ကြေညာချက်များ
▪ ဖေဖော်ဝါရီတွင် ဝေငှမည့်စာပေ– သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လော [အင်္ဂလိပ်]၊ မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်၊ သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော၊ [အင်္ဂလိပ်]။ မတ်– သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း။ ဤစာအုပ်ကို ဝေငှခဲ့သည့်နေရာတွင် သို့မဟုတ် အိမ်ရှင်များတွင် စာအုပ်ရှိပြီးသားဖြစ်မည်ဆိုလျှင် ကျမ်းစာသင်အံမှုတစ်ခုစတင်ရန် ကြေညာသူများ စိတ်စွဲမှတ်ထားသင့်သည်။ ဧပြီနှင့် မေ– ကင်းမျှော်စင်နှင့်နိုးလော့!မဂ္ဂဇင်းများ။ အောက်မေ့ရာပွဲ သို့မဟုတ် အခြားသီအိုကရက်တစ်အစီအစဉ်များကို တက်ရောက်သော်လည်း အသင်းတော်နှင့် တက်ကြွစွာပေါင်းသင်းခြင်းမရှိသေးသူများအပါအဝင် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်စဉ် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ကို ဝေငှရန် အာရုံစိုက်ပါ။ ရည်ရွယ်ချက်မှာ ကျမ်းစာသင်အံမှုတစ်ခု စတင်ရန်ဖြစ်သည်။