာသူများနှင့် တွဲအမှုဆောင်ရန် သူတို့ကိုဖိတ်ခေါ်နိုင်သည်။ အောက်မေ့ပွဲရာသီတွင် အသင်းတော်ရှိ လူများစွာသည် မိမိတို့၏ဓမ္မအမှုကိုတိုးချဲ့မည်ဖြစ်ရာ ထိုသို့သောအခွင့်အရေးကို ရရှိနိုင်ပါသည်။ ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများနှင့်အညီ အသက်ရှင်နေသော တိုးတက်သည့်သင်သားတစ်ဦး သင့်တွင်ရှိသလော။ ကြေညာသူမဖြစ်သေးသော်လည်း ကောင်းစွာတိုးတက်နေသော၊ အမူအကျင့်ကောင်းမွန်သော သားသမီးများရှိသလော။ သူတို့သည် နှစ်ခြင်းမခံသေးသောကြေညာသူဖြစ်လိုကြောင်း ထုတ်ပြောပြီး အရည်အချင်းပြည့်မီသည်ဟု သင်ယူဆပါက အကြီးအကဲတစ်ဦးကို အသိပေးပါ။ ဦးစီးကြီးကြပ်မှူးသည် ထိုကိစ္စကိုဆွေးနွေးဖို့ သင်နှင့်သင့်သားသမီး သို့မဟုတ် သင်နှင့်သင်သားကို အကြီးအကဲနှစ်ဦးနှင့်တွေ့ဆုံရန် စီစဉ်ပေးပါလိမ့်မည်။

၁၀။ အကြီးအကဲများသည် မလှုပ်ရှားသူတို့ကို မည်သို့ကူညီပေးနိုင်သနည်း။

၁၀ လာမည့်လများသည် မလှုပ်ရှားသူများ အသင်းတော်နှင့်ပြန်ပူးပေါင်းလာရန်အတွက်လည်း အကောင်းဆုံးအချိန်ဖြစ်ပါလိမ့်မည်။ စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးများနှင့် အခြားအကြီးအကဲများသည် ထိုသူများထံလည်ပတ်ရန် အထူးကြိုးစားအားထုတ်သင့်ပြီး ဓမ္မအမှုတွင် သူတို့နှင့်အတူလုပ်ဆောင်ရန် လှိုက်လှဲစွာကမ်းလှမ်းသင့်သည်။ သူတို့သည် ကြာမြင့်စွာမလှုပ်မရှားဖြစ်ခဲ့ပါက ယခု အရည်အချင်းပြည့်မီမမီ ဆုံးဖြတ်နိုင်ရန် အကြီးအကဲနှစ်ဦးသည် သူတို့နှင့်ဦးစွာစကားပြောသင့်သည်။—နဓ ၁၁/၀၀ စ. ၃။

၁၁။ အဘယ်အရာသည် ဘုရားသခင်၏ အကြီးမားဆုံး “မဟာကရုဏာတော်” ဖြစ်သနည်း။

၁၁ အောက်မေ့ရာပွဲတော်အတွက် ပြင်ဆင်ပါ– ရွေးနုတ်ဖိုးသည် ဘုရားသခင်၏ အကြီးမားဆုံး “မဟာကရုဏာတော်” ဖြစ်သည်။ (တ. ၂၀:၂၄၊ ကဘ) ကျေးဇူးတင်လေးမြတ်တတ်သူ သန်းပေါင်းများစွာသည် မတ် ၂၂ ရက်၊ စနေနေ့ နေဝင်ပြီးနောက်တွင် ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲကိုကျင်းပရန် ကမ္ဘာတစ်ဝန်းတွင် စုဝေးကြပါလိမ့်မည်။ ကျွန်ုပ်တို့သည် လူသားတို့အပေါ် ယေဟောဝါ၏မဟာကရုဏာတော်ကို သက်သေခံသော ထိုအရေးကြီးအခါသမယကို စိတ်ရိုးဖြောင့်သူအားလုံး တက်ရောက်နိုင်ရန် ဖိတ်ခေါ်ပြီး ကူညီပေးလိုကြပါသည်။

၁၂။ အောက်မေ့ရာပွဲသို့ မည်သူတို့ကို ဖိတ်ခေါ်သင့်သနည်း။

၁၂ သင်ဖိတ်ခေါ်လိုသူတို့ကို စာရင်းပြုစုထားပါ။ ယင်းတွင် ဆွေမျိုး၊ အိမ်နီးချင်း၊ အလုပ် သို့မဟုတ် ကျောင်းမှ အသိအကျွမ်းများ၊ ယခင်ကနှင့် ယခုကျမ်းစာသင်နေသူများ၊ သင်ပုံမှန်လည်ပတ်နေသူအားလုံး ပါဝင်ပေမည်။ သင်ဖိတ်ခေါ်ထားသူအချို့တွင် အောက်မေ့ရာပွဲနှင့်ပတ်သက်သော မေးခွန်းများရှိပါက သမ္မာကျမ်းစာသွန်သင်ရာစာအုပ် စာမျက်နှာ ၂၀၆-၈ ပါ သခင့်ညစာစားပွဲနှင့်ပတ်သက်သော နောက်ဆက်တွဲဆောင်းပါးကိုသုံးပြီး ရှင်းပြနိုင်ပါသည်။

၁၃။ အောက်မေ့ရာပွဲသို့ အခြားသူများကိုဖိတ်ခေါ်မည်ဟု ဆုံးဖြတ်ခဲ့သော ကြေညာသူနှစ်ဦး၏ ကြိုးစားအားထုတ်မှုများကို ယေဟောဝါမည်သို့ ကောင်းချီးပေးခဲ့သနည်း။

၁၃ ညီအစ်မတစ်ဦးသည် မိသားစု ၄၈ ခုကို ဖိတ်ခေါ်ရန် စာရင်းပြုစုထားသည်။ သူတို့ကိုဖိတ်ခေါ်ပြီးသည်နှင့် အမည်များကိုခြစ်လိုက်ပြီး ဖိတ်ခေါ်သည့်ရက်စွဲကို ရေးသည်။ ဖိတ်ခေါ်သူများထဲမှ ၂၆ ယောက်သည် အောက်မေ့ရာပွဲတက်ရောက်သောကြောင့် သူဝမ်းသာလိုက်သည်ဖြစ်ခြင်း! စတိုးဆိုင်ပိုင်ရှင် ညီအစ်ကိုတစ်ဦးသည် ယခင်ကခရစ်ယာန်ဘုန်းကြီးဖြစ်ခဲ့သော အလုပ်သမားတစ်ဦးကို ဖိတ်ခေါ်လိုက်သည်။ ထိုသူတက်ရောက်ပြီးနောက် ဤသို့မှတ်ချက်ချသည်– “ကက်သလစ်ချာ့ချ်မှာ အနှစ် ၃၀ လုပ်တုန်းက သိခဲ့တာထက် အခုတစ်နာရီတည်းနဲ့ ကျမ်းစာအကြောင်း အများကြီးသိလာတယ်။” သူသည် အောက်မေ့ရာပွဲပြီးနောက် မကြာမီ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ဖြင့် ကျမ်းစာသင်ရန် လက်ခံခဲ့သည်။

၁၄။ မတ်လ ၁ ရက်တွင် အဘယ်ကမ္ဘာချီကင်ပိန်း အစပြုမည်နည်း။

၁၄ ကင်ပိန်း– မတ်လ ၁ ရက် စနေနေ့မှ မတ် ၂၂ ရက်အထိ အောက်မေ့ရာပွဲအထူးဖိတ်စာများကို ကမ္ဘာတစ်ဝန်းလုံးတွင် ဝေငှပါမည်။ ဤအရေးကြီးကင်ပိန်းတွင် ကြေညာသူအားလုံး အပြည့်အဝပါဝင်လိုပေမည်။ ဖိတ်စာကို တံခါးဝတွင်ထားခဲ့မည့်အစား အိမ်ရှင်ကို ကိုယ်တိုင်ပေးခြင်းက ပိုကောင်းပါသည်။ သို့သော် ရပ်ကွက်ကြီးဖြစ်ပါက လူမရှိသောအိမ်များတွင် ဖိတ်စာကို လိမ္မာပါးနပ်စွာထားခဲ့နိုင်သည်ဟု အကြီးအကဲများဆုံးဖြတ်ပေမည်။ သီတင်းပတ်ကုန်ရက်များတွင် နောက်ဆုံးထုတ်မဂ္ဂဇင်းများကိုလည်း ဝေငှပါမည်။

၁၅။ အောက်မေ့ရာပွဲဖိတ်စာကို မည်သို့ဝေငှနိုင်သနည်း။

၁၅ ဖိတ်စာကိုဝေငှရန် အချိန်အကန့်အသတ်သာရှိသောကြောင့် အတိုချုပ်တင်ဆက်ခြင်းက အကောင်းဆုံးဖြစ်သည်။ ဖော်ရွေပြီး စိတ်အားထက်သန်မှုရှိပါ။ “မတ်လ ၂၂ ရက်မှာ ကျင်းပမယ့် အရေးကြီးအခါသမယကို မိတ်ဆွေနဲ့အတူ မိတ်ဆွေရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကို ဖိတ်ခေါ်ချင်လို့ပါ။ ဒါကတော့ မိတ်ဆွေအတွက်ပါ။ ဖိတ်စာထဲမှာ အသေးစိတ်အချက်အလက်တွေပါတယ်” စသည်ဖြင့် သင်ပြောဆိုနိုင်သည်။ အိမ်ရှင်တွင် မေးစရာများရှိပေမည်။ သို့မဟုတ် ဖိတ်စာကိုလက်ခံပြီး လာတက်မည်ဟုပင် ပြောပေမည်။ စိတ်ဝင်စားသူကို မှတ်သားပြီး ပြန်လည်ပတ်ရန် စီစဉ်ပါ။

၁၆။ ရပ်ကွက်ရှိလူတို့ကို အောက်မေ့ရာပွဲသို့ ဖိတ်ခေါ်သည့်ကင်ပိန်း၏ အကျိုးကျေးဇူးအကြောင်း အဘယ်တွေ့ကြုံမှုက ဖော်ပြသနည်း။

၁၆ လွန်ခဲ့သောနှစ်တွင် စစ်သားတစ်ဦးသည် မိမိတံခါးဝတွင်ထားခဲ့သော အောက်မေ့ရာပွဲဖိတ်စာကိုရရှိသည်။ သူသည် တက်ရောက်ရန် ဆုံးဖြတ်သော်လည်း အထက်အရာရှိထံမှ ခွင့်ပြုချက်တောင်းခံရမည်။ ဖိတ်စာကို အရာရှိအားပြသောအခါ အရာရှိက ခဏငြိမ်သွားပြီးနောက် သူ၏မိဘများမှာ သက်သေခံများဖြစ်ပြီး သူတို့နှင့်အတူ အစည်းအဝေးများကို တက်ရောက်ဖူးကြောင်း ပြောပြသည်။ စစ်သားကို အောက်မေ့ရာပွဲသို့ တက်ရောက်ခွင့်ပြုသည်သာမက သူလည်း တက်ရောက်ခဲ့သည်။

၁၇။ ဘုရားသခင်၏မဟာကရုဏာတော်ကို အကျိုးမဲ့မခံကြောင်း မည်သို့တင်ပြကြသနည်း။

၁၇ ကျေးဇူးတင်လေးမြတ်မှု တင်ပြပါ– ၂၀၀၈ ခုနှစ် အောက်မေ့ပွဲရာသီ နီးလာသည်နှင့်အမျှ ယောက်တိုင်းသည် မိမိတို့အတွက် ယေဟောဝါပြသခဲ့သော မဟာကရုဏာတော်အကြောင်း တွေးတောဆင်ခြင်နိုင်ကြပါစေ။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “သင်တို့သည် ဘုရားသခင်၏[“မဟာကရုဏာတော်၊” ကဘ] ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် . . . သင်တို့ကိုနှိုးဆော်သွေးဆောင်ပါ၏။” (၂ ကော. ၆:၁) ဘုရားသခင့်မဟာကရုဏာတော်ကို အကျိုးမဲ့မခံယူကြောင်း ကျွန်ုပ်တို့မည်သို့တင်ပြကြသနည်း။ “ဘုရားသခင်ခန့်ထားတော်မူသော ဓမ္မဆရာမှန်ကြောင်းကို အရာရာ၌ထင်ရှားစွာပြကြ၏” ဟုပေါလုရေးသည်။ (၂ ကော. ၆:၁၀) ထို့ကြောင့် ကျွန်ုပ်တို့၏ အမူအကျင့်ကောင်းနှင့် သတင်းကောင်းကို ဇွဲရှိရှိဟောပြောခြင်းဖြင့် ယေဟောဝါ၏ဆုလာဘ်တော်ကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြကြသည်။ ဤအောက်မေ့ပွဲရာသီတွင် သတင်းကောင်းကို စေ့စေ့စပ်စပ်သက်သေခံခြင်းဖြင့် ကျွန်ုပ်တို့၏ဓမ္မအမှုကိုတိုးချဲ့ရန် အကောင်းဆုံးအခွင့်အရေး ရရှိကြပါလိမ့်မည်။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

မည်သူတို့ အရန်ရှေ့ဆောင် လုပ်နိုင်သနည်း

◼ မိသားစုများ

◼ အချိန်ပြည့်အလုပ်လုပ်သူများ

◼ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများ

◼ ကျောင်းတက်နေသူများ

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

အောက်မေ့ရာပွဲဖိတ်စာများ ဝေငှသောအခါ–

◼ အတိုချုပ်တင်ဆက်ပါ; စိတ်အားထက်သန်စွာ ပြောဆိုပါ

◼ စိတ်ဝင်စားသူကို မှတ်သားပြီး ပြန်လည်ပတ်ပါ

◼ သီတင်းပတ်ကုန်ရက်များတွင် မဂ္ဂဇင်းဝေငှပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ