ကြေညာချက်များ
◼ ဝေငှမယ့်စာပေများ၊ ဖေဖော်ဝါရီ– ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှုရစေသောလမ်း။ မတ်– သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း။ ဧပြီနဲ့ မေ– ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်း။ အောက်မေ့ရာပွဲပြီးနောက် တနင်္ဂနွေနေ့မှာ အထူးဟောပြောချက်ပေးမှာဖြစ်တယ်၊ ခေါင်းစဉ်က “ဒီလောက အဆုံးတိုင်တော့မလား” ဖြစ်ပါတယ်။
◼ နောက်ဆုံးထုတ်နှစ်ချုပ်စာအုပ်ရဲ့ လုပ်ငန်းတော်နှစ်မှတ်တမ်းမှာ ဒါမှမဟုတ် နောက်ဆုံးစာမျက်နှာပါ လိပ်စာတွေမှာ သတ်သတ်မှတ်မှတ်မဖော်ပြထားတဲ့ နိုင်ငံတစ်ခုကို ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ခရီးသွားဖို့စီစဉ်တိုင်း ကျွန်ုပ်တို့သိဖို့လိုအပ်တဲ့သတိပေးချက် ဒါမှမဟုတ် လိုက်လျှောက်ဖို့လိုတဲ့အထူးညွှန်ကြားချက်တွေ ရဖို့အတွက် သင်တို့ရဲ့ဌာနခွဲရုံးကို ကျေးဇူးပြု၍ ဆက်သွယ်ပါ။ သင်သွားမယ့်နိုင်ငံက နိုင်ငံတော်လုပ်ငန်းကို ကန့်သတ်ပိတ်ပင်ထားတဲ့နိုင်ငံ ဖြစ်နိုင်တယ်။ (မ. ၁၀:၁၆) တချို့နိုင်ငံတွေမှာ ဒေသခံသက်သေခံတွေကို ဒါမှမဟုတ် အသင်းတော်တွေကို အဆက်အသွယ်မလုပ်ခြင်းက ပိုသင့်လျော်ပါလိမ့်မယ်။ အလွတ်သဘောသက်သေခံခြင်း ဒါမှမဟုတ် စာပေတွေသယ်ဆောင်သွားခြင်းနဲ့ပတ်သက်ပြီး တခြားညွှန်ကြားချက်တွေ ရရှိကောင်းရရှိပါလိမ့်မယ်။ ရရှိတဲ့ညွှန်ကြားချက်တွေကို သင်ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် သင်အပါအဝင် သင်သွားမယ့်နိုင်ငံမှာလုပ်ဆောင်နေတဲ့ နိုင်ငံတော်လုပ်ငန်းကို မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် တားဆီးရာရောက်ပါလိမ့်မယ်။—၁ ကော. ၁၄:၃၃၊ ၄၀။