ကြေညာချက်များ
◼ အောက်တိုဘာတွင် ဝေငှရန်စာပေ– ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများ။ နိုဝင်ဘာ– သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား။ ဇန်နဝါရီ– သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။
◼ နှစ်စဉ်သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်ကို ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်တွင် ထည့်ပေးတော့မည်မဟုတ်ပါ။ ယင်းအစား အသင်းတော်တိုင်းသည် တစ်နှစ်စာအတွက်အစီအစဉ်ကို ရရှိပါလိမ့်မည်၊ တစ်ခုကို နိုင်ငံတော်ခန်းမရှိ သတင်းအချက်အလက်သင်ပုန်းတွင် ကပ်ထားသင့်သည်။ နောက်တစ်စောင်ကို တာဝန်များချရန် အသုံးပြုဖို့အတွက် ကျောင်းကြီးကြပ်မှူးက ယူထားပါလိမ့်မည်။ ကြေညာသူများသည် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာရွက်ကို ကိုယ်ပိုင်အနေနှင့် လစဉ်ဆက်လက်ရရှိမည်ဖြစ်ပြီး ယင်းတွင် ပတ်စဉ် အသင်းတော်ကျမ်းစာလေ့လာမှု၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်အစည်းအဝေးတို့အတွက် အစီအစဉ်များ ဖော်ပြပေးပါလိမ့်မည်။
◼ ၂၀၁၀၊ မတ် ၁ အပတ်မှစတင်၍ အသင်းတော်ကျမ်းစာလေ့လာမှုတွင် “ငါ့နောက်သို့လိုက်လော့” စာအုပ်ကို လေ့လာပါမည်။ ယင်းစာအုပ်လိုအပ်နေသော အသင်းတော်များသည် နောက်တစ်ကြိမ် စာအုပ်စာတမ်းတောင်းခံလွှာတွင် မှာယူသင့်ပါသည်။
◼ ကြေညာသူများသည် ရင်ထိုးကတ်များကို အသင်းတော်မှတစ်ဆင့် ရရှိကြမည်။