အောက်မေ့ရာပွဲ နှိုးဆော်ချက်များ
အောက်မေ့ရာပွဲအတွက် ပြင်ဆင်ရာတွင် အကြီးအကဲများသည် အောက်ပါကိစ္စရပ်များကို အာရုံစိုက်သင့်သည်–
◼ အထိမ်းအမှတ်များကို နေမဝင်မချင်း ကမ်းပေးမည်မဟုတ်ကြောင်း သေချာစေပါ။
◼ သင့်လျော်သောမုန့်နှင့် စပျစ်ရည်အမျိုးအစားကို ရရှိထားသင့်ပြီး အသင့်ပြင်ထားသင့်သည်။—ဖေဖော်ဝါရီ ၁၅၊ ၂၀၀၃ ကင်းမျှော်စင်၊ စစ. ၁၄-၁၅ ရှု။
◼ ပန်းကန်၊ စပျစ်ရည်ဖန်ခွက်၊ သင့်လျော်သည့်စားပွဲ၊ စားပွဲခင်းကို ခန်းမသို့ ကြိုတင်ယူထားပြီး နေရာချထားသင့်သည်။
◼ နိုင်ငံတော်ခန်းမ သို့မဟုတ် အစည်းအဝေးလုပ်မည့်အခြားနေရာကို ကြိုတင်၍ သေသေချာချာ သန့်ရှင်းရေးလုပ်ထားသင့်သည်။
◼ ဧည့်ကြိုများနှင့် မုန့်၊ စပျစ်ရည်ဝေမည့်သူများကို ရွေးချယ်ထားသင့်ပြီး သူတို့၏တာဝန်များ၊ လိုက်နာရမည့်လုပ်ထုံးလုပ်နည်း၊ သိက္ခာရှိရှိ ဝတ်စားဆင်ယင်ရန်လိုအပ်မှုတို့နှင့်စပ်လျဉ်း၍ ကြိုတင်ညွှန်ကြားထားသင့်သည်။
◼ အိုမင်းမစွမ်းဖြစ်၍ မတက်ရောက်နိုင်သော ဘိသိက်ခံတစ်ဦးဦးကို အထိမ်းအမှတ်များဝေပေးရန် စီစဉ်ထားသင့်သည်။
◼ နိုင်ငံတော်ခန်းမတစ်ခုတည်းကို အသင်းတော်တစ်ခုထက်မက သုံးရန်စီစဉ်ပါက ခန်းမ၊ တံခါးဝ၊ လူသွားစင်္ကြံနှင့် ကားရပ်သည့်နေရာတို့တွင် မလိုအပ်ဘဲ လူများပြွတ်သိပ်မနေစေရန် အသင်းတော်အချင်းချင်း ကောင်းစွာညှိနှိုင်းဆောင်ရွက်သင့်သည်။
◼ အစည်းအဝေးနေရာနောက်တစ်ခုကို အသုံးပြုမည်ဆိုလျှင် တက်ရောက်သူအားလုံး ဟောပြောသူ၏ အသံကိုကြားနိုင်ရန် ကောင်းမွန်သောအသံစနစ်ရှိနေဖို့ သေချာစေပါ။