ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၁၁ စာ. ၂
  • ကြေညာသူများရဲ့ မေးခွန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာသူများရဲ့ မေးခွန်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအခြေပြုစာပေတွေ ဝေငှတဲ့အခါ ပညာရှိပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုစာပေများကို ပညာရှိရှိအသုံးပြုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဘာသာစကားစုံသောရပ်ကွက်တွင် စာပေများဝေငှခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • စာပေများကို တန်ဖိုးထားကြောင်း တင်ပြခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နဓ ၁၂/၁၁ စာ. ၂

ကြေညာသူများရဲ့ မေးခွန်း

◼ တစ်စုံတစ်ယောက်ကို ကျွန်ုပ်တို့ရဲ့စာပေ ပေးသင့်၊ မပေးသင့် ဘယ်လိုဆုံးဖြတ်မလဲ။

အရေးကြီးဆုံးကတော့ လူတစ်ယောက်ရဲ့ စိတ်ဝင်စားမှုပေါ် မူတည်ပြီး ဆုံးဖြတ်သင့်ပါတယ်။ အဲဒီလူက တကယ်စိတ်ဝင်စားတယ်ဆိုရင် မဂ္ဂဇင်းနှစ်စောင်ပဲဖြစ်ဖြစ်၊ ဘရိုရှာတစ်စောင်ပဲဖြစ်ဖြစ်၊ စာအုပ်ကြီးတစ်အုပ် ဒါမှမဟုတ် ကျွန်ုပ်တို့ ဝေငှနေတဲ့ ဘယ်စာပေကိုမဆို ပေးနိုင်ပါတယ်။ အဲဒီလူက ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းဖို့ မတတ်နိုင်ဘူးဆိုတာကို ရိပ်မိရင်လည်း ပေးနိုင်ပါတယ်။ (ယောဘ ၃၄:၁၉; ဗျာ. ၂၂:၁၇) ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ အဖိုးတန်စာပေတွေကို စိတ်မဝင်စားတဲ့သူတွေကိုတော့ ပေးမှာမဟုတ်ပါဘူး။—မ. ၇:၆။

အိမ်ရှင် စိတ်ဝင်စားတယ်ဆိုတာကို ဘယ်လိုသိမြင်နိုင်မလဲ။ ကျွန်ုပ်တို့နဲ့ စကားပြောဆိုဖို့ တလိုတလားရှိတယ်ဆိုရင် သူ စိတ်ဝင်စားတယ်ဆိုတာ ထင်ရှားတယ်။ ကျွန်ုပ်တို့ပြောတာကို သေသေချာချာ နားထောင်တယ်၊ မေးခွန်းတွေကို တုံ့ပြန်ဖြေဆိုတယ်၊ သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြတယ်ဆိုရင် ဆွေးနွေးမှုထဲမှာ သူပါဝင်နေတယ်ဆိုတာ သိသာပါတယ်။ ကျမ်းစာဖတ်တဲ့အခါ သူလိုက်ကြည့်တယ်ဆိုရင် ဘုရားသခင့်စကားတော်ကို သူလေးစားတယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ တစ်ခါတလေမှာတော့ ကျွန်ုပ်တို့ရဲ့စာပေကို ဖတ်ချင်သလားဆိုပြီး အိမ်ရှင်ကို မေးနိုင်ပါတယ်။ လူတစ်ယောက် စိတ်ဝင်စားမှုရှိ၊ မရှိဆိုတာကို ဆုံးဖြတ်ဖို့ ကြေညာသူတွေအနေနဲ့ ကိုယ့်ရဲ့ချင့်ချိန်နိုင်စွမ်းကို အသုံးပြုသင့်ပါတယ်။ ဥပမာ၊ လမ်းပေါ်သက်သေခံတဲ့အခါ လမ်းသွားလမ်းလာတွေကို မဂ္ဂဇင်းတွေ၊ ဘရိုရှာတွေ ဒါမှမဟုတ် စာအုပ်တွေ အရမ်းကာရော ပေးတာက သင့်လျော်မှာမဟုတ်ပါဘူး။ လူတစ်ယောက် စိတ်ဝင်စားမှုရှိ၊ မရှိဆိုတာကို ကျွန်ုပ်တို့ မဆုံးဖြတ်နိုင်ဘူးဆိုရင် လက်ကမ်းဝေစာတစ်စောင် ပေးလိုက်တာက ပိုကောင်းပါတယ်။

အလားတူ၊ ကြေညာသူတစ်ယောက် စာအုပ်စာတမ်းကောင်တာကနေ ထုတ်ယူလိုက်တဲ့ စာပေအရေအတွက်က ကိုယ်ထည့်နိုင်တဲ့ အလှူငွေပေါ်မှာ မူမတည်ဘဲ အမှုဆောင်လုပ်ငန်းမှာ ကိုယ်ဝေငှနိုင်တဲ့ အရေအတွက်ပေါ်မှာပဲ မူတည်သင့်ပါတယ်။ အလှူငွေတွေက စာပေတွေအတွက်ပဲ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းနဲ့ဆိုင်တဲ့ ကဏ္ဍအားလုံးကို ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ငွေရေးကြေးရေးအခြေအနေ ဘယ်လိုပဲရှိနေပါစေ နိုင်ငံတော်နဲ့ဆိုင်တဲ့ လုပ်ငန်းတွေကိုထောက်မဖို့ ကိုယ့်ဆန္ဒအလျောက် ရက်ရက်ရောရော ပေးလှူဖို့ ကျေးဇူးတင်လေးမြတ်တဲ့စိတ်က လှုံ့ဆော်ပေးမှာဖြစ်တယ်။ (မာ. ၁၂:၄၁-၄၄; ၂ ကော. ၉:၇) အဲဒီစိတ်က စာပေတွေကို လိုသလောက်ပဲ ထုတ်ယူဖို့လည်း လှုံ့ဆော်ပေးမှာဖြစ်တယ်။ အဲဒီလိုဆိုရင် စာပေတွေအတွက် ကုန်ကျငွေတွေကို ချွေတာရာရောက်မှာဖြစ်ပါတယ်။

[စာမျက်နှာ ၂ ပါ စာ]

လူတစ်ယောက် စိတ်ဝင်စားမှုရှိ၊ မရှိ ဆိုတာကို ဆုံးဖြတ်ဖို့ ကြေညာသူတွေအနေနဲ့ ကိုယ့်ရဲ့ချင့်ချိန်နိုင်စွမ်းကို အသုံးပြုသင့်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ