ကြေညာချက်များ
◼ မတ်လတွင်ဝေငှမည့်စာပေ– သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ကျမ်းစာသင်အံမှုများစတင်နိုင်ရန် အထူးကြိုးစားအားထုတ်ပါ။ ဧပြီနှင့်မေ– ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများ။ အောက်မေ့ရာပွဲနှင့်/သို့မဟုတ် အခြားသီအိုကရက်တစ်အခါသမယများကို တက်ရောက်သော်လည်း အသင်းတော်နှင့် တက်ကြွစွာမပေါင်းသင်းသူများအပါအဝင် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သောအခါ သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ကို ဝေငှရန် အာရုံစိုက်ပါ။ ရည်ရွယ်ချက်မှာ ထိုစာအုပ်ဖြင့် ကျမ်းစာသင်အံမှုတစ်ခုစတင်နိုင်ရန် ဖြစ်သင့်သည်။ ဇွန်– သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။
◼ ကင်းမျှော်စင်နှင့် နိုးလော့! လထုတ်အသစ်များကို ရရှိသည်နှင့်တစ်ပြိုင်နက် ဝေပေးရန်ဖြစ်သည်။ ယင်းက ကြေညာသူများအား မဂ္ဂဇင်းများကို လယ်ကွင်းလုပ်ငန်းတွင် မဝေငှမီ ပါဝင်သည့်အကြောင်းအရာများနှင့် အကျွမ်းတဝင်ဖြစ်စေပါလိမ့်မည်။