ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၁၂ စာ. ၁
  • “ဤသို့ပြုလျက်နေကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဤသို့ပြုလျက်နေကြလော့”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ကျွန်ုပ်တို့ရဲ့ ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြကြစို့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • အောက်မေ့ရာပွဲ ကျင်းပဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေး
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • သတိရအောက်မေ့ပွဲကို ရွှင်လန်းတဲ့စိတ်နဲ့ ပြင်ဆင်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နဓ ၃/၁၂ စာ. ၁

“ဤသို့ပြုလျက်နေကြလော့”

ဧပြီ ၅ ရက်နေ့မှာ ကျင်းပမယ့် အောက်မေ့ရာပွဲ

၁။ အောက်မေ့ရာပွဲကျင်းပဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁ ယေရှုက “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့” လို့ပြောပြီး မိမိရဲ့သေခြင်း အောက်မေ့ရာပွဲကျင်းပဖို့ နောက်လိုက်တွေကို မိန့်မှာခဲ့တယ်။ (လု. ၂၂:၁၉) ရွေးနုတ်ဖိုးကြောင့် ဖြစ်မြောက်အောင်မြင်ခဲ့ရာအားလုံးကို ထောက်ရှုကြည့်ရင် ခရစ်ယာန်တွေအတွက် နှစ်စဉ်ကျင်းပတဲ့ အောက်မေ့ရာပွဲထက် ပိုအရေးကြီးတဲ့၊ ပိုထူးမြတ်တဲ့ တခြားနေ့မရှိဘူး။ ဒီနှစ်အတွက် အောက်မေ့ရာပွဲနေ့ဖြစ်တဲ့ ဧပြီ ၅ ရက်နေ့ နီးလာတာနဲ့အမျှ ယေဟောဝါကို ကျွန်ုပ်တို့ ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လိုတင်ပြကြမလဲ။—ကော. ၃:၁၅။

၂။ အောက်မေ့ရာပွဲကို ကျေးဇူးတင်လေးမြတ်ကြောင်း လေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်းအားဖြင့် ဘယ်လိုတင်ပြနိုင်သလဲ။

၂ ပြင်ဆင်ပါ– အရေးကြီးတယ်လို့ ယူမှတ်ကြတဲ့အရာတွေအတွက် ကျွန်ုပ်တို့ ပြင်ဆင်လေ့ရှိတယ်။ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးနေ့ရက်တွေက အဖြစ်အပျက်တွေကို မိသားစုလိုက်ဖတ်ရှုပြီး တွေးတောဆင်ခြင်ခြင်းအားဖြင့် အောက်မေ့ရာပွဲအတွက် ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးကို ပြင်ဆင်နိုင်ပါတယ်။ (ဧဇ. ၇:၁၀) ပြက္ခဒိန်နဲ့ ကျမ်းစာကို နေ့စဉ်ဆန်းစစ်ပါ စာအုပ်မှာ ကျမ်းချက်တချို့ကို တွေ့ရပြီး ဖေဖော်ဝါရီ ၁၊ ၂၀၁၁ ကင်းမျှော်စင်၊ စာမျက်နှာ ၂၃-၂၄ မှာ ပိုပြည့်စုံတဲ့ကျမ်းချက်စာရင်းနဲ့ အကြီးမြတ်ဆုံးလူသားစာအုပ်က သက်ဆိုင်တဲ့အခန်းတွေကို ဖော်ပြထားပါတယ်။

၃။ အောက်မေ့ရာပွဲကို ကျေးဇူးတင်လေးမြတ်ကြောင်း ဟောပြောခြင်းလုပ်ငန်းအားဖြင့် ဘယ်လိုတင်ပြနိုင်သလဲ။

၃ ဟောပြောပါ– ဟောပြောခြင်းလုပ်ငန်းမှာ အတတ်နိုင်ဆုံးပါဝင်ခြင်းအားဖြင့်လည်း ကျွန်ုပ်တို့ရဲ့ ကျေးဇူးတင်လေးမြတ်မှုကို တင်ပြနိုင်ပါတယ်။ (လု. ၆:၄၅) အောက်မေ့ရာပွဲကို တခြားသူတွေပါတက်ရောက်ဖို့ ဖိတ်ခေါ်တဲ့ ကမ္ဘာချီကင်ပိန်းကို မတ် ၁၇၊ စနေနေ့ကနေ စတင်ပါမယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ပိုပါဝင်နိုင်အောင်၊ ဖြစ်နိုင်ရင် အရန်ရှေ့ဆောင်လုပ်နိုင်အောင် သင့်ရဲ့အချိန်ဇယားတွေကို ပြုပြင်ချိန်ညှိနိုင်မလား။ ဒီအကြောင်းကို လာမယ့်မိသားစုဝတ်ပြုမှုညချမ်းမှာ မိသားစုလိုက် ဆွေးနွေးကြည့်ရင် မကောင်းဘူးလား။

၄။ အောက်မေ့ရာပွဲကျင်းပခြင်းကနေ ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ။

၄ နှစ်စဉ်ကျင်းပတဲ့ အောက်မေ့ရာပွဲကို တက်ရောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ အကျိုးများစွာရရှိကြတယ်။ ရွေးနုတ်ဖိုးအဖြစ် မိမိရဲ့တစ်ပါးတည်းသောသားတော်ကိုပေးတဲ့ ယေဟောဝါရဲ့ရက်ရောမှုကို ပြန်ပြောင်းသုံးသပ်ရာကနေ ကိုယ်တော့်ကိုချစ်တဲ့မေတ္တာနဲ့ ရွှင်လန်းမှု တိုးများလာပါတယ်။ (ယော. ၃:၁၆; ၁ ယော. ၄:၉၊ ၁၀) အဲဒါက ကိုယ့်အတွက် အသက်မရှင်ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးတယ်။ (၂ ကော. ၅:၁၄၊ ၁၅) အဲဒီအပြင် ယေဟောဝါကို လူသိရှင်ကြား ချီးမွမ်းဖို့လည်း လှုံ့ဆော်ပေးတယ်။ (ဆာ. ၁၀၂:၁၉-၂၁) ယေဟောဝါကို ကျေးဇူးတင်လေးမြတ်တဲ့ ကျေးကျွန်တွေဟာ ဧပြီ ၅ ရက်မှာ အောက်မေ့ရာပွဲကျင်းပခြင်းအားဖြင့် ‘သခင်၏ အသေခံတော်မူခြင်းကို ကြွေးကြော်’ ရမယ့်အခွင့်အရေးကို စိတ်ထက်သန်စွာ စောင့်မျှော်နေကြပါတယ်။—၁ ကော. ၁၁:၂၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ