လယ်ကွင်းလုပ်ငန်းပေါ်လွင်ချက်များ
အုပ်ချုပ်ရေးအဖွဲ့ရဲ့ အထူးအစီအစဉ်တစ်ရပ်အနေနဲ့ ရန်ကုန်မှာဟောပြောခဲ့တဲ့ ဇုန်ကြီးကြပ်မှူးရဲ့ အထူးလုပ်ငန်းတော် ဟောပြောချက်ကို မြန်မာနိုင်ငံရဲ့ တခြားဒေသလေးခုဆီကို တယ်လီဖုန်းနဲ့ချိတ်ဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုက မြန်မာနိုင်ငံအတွက် ပထမဦးဆုံးလုပ်ဆောင်မှု ဖြစ်ပါတယ်။ အစီအစဉ်ကနေ တက်ရောက်သူစုစုပေါင်း ၂၅၁၈ ယောက် အကျိုးခံစားခဲ့ရပြီး ညီအစ်ကို၊ ညီအစ်မအားလုံးက ဒီအစီအစဉ်အတွက် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြခဲ့ကြပါတယ်။