ကြေညာချက်များ
◼ စက်တင်ဘာတွင်ဝေငှမည့်စာပေ– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ဦးဆုံးအကြိမ်တွေ့ဆုံချိန်၌ ကျမ်းစာသင်အံမှုစတင်ရန် အထူးကြိုးစားအားထုတ်ပါ။ အိမ်ရှင်များသည် ယင်းစာအုပ်ကို ရရှိထားပြီးဖြစ်လျှင် ကျမ်းစာသင်အံမှုတစ်ခုကို တိုတိုတုတ်တုတ် သရုပ်ပြခြင်းဖြင့် ယင်းစာအုပ်မှ မည်သို့အကျိုးရရှိနိုင်ပုံကို ပြသပါ။ အောက်တိုဘာ– ကင်းမျှော်စင်နှင့်နိုးလော့!မဂ္ဂဇင်းများ။ နိုဝင်ဘာ– ကြီးမြတ်သောဆရာထံမှသင်ယူလော့ [အင်္ဂလိပ်]။ မိမိတို့တွင်ကလေးမရှိကြောင်းပြောလျှင် စောင့်နေကြလော့!ဘရိုရှာကို ဝေငှပါ။ ဒီဇင်ဘာ– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။
◼ နိုဝင်ဘာလတွင် စနေတနင်္ဂနွေငါးပတ်ရှိသောကြောင့် အရန်ရှေ့ဆောင်လုပ်ရန် အကောင်းဆုံးလဖြစ်လိမ့်မည်။
◼ ၂၀၀၉၊ အောက်မေ့ရာပွဲတော်ရာသီအတွက် အထူးလူထုဟောပြောချက်ကို ၂၀၀၉၊ ဧပြီ ၂၀ ရက်အပတ်တွင် ဟောပြောပါမည်။ ဟောပြောချက်၏အကြောင်းအရာကို နောက်ပိုင်းတွင် ကြေညာပေးပါမည်။ ထိုသီတင်းပတ်အကုန်ပိုင်းတွင် တိုက်နယ်ကြီးကြပ်မှူးလည်ပတ်မှု သို့မဟုတ် စည်းဝေးပွဲတစ်ခုရှိနေသော အသင်းတော်များသည် နောက်အပတ်တွင် အထူးဟောပြောချက်ပေးပါမည်။ မည်သည့်အသင်းတော်မျှ အထူးဟောပြောချက်ကို ဧပြီ ၂၀ မတိုင်မီ မပေးသင့်ပါ။
◼ အသင်းတော်များသည် ၂၀၀၈ ခုနှစ်အတွက် ကင်းမျှော်စင်နှင့်နိုးလော့!နှစ်ချုပ်စာအုပ်တွဲများ၊ ၂၀၀၈ ကင်းမျှော်စင်စာပေများအညွှန်း၊ စီဒီချပ်ဖြင့် ကင်းမျှော်စင်စာကြည့်တိုက်—၂၀၀၈ တို့ကို နောက်လစာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူသင့်သည်။ ရရှိနိုင်သည့်ဘာသာစကားစာရင်းတစ်ခုကို အသင်းတော်အားလုံးထံသို့ လစဉ်ပို့ပေးသည့် “အသင်းတော်အားလုံးအတွက် ကြေညာချက်” တွင်ဖော်ပြပေးပါမည်။ ကင်းမျှော်စင်စာကြည့်တိုက်—၂၀၀၈ သည် အသင်းသားများအတွက်သာဖြစ်ပြီး အသင်းတော်မှတစ်ဆင့်သာရရှိနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ကင်းမျှော်စင်စာကြည့်တိုက်ကို ကောင်းစွာအသုံးပြုနေပြီး နှစ်ချုပ်စာအုပ်တွဲများကို အသုံးမပြုတော့သော ကြေညာသူများသည် နှစ်ချုပ်စာအုပ်တွဲများကို မှာယူဖို့လိုမလို သုံးသပ်သင့်သည်။
◼ ဦးစီးကြီးကြပ်မှူးတာဝန်ပေးသူသည် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများအတွက် အသင်းတော်စာရင်းအင်းများကို စစ်ဆေးသင့်သည်။ စာရင်းစစ်ရာတွင် တစ်ဦးတည်းကိုသာ ဆက်တိုက်အသုံးမပြုသင့်ပါ။ စစ်ဆေးပြီးသောအခါ နောက်စာရင်းအင်းအစီရင်ခံစာ ဖတ်ပြပြီးချိန်တွင် အသင်းတော်အား ကြေညာပေးပါ။—အသင်းတော်စာရင်းအင်းဆိုင်ရာ ညွှန်ကြားချက်များ (S-27) တွင်ကြည့်ပါ။