ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၂၊ ဒီဇင်ဘာ ၃၁ ရက်မှာစတင်မယ့် အပတ်အတွင်းမှာ သုံးသပ်မှာဖြစ်တယ်။ လေ့လာသုံးသပ်တဲ့အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြထားတာက ပတ်စဉ်သင်တန်းအစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
၁။ ယောလ ၂:၁-၁၀၊ ၂၈ မှာမှတ်တမ်းတင်ထားတဲ့ ကျိုင်းကောင်ကပ်ဘေးနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် ဘယ်လိုပြည့်စုံခဲ့သလဲ။ [နို. ၅၊ က၀၇ ၁၀/၁ စ. ၁၃ ပိုဒ်. ၁]
၂။ အာမုတ် ၈:၁၁ က ဘယ်သူ့မှာ ပြည့်စုံခဲ့သလဲ။ ပုံဆောင်အစာအလျှံပယ်ရှိနေပေမဲ့ ကျွန်ုပ်တို့ကိုယ်ကိုယ် ဘာမေးခွန်းမေးသင့်သလဲ။ [နို. ၁၂၊ jd-E စ. ၆၀-၆၁ ပိုဒ်. ၉; က၀၄ ၁၁/၁၅ ၂၅ ပိုဒ်. ၂၁၊ ၂၂]
၃။ ဧဒုံလူမျိုးတွေ မာနကြီးရတဲ့အကြောင်းရင်းထဲမှာ ဘာလဲပါဝင်သလဲ။ ဘယ်အမှန်တရားကို ကျွန်ုပ်တို့ မမေ့သင့်သလဲ။ (ဩ. ၃၊ ၄) [နို. ၁၉၊ က၀၇ ၁၁/၁ စ. ၁၃ ပိုဒ်. ၆]
၄။ ယေဟောဝါဟာ နိနေဝေမြို့သားတွေအပေါ် အရင်ခြိမ်းတဲ့ဘေးဒဏ်ကို ဘာကြောင့် မပေးဘဲနေခဲ့သလဲ။ (ယောန ၃:၈၊ ၁၀) [နို. ၁၉၊ က၀၇ ၁၁/၁ စ. ၁၄ ပိုဒ်. ၁၃]
၅။ ဘုရားသခင့်နာမတော်နဲ့ လျှောက်လှမ်းခြင်းဆိုတာ ဘာအဓိပ္ပာယ်ရှိသလဲ။ (မိ. ၄:၅) [နို. ၂၆၊ က၀၃ ၈/၁၅ ၁၇-၁၈ ပိုဒ်. ၁၉]
၆။ နာဟုံ ၂:၆-၁၀ ရဲ့ ပြည့်စုံချက်က ကျွန်ုပ်တို့ကို ဘာစိတ်ချစေသလဲ။ [ဒီ. ၃၊ က၀၇ ၁၁/၁၅ စ. ၉ ပိုဒ်. ၂; က၈၈-E ၂/၁၅ စ. ၂၈ ပိုဒ်. ၇]
၇။ ဟဂ္ဂဲ ၁:၆ က ဘာအဓိပ္ပာယ်ရှိသလဲ။ ဘာသင်ခန်းစာ ရသလဲ။ [ဒီ. ၁၀၊ က၀၆ ၄/၁၅ စ. ၂၂ ပိုဒ်. ၁၂-၁၅]
၈။ “တစ်ယောက်ကိုတစ်ယောက် မကောင်းသောအကြံကိုမကြံကြနှင့်” ဆိုတဲ့ ဇာခရိ ၇:၁၀ မှာ မှတ်တမ်းတင်ထားတဲ့ အကြံပြုချက်ကို ကျွန်ုပ်တို့ ဘယ်လိုကျင့်သုံးနိုင်မလဲ။ [ဒီ. ၁၇၊ jd-E စ. ၁၁၃ ပိုဒ်. ၆; က၀၇ ၁၂/၁ စ. ၁၁ ပိုဒ်. ၂]
၉။ ဒီနေ့အချိန် ယေဟောဝါကိုဝတ်ပြုကိုးကွယ်နေသူတွေအတွက် ဇာခရိ ၄:၆၊ ၇ မှာပါတဲ့စကားတွေက ဘယ်လိုနှစ်သိမ့်မှု ဖြစ်စေသလဲ။ [ဒီ. ၁၇၊ က၀၇ ၁၂/၁ စ. ၁၀ ပိုဒ်. ၇]
၁၀။ မာလခိ ၃:၁၆ အရ ဘုရားသခင်အပေါ် ဆက်တည်ကြည်မယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့သန္နိဋ္ဌာန်ကို ဘာကြောင့် အားမနည်းစေသင့်သလဲ။ [ဒီ. ၃၁၊ က၀၇ ၁၂/၁၅ စ. ၂၉ ပိုဒ်. ၃]