ကြေညာချက်များ
◼ ဝေငှမည့်စာပေများ၊ ဇန်နဝါရီ– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာအဘယ်နည်း။ ဖေဖော်ဝါရီ– သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လော၊ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် သို့မဟုတ် သမ္မာကျမ်းစာ–ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော။ မတ်– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာအဘယ်နည်း။ ဧပြီနှင့် မေ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ။ သတိရအောက်မေ့ပွဲ ဒါမှမဟုတ် အခြားသီအိုကရက်တစ်အစီအစဉ်များမှာ တက်ရောက်ပေမဲ့ အသင်းတော်နဲ့ တက်တက်ကြွကြွမပေါင်းသင်းတဲ့သူတွေအပါအဝင် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုပြုလုပ်တဲ့အခါ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်နဲ့ ကျမ်းစာသင်အံမှုစဖို့ အာရုံစိုက်ပါ။
◼ ဖေဖော်ဝါရီလမှာစဟောမယ့် တိုက်နယ်ကြီးကြပ်မှူးရဲ့ လူထုဟောပြောချက်အသစ်ခေါင်းစဉ်က “အမှန်တရားက သင့်အသက်တာအပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ” ဖြစ်ပါတယ်။