သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၁၀ ခုနှစ်၊ ဩဂုတ် ၃၀ အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၁၀ ခုနှစ်၊ ဇူလိုင် ၅ ရက်မှ ဩဂုတ် ၃၀ ရက်အပတ်များအထိ တာဝန်များကို သုံးသပ်ခဲ့ရာများအပေါ် အခြေပြု၍ မိနစ် ၂၀ ပြန်လည်သုံးသပ်မည်ဖြစ်သည်။
၁။ ရှောလမုန်၏အပ်နှံပွဲဆုတောင်းချက်ကို တွေးတောဆင်ခြင်ခြင်းက ယေဟောဝါ၏အရည်အသွေးကို လေးမြတ်တန်ဖိုးထားစိတ် မည်သို့တိုးပွားစေသနည်း။ (၃ ရာ. ၈:၂၂-၅၃) [က၀၅ ၇/၁ စ. ၃၀ ပိုဒ်. ၃; it-2-E စ. ၉၈၉ ပိုဒ်. ၄]
၂။ ဒါဝိဒ်သည် အမှားများစွာပြုလုပ်ခဲ့သော်လည်း ယေဟောဝါ၏ရှေ့မှောက်တွင် ‘သမာဓိနှလုံး’ ဖြင့်လျှောက်လှမ်းခဲ့သည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။ (၃ ရာ. ၉:၄၊ ကဘ) [က၉၇ ၅/၁ စ. ၅ ပိုဒ်. ၁-၂]
၃။ ရှောလမုန်နှင့်ပတ်သက်၍ ရှေဘမိဖုရားက “ရှေ့တော်၌ အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏” ဟု အဘယ်ကြောင့်ပြောဆိုခဲ့သနည်း။ (၃ ရာ. ၁၀:၄-၈) [က၉၉ ၁၁/၁ စ. ၂၀ ပိုဒ်. ၅-၇]
၄။ ယေဟောဝါသည် အဘိယအား လျောက်ပတ်စွာသင်္ဂြိုဟ်ရန်မိန့်မှာခြင်းမှ အဘယ်ကောက်ချက်ချနိုင်သနည်း။ (၃ ရာ. ၁၄:၁၃) [cl စ. ၂၄၄ ပိုဒ်. ၁၁]
၅။ အာဟပ်ထံ ဧလိယဦးဆုံးအကြိမ်သွားရောက်ချိန်တွင် အဘယ်အရာထူးခြားသနည်း။ (၃ ရာ. ၁၇:၁) [က၀၈ ၄/၁ စ. ၁၉၊ လေးထောင့်ကွက်]
၆။ ‘ဘာသာနှစ်ပါးစပ်ကြားမှာ ယုံမှားသောစိတ်နှင့် နေ’ ခြင်း ဟုဧလိယဆိုရာတွင် အဘယ်အရာဆိုလိုခဲ့သနည်း။ (၃ ရာ. ၁၈:၂၁) [က၀၈ ၁/၁ စ. ၁၉ ပိုဒ်. ၃-၄]
၇။ ဧလိယ၏အဖြစ်တွင် ဖော်ပြသည့်အတိုင်း ယေဟောဝါသည် မိမိကျေးကျွန်များနှင့်ပတ်သက်၍ မိမိတန်ခိုးကို အဘယ်ရည်ရွယ်ချက်အတွက် အသုံးပြုသနည်း။ (၃ ရာ. ၁၉:၁-၁၂) [cl စစ ၄၂-၄၃ ပိုဒ်. ၁၅-၁၆]
၈။ နာဗုတ်သည် မိမိ၏စပျစ်ခြံကို အာဟပ်အား အဘယ်ကြောင့် မရောင်းခဲ့သနည်း၊ ယင်းဖြစ်ရပ်မှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာ ရရှိနိုင်သနည်း။ (၃ ရာ. ၂၁:၃) [က၉၇ ၈/၁ စ. ၁၃ ပိုဒ်. ၁၈-၂၀]
၉။ ရှုနင်မြို့သူအမျိုးသမီးသည် ဧလိရှဲအတွက် အဘယ်နည်းဖြင့် “ဒုက္ခခံ” ရသနည်း။ (၄ ရာ. ၄:၁၃၊ သမ္မာ) [က၉၇ ၁၀/၁ စ. ၃၀ ပိုဒ်. ၆-၈]
၁၀။ ဧလိရှဲသည် နေမန်၏လက်ဆောင်ကို အဘယ်ကြောင့်လက်မခံခဲ့သနည်း။ (၄ ရာ. ၅:၁၅၊ ၁၆) [က၀၅ ၈/၁ စ. ၉ ပိုဒ်. ၂]