လယ်ကွင်းလုပ်ငန်း ပေါ်လွင်ချက်များ
‘ဘုရားသခင့်နိုင်ငံတော်လာပါစေ’ ခရိုင်စည်းဝေးကြီးကို ရန်ကုန်မြို့မှာ အောက်တိုဘာ လကုန်ပိုင်းမှာ စတင်ကျင်းပခဲ့ပြီး တက်ရောက်သူ ၁,၇၃၅ ယောက် အစီအစဉ်ကနေ အကျိုးခံစားခဲ့ရပါတယ်။ ခရိုင်စည်းဝေးကြီး လက်ကမ်းဝေစာကို အင်တိုက်အားတိုက် ဝေငှခဲ့ကြတဲ့အတွက်ကြောင့် စည်းဝေးကြီးကို လူသစ်များစွာတက်ရောက်ခဲ့ကြတာ ဝမ်းသာစရာပါပဲ။ ကျင်းပခဲ့သမျှ ခရိုင်စည်းဝေးကြီးတွေထဲမှာ တက်ရောက်သူအများဆုံး ခရိုင်စည်းဝေးကြီးတစ်ခုဖြစ်ပြီး နှစ်ခြင်းခံသူ ၂၂ ဦး ရှိခဲ့ပါတယ်။