ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၁၀ စာ. ၁၀
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
နဓ ၃/၁၀ စာ. ၁၀

ကြေညာချက်များ

◼ မတ်လတွင် ဝေငှမည့်စာပေ– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။ ကြေညာသူများသည် ဤစာအုပ်ကိုဝေငှခဲ့သူများထံ သို့မဟုတ် ဤစာအုပ်ကိုရရှိပြီးဖြစ်သည့်အိမ်ရှင်များနှင့် ကျမ်းစာသင်အံမှုစတင်ရန် စိတ်စွဲမှတ်သင့်သည်။ ဧပြီနှင့် မေ– ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများ။ သတိရအောက်မေ့ရာပွဲနှင့် အခြား သီအိုကရက်တစ်အစီအစဉ်များကို တက်ရောက်သော်လည်း အသင်းတော်နှင့်တက်ကြွစွာပေါင်းသင်းခြင်းမရှိသေးသူများအပါအဝင် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်စဉ် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကိုဝေငှရန် အာရုံစိုက်ပါ။ ရည်ရွယ်ချက်မှာ ကျမ်းစာသင်အံမှုစတင်ရန် ဖြစ်သည်။ ဇွန်– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း။

◼ ကင်းမျှော်စင် နှင့် နိုးလော့! စာစောင်အသစ်များကို ရလျှင်ရခြင်း ယင်းတို့ကို ကြေညာသူများအား ဝေပေးရန်ဖြစ်ပြီး ယင်းက ကြေညာသူများအား လယ်ကွင်းလုပ်ငန်းတွင်မဝေငှမီ ပါဝင်သည့်အကြောင်းအရာများနှင့် အကျွမ်းတဝင်ဖြစ်စေပါလိမ့်မည်။

◼ သတိရအောက်မေ့ပွဲကို ၂၀၁၀၊ မတ် ၃၀၊ အင်္ဂါနေ့တွင် ကျင်းပမည်ဖြစ်သည်။ သတိရအောက်မေ့ပွဲအတွက်အသုံးပြုမည့်သီချင်းများမှာ သီချင်းစာအုပ်အသစ်မှ နံပါတ် ၈ နှင့် ၁၀၉ တို့ဖြစ်သည်။ သင့်အသင်းတော်သည် ပုံမှန်အားဖြင့် အင်္ဂါနေ့တွင် အစည်းအဝေးများရှိပါက သီတင်းပတ်၏အခြားနေ့တွင် အစည်းအဝေးကိုပြောင်းလုပ်ဖို့ ကြိုးစားသင့်သည်။ နိုင်ငံတော်ခန်းမကို အသင်းတော်များစွာ မျှသုံးပြီး အစည်းအဝေးကို ပြန်မစီစဉ်နိုင်လျှင် ယင်းအစည်းအဝေးကို ပယ်ဖျက်နိုင်သည်။ သင့်အသင်းတော်နှင့်အထူးသက်ဆိုင်သော လုပ်ငန်းတော်အစည်းအဝေးအပိုင်းများကို အခြားလုပ်ငန်းတော်အစည်းအဝေးတွင် ထည့်သွင်းနိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ