တန်ဖိုးနည်းတဲ့ ဒ င်္ဂါးနှစ်ပြား
ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံကြောင်းဖော်ပြနိုင်တဲ့ အရေးပါတဲ့နည်းတစ်ခုက ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် အလှူငွေ ထည့်ဝင်ခြင်းဖြစ်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့မှာ ပိုက်ဆံ သိပ်မရှိဘူးဆိုရင်ကော။
တစ်ခါက ယေရှုဟာ တန်ဖိုးနည်းတဲ့ ဒ င်္ဂါးနှစ်ပြားကို ဗိမာန်တော်အလှူငွေသေတ္တာထဲထည့်နေတဲ့ ဆင်းရဲတဲ့မုဆိုးမတစ်ဦးကို တွေ့ခဲ့တယ်။ ယေဟောဝါကိုချစ်တဲ့မေတ္တာကြောင့် သူမဟာ “ဆင်းရဲသော်လည်း အသက်မွေးရန်ရှိသမျှကို” ပေးလိုခဲ့တယ်။ (မာ. ၁၂:၄၁-၄၄) ဒီအလှူငွေဟာ ဘုရားသခင့်ရှေ့မှာ အလွန်အဖိုးထိုက်တယ်ဆိုတာ ယေရှုရဲ့ဖော်ပြချက်ကနေ သိနိုင်တယ်။ အလားတူပါပဲ၊ ပထမရာစုက ခရစ်ယာန်တွေဟာ အမှုဆောင်လုပ်ငန်းအတွက် ငွေကြေးထောက်ပံ့ဖို့က ချမ်းသာတဲ့သူတွေရဲ့ တာဝန်ဖြစ်တယ်လို့ မယူမှတ်ခဲ့ကြဘူး။ မက်ဆီဒိုးနီးယားကခရစ်ယာန်တွေဟာ “အလွန်ဆင်းရဲနွမ်းပါးလျက်ပင် . . . ထောက်ပံ့နိုင်ခွင့်ကို . . . အတန်တန် တောင်းဆိုကြ” တယ်ဆိုပြီး တမန်တော်ပေါလု ဖော်ပြခဲ့တယ်။—၂ ကော. ၈:၁-၄။
ဒါကြောင့် ကျွန်ုပ်တို့ဟာ ‘တန်ဖိုးနည်းတဲ့ ဒ င်္ဂါးနှစ်ပြား’ လောက်ပဲ ပါဝင်နိုင်မယ်ဆိုရင်တောင် မများတဲ့အလှူငွေတွေပေါင်းလိုက်ရင် များပြားတဲ့ ပမာဏရရှိစေတယ်ဆိုတာကို မှတ်ထားသင့်တယ်။ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးထဲကပေးကမ်းမှုဟာ ရက်ရောတဲ့ကောင်းကင်ဖခင်ကို စိတ်ကျေနပ်စေတယ်။ အကြောင်းကတော့ “စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်” လို့ပါပဲ။—၂ ကော. ၉:၇။